မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်-ကံမ လမ်းပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ ရေနံ့သာရဲကင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘန်ကာ ၄လုံးအထိ သိမ်းပိုက်နိုင်ခဲ့ပြီး မြေပြင်အခြေအနေတွေကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။

အောက်တိုဘာလ ၆ ရက်၊ မနေ့မနက်အစောပိုင်းကစလို့ သရက်-ကံမလမ်းပိုင်း၊ ကံမမြို့နယ်အတွင်းမှာရှိတဲ့ ရေနံ့သာကျေးရွာရဲကင်းစခန်းကို သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ထိုးစစ်ဆင် စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရေနံ့သာရဲကင်းစခန်းကို အကြမ်းဖက် ၃ပွင့်ဗိုလ် ၁ယောက်က ဦးဆောင်ကာ အင်အား (၃၀)နီးပါးနဲ့ ကျလန်စည်းရိုးအထပ်ထပ်၊ အုတ်ဘန်ကာတွေအသုံးပြုပြီး အခိုင်အမာ တပ်စွဲထားတာဖြစ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အုပ်စု ထိခိုက်သေဆုံးတာတွေအပြင် တော်လှန်ရေးတပ်ဖွဲ့ဘက်မှာလည်း ထိခိုက်မှုတွေရှိခဲ့ပါတယ်။

အချိန် ၂နာရီခွဲကြာမြင့်ခဲ့တဲ့ ရေနံ့သာရဲကင်းစခန်းတိုက်ခိုက်မှုမှာ ရဲစခန်း ဘန်ကာ (၆)လုံးထဲက (၄)လုံးအထိ သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့ ကျန်တဲ့ (၂) လုံးကို ဆက်ပြီးရရှိဖို့ လုပ်ဆောင်နေချိန် လေကြောင်းရန်နဲ့ မြေပြင်အခြေအနေတွေကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

“ရေနံ့သာရဲကင်းစခန်းကို ပထမတစ်ကြိမ်တိုက်တုန်းက စခန်းမှူးတွေပါ ထွက်ပြေးတယ်။ အဲ့စခန်းမှူးလည်း ထောင်ချခံထားရတယ်။ အခုတခါတော့ မတူတော့ဘူး။ နောက်ပြီး ရဲစခန်းက ဒီလမ်းပိုင်းမှာလည်း အရေးပါတော့ သူတို့ပြန်လည်တပ်စွဲတဲ့အခါ အခိုင်အမာပြန်လည်တည်ဆောက်ပြီး နေတာပေါ့နော်။ တိုက်ပွဲက ကျနော်တို့ ထင်မှတ်ထားတာထက် ပိုပြင်းထန်သလို အချိန်ပိုကြာပါတယ်။ နောက်တစ်ခုက သူတို့ဘက် လေကြောင်းလာနိုင်တဲ့ အခြေအနေနဲ့ ကျနော်တို့ရဲ့အခြေအနေတွေကြောင့် ပြန်ဆုတ်ခဲ့လိုက်တဲ့သဘောပါ” လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်ဘက်က (၇) ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့သလို သရက်ခရိုင် တပ်ရင်း (၄) တပ်ဖွဲ့ဝင် ၂ ယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်၂ ယောက်ရဲ့ အလောင်းကိုလည်း ပြန်လည်သယ်ယူနိုင်ခဲ့ကြောင်းနဲ့ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း ကိုမြတ်က ပြောပါတယ်။

သရက်-မင်းတုန်းလမ်းပိုင်းပေါ်က သရက်အခြေစိုက် ကပစ (၁၂) ကို ပစ်ခတ််ခဲ့သည့် ရှော့တိုက်ဒုံး

ရေနံ့သာရဲကင်းစခန်းကို တိုက်ခိုက်နေတဲ့ တချိန်တည်းမှာပဲ သရက်-မင်းတုန်းလမ်းပိုင်းပေါ်က သရက်အခြေစိုက် ကပစ (၁၂) ကိုပါ ၁၂၀ မမ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်ရာ ၄ လုံး အောင်မြင်ခဲ့ကြောင်းနဲ့ ထိခိုက်မှုအခြေအနေတွေကို စုံစမ်းနေဆဲဖြစ်ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

