တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်း အင်အား ၈၀ ခန့်ရှိတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီး အပါအဝင် ၈ ယောက် မျက်မြင်သေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက် နေ့လယ်ပိုင်းက ခမောက်ကြီးမြို့နယ်အတွင်း အင်အား ၈၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကော်မရှင်စစ်ကြောင်းဟာ လေးရွာနဲ့ ထူးဇုံဖြတ်လမ်းသို့ ဝင်ရောက်လာစဉ် တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၃ နာရီကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ ဗိုလ်မှူး ၁ ယောက်၊ ဗိုလ်ကြီး ၁ ယောက်နဲ့ တပ် ကြပ်ကြီး ၁ ယောက် အပါအဝင် ၈ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်က သေဆုံး စစ်သားအလောင်း ၁၈ လောင်းကို လေးရွာစာသင် ကျောင်းအနီး မီးရှို့ထားခဲ့တာကို မျက်မြင်တွေ့ရှိသူတွေထံက သိရကြောင်း ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

“၈ ကောင်သေတာက ရဲဘော်တွေ ကိုယ်တိုင်မျက်မြင်ပါ။ အလောင်းတွေ မီးရှို့ထားခဲ့တာတော့ သတင်းပြန်ရတာပေါ့။” လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကျားကြီးက မောင်းကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကော့သောင်းခရိုင် မဟာမိတ်ပူးပေါင်းအဖွဲ့ဖြစ်တဲ့ (KTLA) ဗိုလ်ချုပ်မြ အထူးတပ်ရင်း၊ ကော့သောင်းမြို့နယ် (ပကဖ) နှင့် ဘုတ်ပြင်းမြို့နယ် (ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံးကာ ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Video – ကော့သောင်းခရိုင် ပကဖ

0 Shares:
You May Also Like
Read More

စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်ပျက်စီး (ရုပ်/သံ)

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ ကို လက်နက်ကြီး ပစ်ခတ်မှုအတွင်း ရဲဘော်များ ပိတ်ဆို့တိုက်ခိုက်ခံရကာ ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရဲ့ မြေပြင်ဝေဟင်ပိတ်ဆို့ခံရပြီး ‌ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းကင်းမြို့နယ် သင်တောရွာအနီး စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၄ ယောက်သေပြီး ၁ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် သင်တောရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားနဲ့ ပျူစောထီး ၄ ယောက်သေကာ ၁ ယောက် ဖမ်းမိခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုထံက သိရပါတယ်။
Read More

ဂဠုန်စစ်ကြောင်းမှ ရဲဘော်ရဲမေတွေ အခြေခံစစ်သင်တန်း၊ ဆေးသင်တန်း၊ ဒရုန်းသင်တန်းနဲ့ ဆက်သွယ်ရေး ပညာရပ်များကို သင်ကြားပို့ချနေတဲ့ လှုပ်ရှားမှု မှတ်တမ်းရုပ်သံ

ဂဠုန်စစ်ကြောင်းမှ ရဲဘော်ရဲမေတွေရဲ့ ၂၀၂၂ခုနှစ်မှ၂၀၂၄ ခုနှစ်အတွင်း လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်ဝစေဖို့ စစ်ရေး၊ နိုင်ငံရေး အသိပညာတိုးပွားကျယ်ပြန့်စေရန် ရည်ရွယ်ပြီး အခြေခံစစ်သင်တန်း၊ ဆေးသင်တန်း၊ ဒရုန်းသင်တန်းနဲ့ ဆက်သွယ်ရေး ပညာရပ်များကို သင်ကြားပို့ချနေတဲ့ လှုပ် ရှားမှု မှတ်တမ်းရုပ်သံကို မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

နေပြည်တော် ခြောက်အိမ်စုရွာမှ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို KNDO နဲ့ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု တပ်ရင်းမှူးဒုဗိုလ်မှူးကြီးအပါအဝင် ၈ ယောက်သေဆုံး (ရုပ်/သံ)

နေပြည်တော် ပျဉ်းမနားမြို့နယ် ခြောက်အိမ်စုရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ကို နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက KNOD နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခလရ ၈၄ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး အပါအဝင် စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ KNDO တပ်ခွဲ ၄ထံက သိရပါတယ်။
Read More

ဝက်လက်မြို့ရဲစခန်းနဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့ ရဲစခန်းနဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို နိုဝင်ဘာ ၂၄ ရက်က ဒရုန်းနဲ့ ၆၀ မမ ဗုံးသီး ၄ လုံးနဲ့ ၈၁ မမ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့ထံက သိရပါ တယ်။