အကြမ်းဖက်စစ်တပ် ရောက်လာမှာကို မလိုလားကြတဲ့ မိုးကုတ်မြို့နေပြည်သူတွေက နိုဝင်ဘာလ ၆ ရက် မနေ့ညပိုင်းမှာ မြို့လုံးကျွတ် သံပုံးတီး ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။

မနေ့ည ၈ နာရီအချိန်လောက်ကစလို့ မိုးကုတ်မြို့နေ ပြည်သူတွေရဲ့ သံပုံးတီးသံတွေ ထွက်ပေါ်နေတဲ့ ရုပ်သံဖိုင်ပျံ့နှံ့လာပြီးနောက် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း လူမှုကွန်ရက်မှာ မျှဝေထားကြပါတယ်။

စစ်အာဏာရှင်ကို မလိုလားကြောင်း ဆန့်ကျင်တဲ့ သံပုံးတီးရုပ်သံဖိုင်နဲ့ ပတ်သက်လို့ မန္တလေးသပိတ်ခေါင်းဆောင် ကိုတေဇာဆန်းက “ကျနော်တို့အနေနဲ့ ဒီရုပ်သံဖိုင်တွေကို တွေ့မြင်ရတဲ့အခါမှာ ၂၀၂၁ ခု ဖေဖော်ဝါရီလ စစ်အာဏာသိမ်းခါစအချိန်က လူထုလှုပ်ရှားမှုများကိုတောင် ပြန်ပြောင်း အောက်မေ့သတိရမိပါတယ်။ မိုးကုတ်ပြည်သူများဟာ စစ်အာဏာရှင်စနစ်ကို လုံးဝ ဆန့်ကျင်ကြောင်း၊ အာဏာသိမ်း စစ်အုပ်စုက မိုးကုတ်မြို့ထဲကို ပြန်လည်ဝင်ရောက်လာမှာကို လုံးဝ လက်မခံကြောင်း ဒီလူထုလှုပ်ရှားမှုကနေ ဖော်ထုတ်ပြသခဲ့ကြခြင်း ဖြစ်ပါတယ်။ ပြည်သူသာလျှင် အဓိကဖြစ်ပါတယ်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ ရေးသားမျှဝေထားပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY PDF) ခေါင်းဆောင် ကိုစိုးသူရဇော်ကလည်း “တော်လှန်ရေးရဲ့ အစ လူထုရဲ့ ပါဝင်မှုဟာ လေးနှစ်ကျော်ကာလ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် တပြားသားမှ မလျော့ဘဲ ဒီနေ့အထိ တော်လှန်ရေးစိတ်ဓာတ်တွေ ရှင်သန်နေဆဲဖြစ်ကြောင်း ဒီသံပုံးတီးသံတွေက ကမ္ဘာသိ မြန်မာသိ ပြသနေတဲ့ လူထုဆန္ဒအမှန်ဘဲ ဖြစ်ပါတော့တယ်။ ကြက်သီးမွေးညင်းထပြီး မျက်ရည်ပါလည်ရတဲ့ ပြည်သူ့ဆန္ဒဘဲ ဖြစ်ပါတယ်။ သေချာပါတယ်။ ရန်သူ စကမဟာ စစ်ရေးအရ နယ်မြေကို ပြန်ရချင်ရမယ် ပြည်သူလူထုရဲ့ နှလုံးသည်းခြေကို ဘယ်သောအခါမှ ရနိုင်မှာ မဟုတ်ပါဘူး။ အရိုင်းကြားက အင်မတန်လှပတဲ့ တော်လှန်ရေးဂီတသံဖြစ်ပါတယ်ခင်ဗျာ” ဆိုပြီးရေးသားထားပါသေးတယ်။

မိုးကုတ်မြို့ ညမြင်ကွင်းတစ်ခု

၁၀၂၇ စစ်ဆင်ရေးအတွင်း တအောင်းပြည်သူလွတ်မြောက်ရေးတပ် TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထားတဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်ထဲက မိုးကုတ်မြို့ကနေ တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ TNLA တပ်တွေ ပြန်လဆုတ်ခွာသွားဖို့ ရှိနေပါတယိ။

