မကွေးတိုင်း၊ သရက်ခရိုင်အတွင်းက သရက်-ကံမ လမ်းပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်ရေးအခြေအနေတင်းမာနေတာကြောင့် လမ်းပိုင်းအသုံးပြုခွင့်ကို ပိတ်ပင်ထားတယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်ရှိသူ ကိုမြတ်က မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၆ရက် မနေ့ကစလို့ အထက်ပါ သရက်-ကံမလမ်းပိုင်းကို နောက်ထပ်ကြေညာချက် မထုတ်မချင်း သွားလာခွင့်ပေးမှာ မဟုတ်ကြောင်းနဲ့ ကျန်းမာရေးကိစ္စ တစုံတရာရှိရင် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေကို ဆက်သွယ်ချိတ်ဆက်သတင်းပို့ရမယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သရက် -ကံမလမ်းပိုင်း၊ ကံမမြို့နယ်အတွင်းက ရေနံ့သာရဲစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေကြောင်းနဲ့ စစ်ရေးတင်းမာနေကြောင်း သိရပါတယ်။

ဧပြီလအတွင်း သရက်-ကံမလမ်းပိုင်းရှိ ရေနံသာရဲကင်းစခန်းအား သိမ်းပိုက်မီးရှို့နိုင်ခဲ့စဥ်က ပုံရိပ်တချို့

“လမ်းပိုင်းအသုံးမပြုခိုင်းတာက ဒီလမ်းပိုင်းမှာစစ်ရေးဖော်ဆောင်မှုတွေရှိနေတယ်။ အကြမ်းဖက်တပ်စခန်း၊ ရဲစခန်းတွေကို တိုက်ခိုက်နေတာတွေရှိပါတယ်။ နောက်ပြီး ဒီလမ်းပိုင်းအသုံးပြုတဲ့ ခရီးသွားပြည်သူတွေများလို့ ထုတ်ပြန်တာဖြစ်ပါတယ်။” လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်ရှိသူ ကိုမြတ်က မောင်းကိုပြောပါတယ်။

အဆိုပါ ရေနံ့သာရဲစခန်းဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းမီးရှို့ထားတဲ့ စခန်းလည်း ဖြစ်ပါတယ်။

ဧပြီလအတွင်း သရက်-ကံမလမ်းပိုင်းရှိ ရေနံသာရဲကင်းစခန်းအား သိမ်းပိုက်မီးရှို့နိုင်ခဲ့စဥ်က ပုံရိပ်တချို့
0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ ဌာနချုပ်တပ်စခန်း ဆုံးရှုံးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ရဲ့ ဌာနချုပ်တပ်စခန်းကို ဆုံးရှုံးခဲ့ရတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရတဲ့ ခလရ ၂၈၅ က စစ်သား(၂)ဦး တနင်္သာရီမြို့နယ် ပကဖ ဆီ လက်နက်မဲ့အလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ရင်းက စစ်သား (၂) ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်နှင့် တရုတ် AI အသုံးချရေး နက်ရှိုင်းစွာ လုပ်ဆောင်မည်ဟု ဆို

အကြမ်းဖက်စစ်ကော်မရှင်ဟာ တရုတ်ထံက နည်းပညာ အကူအညီများစွာ ရယူနေပြီး အခုအခါမှာ AI အပါအဝင် ဒစ်ဂျစ်တယ်နည်းပညာအသစ်တွေ အသုံးချနိုင်ရေးအတွက် နက်ရှိုင်းစွာ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်ကော်မရှင်လက်အောက် သိပ္ပံနှင့် နည်းပညာဝန်ကြီး အောင်ဇေယျ အဖွဲ့နဲ့ ကွမ်ရှီးကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr. Chen Gang တို့တွေ့ဆုံမှာ အခုလို ပြောဆိုခဲ့တာပါ။
Read More

မှော်စီစာကျေးရွာတွင် အချဉ်ပေါင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ SKY Hotel ရှေ့မှာ အချဥ်ပေါင်းရောင်းတဲ့ အမျိုးသားတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ ရဲ ၅ ဦး သေ

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် အမှတ် ၃၁၉ မိုင်မှာ ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းက စစ်အုပ်စုနဲ့  ပြည်သူ့ကာကွယ်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဆင်တလင်းရွာတွင် စစ်အုပ်စုစခန်းကို တိုက်ခိုက်ရာ ဒုရဲအုပ် ရဲလွင်အပါ စစ်ကော်မရှင်တပ်သား ၁၈ ဦး သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်စခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ဒုရဲအုပ်အပါ ၁၈ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ပကဖ ရွှေတန်းမြေတပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။