ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ် ခမရ-၄၃၉ ကနေ သင်္ဘောကျွန်းကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အသက် ၆ နှစ်အရွယ် မောင်နာဒါသွေးနဲ့ အသက် ၄၀ နှစ်အရွယ် ဒေါ်အေးမွန်တို့ ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ်လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ပြည်သူတွေ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်တွေနဲ့ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ လေယာဥ်တွေသုံးကာ နေ့စဥ်ပစ်ခတ်နေတာကြောင့် ပြည်သူတွေဟာ ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်နေကြရတယ်လို့ KNU က ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကလည်း မူးမြို့နယ် အောင်ချမ်းသာကျေးရွာကို စစ်တပ် ခမရ-၅၉၀ ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူ ၁ယောက် ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁ လုံး ပျက်စီးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

Myanmar Defense Force က ကျဆုံးရဲဘော် ၃ ယောက်အတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း (Myanmar Defense Force) အနေနဲ့ တပ်ရင်းက ရဲဘော် ၃ ယောက် ကျဆုံး​​ခြင်းအတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း NUG စိုးမိုးနယ်မြေများမှာ ငလျင်ဘေး၊ မီးဘေးနဲ့ စစ်ဘေးသင့် ပြည်သူများကို ကုန်ခြောက်ရိက္ခာများ ထောက်ပံ့… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအတွင်းရှိ ငလျင်ဘေးသင့်၊ မီးဘေးသင့်နဲ့ စစ်ရှောင်ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်ကိုင်းမြို့နယ်အခွန်တော်အရာရှိနဲ့ တာဝန်ရှိသူတွေက ဆန်၊ ဆီနဲ့ ပဲတွေ ပေးပို့ထောက်ပံ့ပေးခဲ့တယ်လို့ NUG အစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်နဲ့ မန္တလေးအပါအဝင် နိုင်ငံတဝန်းက မြို့တွေမှာ ပံ့သကူအလှူနဲ့အတူ တော်လှန်ရေးသတင်းစကားတွေ ဖြန့်ဝေခဲ့…

ရန်ကုန်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံတဝန်းက မြို့တွေမှာ ပံ့သကူအလှူနဲ့ တော်လှန်ရေးသတင်းစကားတွေ ဖြန့်‌ဝေတဲ့ လှုပ်ရှားမှုကို တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ ၁၅ ရက် ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု - AJAY က ထုတ်ပြန်ထားပါတယ်။
Read More

NUG ဆက်သွယ်ရေး၀န်ကြီးဌာနနဲ့ Federal Wings လမ်းခွဲ

Federal Wings နဲ့ NUG ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းဆီသို့ ကမ်ပိန်းမှာ ပါဝင်ပေးဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဖိတ်ခေါ်…

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမှတ် (၁) စစ်ဒေသ ၊ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအတွက် သက်ကယ်ကျည်ကာ ထောက်ပံ့ဖို့ စစ်ကိုင်းဆီသို့ ရံပုံငွေရှာဖွေရေး ကမ်ပိန်းမှာ ပါဝင်ပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်ရုံးချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဒီနေ့ည ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဒီနေ့ ည ၈ နာရီခွဲဝန်းကျင်မှာ ဗုံးတွေ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။