ရှော့တိုက်ဒုံးတွေ စက်ရုံဝန်းအတွင်းကျရောက်ပေါက်ကွဲမှုကြောင့် အထိနာသွားတဲ့ စစ်အုပ်စုကလက်နက်ကြီးတွေ ပြန်လည် ရမ်းကားပစ်ခတ်ခဲ့ရာမှာ သရက်မြို့နယ်၊ ညောင်ပင်သာကျေးရွာနေ အမျိုးသမီးတစ်ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။

တစ်ဖက်မှာလည်း ရေနံသာရဲကင်းစခန်းဆီ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်နေချိန် စစ်အုပ်စုအနေနဲ့ သရက် ကပစ (၁၂) အပါအဝင် ကံမမြို့ကနေ အင်အားတွေစုဖွဲ့ပြီး ရေနံ့သာရဲကင်းစခန်းထဲရှိနေတဲ့ လက်ကျန် စစ်အုပ်စုအဖွဲ့ဝင်တွေကို ကုန်းလမ်း၊ ရေလမ်းတွေအသုံးပြုကာ ကယ်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ကြောင်းနဲ့ ကံမမြို့နယ်အတွင်းက ပုဇင်းနိမ့်ကျေးရွာနဲ့ အုပ်ပုံကျေးရွာတွေဆီ လက်နက်ကြီးတွေ ရမ်းကားပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူ အမျိုးသမီး (၃)ယောက်ထိမှန်ကာ (၁)ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်မှုကြောင့် ကံမမြို့နယ်၊ ဆုံကုန်းကျေးရွာနဲ့ သစ်ငုတ်တထောင်ကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး သရက်-ကံမ လမ်းပိုင်းက အရေးပါတဲ့ တံတား (၁) စင်း ပျက်စီးခဲ့ကြောင်း ကိုမြတ်က ပြောပါတယ်။

လက်ရှိအချိန်အထိ စစ်ရေးအခြေအနေတွေ ဆက်လက်တင်းမာနေတာကြောင့် သရက်-ကံမ လမ်းပိုင်းအသုံးပြုခွင့်ကိုလည်း ပိတ်ပင်ထားပြီး အရပ်သားတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေဆီ ခရီးသွားလာတာမျိုး မလုပ်သင့်သေးဘူးလို့လည်း သူကဆိုပါတယ်။

0 Shares:
You May Also Like
Read More

ရေဦးမှာ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီ ဗုံးကြဲ၊ ဗုံးကျတဲ့နေရာလွဲတာကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွါးနေခြင်းမရှိဘဲ စစ်တပ်က ပေါင် ၁၀၀ ဗုံး (၂) ကြဲချကာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အုတ်ဖိုမှာ စစ်ကောင်စီတပ် အင်အား ၃၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး၊ ကျေးရွာ ၁၀ ရွာနီးပါး တိမ်းရှောင်နေရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၁၀ ရွာနီးပါးက ပြည်သူတွေ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ အပတ်စဥ်(၅) အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲ ပြုလုပ်၊ အပတ်စဥ် (၄) သင်တန်းသားတွေက ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) မှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး ၁၂ ယောက် ကျဆုံးခဲ့

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training - TAOT) အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ (၁၅)ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘီလုံး (သို့မဟုတ်) စစ်ပွဲကပေးတဲ့ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ရင်း ရဲရင့်စွာ အသက်ပေးခဲ့သူ

"သူက စစ်တိုက်ချင်တာ ငယ်ငယ်လေးကတည်းက၊ ဘာရယ်တော့မဟုတ်ဘူး။ ယူနီဖောင်းဝတ်ရရင် ပျော်နေတဲ့သူမျိုး။ အိမ်ကလည်း အစကတည်းက မဟုတ်မခံစိတ်ရှိတဲ့ ညီမတို့စိတ်ဓာတ်တွေကို မနိုင်လို့ လွှတ်ပေးထားတာ။ မေမြို့မှာ ကျမက သပိတ်တွေလည်းလုပ်တော့ အရင်ပြေးရတယ်။ အဲ့တာ ကျမက အရင်ပြေးတော့ သူကနောက်ကလိုက်လာတာ"
Read More

မန္တလေး ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခံရ၊ ပစ်ခတ်မှုဖြစ်ပွားပြီး လူထိခိုက်မှုများ ရှိ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ဓားပြတွေကြား ပစ်ခတ်မှုဖြစ်ပွားကာ လူထိခိုက်မှုတွေရှိခဲ့ကြောင်း Voice Of Mandalay နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်ထံမှ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၇၀ ဦး ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇွန်လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဆီက အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၇၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။