မြို့ကို အဓိက ထိန်းချုပ်ထားတဲ့ TNLA တပ်တွေ အခုလအတွင်း ဆုတ်ခွာပေးဖို့ရှိနေတာကြောင့် စစ်အုပ်စု ပြန်ဝင်လာမှာကို မလိုလားတဲ့ မြို့နေပြည်သူတွေက နွေဦးတော်လှန်ရေးအစ ဆန္ဒဖော်ထုတ်မှု ပြယုဂ်တစ်ခုဖြစ်တဲ့ သံပုံးတွေတီးပြီး စစ်အာဏာရှင်ကို ဆန့်ကျင်မောင်းထုတ်နေကြတာဖြစ်ပါတယ်။

မိုးကုတ်မြို့ကနေ TNLA တပ်တွေ ဆုတ်ခွာဖို့ရှိနေပေမယ့် MDY PDF အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတော့ စစ်အုပ်စုကို ဆက်လက်ခုခံကာ မြို့ကိုကာကွယ်သွားမယ်လို့ ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

အခြေခံစစ်သင်တန်းတက်ရင်း အမျိုးသမီး ၁ ဦး နှလုံးဖောက် သေဆုံး

မွန်ပြည်သစ်ပါတီကနေ သင်ကြားပို့ချပေးနေတဲ့ အခြေခံစစ်သင်တန်းမှာ တက်ရောက်နေတဲ့ မွန်အမျိုးသားကောလိပ် ကျောင်းသူ ၁ယောက်ဟာ သင်တန်းတက်ရောက်နေချိန် ကာလအတွင်းမှာပဲ နှလုံးဖောက် သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

AA ၏ ထိုးစစ်အောက် နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်သား ၂၃ ယောက်ကို CDF-Asho ဖမ်းမိ၊ လက်နက်ခဲယမ်းများပါ ရရှိ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မန္တလေးက မြို့နယ် ၇ ခုမှာ ၂ပတ်အတွင်း စစ်မှုထမ်းဥပဒေနဲ့ လူငယ် ၁၂၅ ယောက်ထက်မနည်း ဖမ်းဆီးခံရ

မန္တလေးတိုင်းက မြို့နယ် ၇ ခုမှာ ဒီဇင်ဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ၂ ပတ်တာကာလအတွင်း မြေပြင်သတင်းရင်းမြစ်တွေကို အခြေပြုချက်အရ စစ်မှုထမ်းဥပဒေနဲ့ မတရားဖမ်းဆီးခံထားရသူ လူငယ် ၁၂၅ ယောက်အထိ ရှိတယ်လို့ မန္တလေးသပိတ် အင်အားစုက ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ်က စိုးမိုးနယ်‌မြေအတွင်း လေကြောင်း၊ မိုင်းနဲ့လက်နက်ကြီးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ… (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်က စိုးမိုးနယ်‌မြေအတွင်းရှိ ကျေးရွာတွေမှာ စလင်းမြို့နယ်(ပ.က.ဖ)၊ဒု-တာဝန်ခံ(ပြည်သူ့ရေးရာ) နဲ့ ရဲဘော်တွေက တော်လှန်ရေးကာလ အသိပညာပေးစကားတွေ ဟောပြောအားပေးခဲ့ပြီး လေကြောင်း၊ မိုင်းနဲ့လက်နက်ကြီးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေ ပေးခဲ့တယ်လို့ စလင်းမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့် −ဆိပ်မူ လမ်းတစ်နေရာတွင် ပိန်းဥတူးနေသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်−ဆိပ်မူသွား လမ်းတစ်နေရာမှာ ပိန်းဥတူးနေတဲ့ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စလေမြို့တွင် ပျူစောထီးခေါင်းဆောင် ဘီယာသောက်နေစဥ် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့အဝင်က ဘီယာဆိုင်မှာ ဘီယာသောက်နေတဲ့ စလေပျူစောထီးခေါင်းဆောင် မိုးအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မကွေးခရိုင် အမှတ် (၁) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံက သိရပါတယ်။