ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ရွာကို ဗုံးကြဲပြီးပြန်တဲ့ စစ်တပ် Gyrocopter တစ်စီး ပျက်ကျပြီး စစ်သား ၂ယောက် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနနဲ့ PDF တပ်ရင်း-၃ အာဠာဝကစစ်ကြောင်းတို့က အသီးသီး ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၆ရက် မနေ့က မနက်ပိုင်းမှာ ထိတွေ့တိုက်ပွဲမရှိဘဲ မန်ကျည်းကုန်းတောင်ရွာကို မုန်းမြို့အခြေစိုက် ခမရ (၅၉၀) ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ် Gyrocopter ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များ
စစ်တပ် Gyrocopter ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များ
စစ်တပ် Gyrocopter ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များ

အဲဒီနောက် နေ့လယ်ပိုင်းမှာ စစ်ကော်မရှင်တပ်က ကျေးရွာထဲက နေအိမ်တွေပေါ်ကို Gyrocopter ၂စီးနဲ့ ဗုံးသီး ၂လုံးကြဲချခဲ့တာကြောင့် အသက် ၅၅နှစ်အရွယ် ဦးမောင်ငယ် ဗိုက်ပွင့်ဒဏ်ရာနဲ့ သေဆုံးကာ နေအိမ်အဆောက်အအဦး ၆လုံးခန့် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဗုံးကြဲပြီး ပြန်သွားတဲ့ Gyrocopter ၂စီးထဲက ၁စီးဟာ အပြန်လမ်းမှာ ဖြူးမြို့နယ် တံခွန်တိုင်ရွာအနီး ပျက်ကျပြီး အဆိုပါ Gyrocopter ပေါ် လိုက်ပါလာတဲ့ အကြမ်းဖက်စစ်သား ၂ယောက်လုံး သေဆုံးသွားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်တပ် Gyrocopter ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များ
စစ်တပ် Gyrocopter ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များ

0 Shares:
You May Also Like
Read More

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲကနေ ဗိုလ်ကြီးအဆင့်အပါ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း ၁၀၀ ကျော် ရရှိ

ကချင်ပြည်နယ် ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း ၁၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ကြောင်း KIA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲနှင့် ယူနီဖောင်း တပ်ဆင်ခြင်းအခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲနဲ့ ယူနီဖောင်း တပ်ဆင်တဲ့ အခမ်းအနားကို အောက်တိုဘာလ (၉) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်များအကြား စစ်ကောင်စီက ပေါက်နှင့် စလင်းတွင် လေကြောင်းရော လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်နေ၊ အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ် ၁ဦး လက်နက်ကြီး ထိမှန်သေဆုံးပြီး လေကြောင်းရန် တိမ်းရှောင်နေရသူ ၈ ထောင်ကျော် ရှိ

နိုင်ငံတစ်ဝန်း ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီက မကွေးတိုင်း စလင်းမြို့နယ်နဲ့  စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေကြောင်း သိရပါတယ်။
Read More

မြိတ်ခရိုင်အတွင်း ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလော၊ မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာမှုတွေကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၂ က တိုက်တွန်းထားပါတယ်။
Read More

NUG လက်အောက်ရှိ ရှမ်းတောင်အထူးတပ်ဖွဲ့၏ အရာရှိငယ် (NCO) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှမ်းတောင်အထူးတပ်ဖွဲ့  (P.3-9702) က အရာရှိငယ် (NCO) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်မြို့နယ် ကြားကာလပညာရေးကျောင်းမှာ ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးတိုက်နယ်အတွင်း ဒီဇင်ဘာလ ၅ ရက်က ၂၀၂၄/၂၀၂၅ ပညာသင်နှစ်အတွက်  ပညာရည်ချွန်ဆုပေးပွဲကို ကြားကာလပညာရေးကျောင်း ၁ ကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။