ဒီနေ့မှာကျရောက်တဲ့ ကရင်ပြည်နယ်နေ့ နှစ် (၇၀) ပြည့်အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ကရင်လက်နက်ကိုင်အဖွဲ့တချို့အပါအဝင် စစ်တပ်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကို ပြစ်တင်ပြောဆိုလိုက်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အမှန်တရားကို မျက်ကွယ်ပြုပြီး အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတာကြောင့် အရင်က တည်ငြိမ်ခဲ့တဲ့ ကရင်ပြည်နယ်ဒေသတချို့မှာ တည်ငြိမ်အေးချမ်းမှုမရှိတဲ့ ပြည်သူတွေ ဆင်းရဲဒုက္ခခံနေရတယ်လို့ နေ့စဥ်နဲ့အမျှ လေကြောင်းဗုံးကြဲတိုက်ခိုက်နေတဲ့ လက်သည်တရားခံ မင်းအောင်လှိုင်က ပြောပါတယ်။

ဒါ့အပြင် လွတ်လပ်ရေးရပြီးနောက် ကိုလိုနီနယ်ချဲ့ရဲ့ သွေးခွဲအုပ်ချုပ်မှုကြောင့် အထင်အမြင်လွဲမှားကာ ကရင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့အတူ ဒီနေ့အချိန်ထိ မတည်မငြိမ်ဖြစ်နေတာလို့လည်း သူက ပြောခဲ့ပါသေးတယ်။

တစ်ဖက်မှာလည်း စစ်ကော်မရှင်က ကရင်ပြည်နယ်နေ့ နှစ် (၇၀) ပြည့် အခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပခဲ့ပြီး စစ်တပ်နဲ့ အပစ်အခတ်မရှိ လက်တွဲနေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တချို့ရဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

အဲဒီပွဲကို ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ဒုစစ်ဦးစီးချုပ် စောရွှေဝနဲ့ KNU/KNLA PC ဒုဥက္ကဋ္ဌဒေါက်တာ နော်ကပေါ်ထူးတို့အဖွဲ့တွေ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူများကို ကျန်းမာရေးအသိပညာပေးကာ ချို့တဲ့သူများကို ငွေကြေးထောက်ပံ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူတွေကို အလှူရှင်တွေကိုယ်စား ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ကျန်းမာရေး အသိပညာပေး ဟောပြောပေးခြင်း၊ အခမဲ့ဆေးဝါးကုသမှုပေးခြင်း၊ ငွေကြေးထောက်ပံ့မှုပေးခြင်းတွေကို သွားရောက် ခွန်အားပေးရင်း ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-ကျောက္ကာလမ်းပိုင်းတွင် ၁ လကျော်ကြာ ဝင်ရောက်နေသည့် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ စစ်ရေးဆက်လက်တင်းမာနေ…

" အစပိုင်း သူတို့စစ်ကြောင်းဝင်လာချိန်မှာ ဖြစ်ခဲ့တဲ့ ထိတွေ့မှုတွေမှာ အသေအပျောက်များပါတယ်။ ဒါပေမယ့် အင်အားတွေ ထပ်ဖြည့်ပြီး ၄၀၀ ကျော်လောက်နဲ့ ထိုးလာတဲ့အချိန်မှာတော့ ကျွန်တော်တို့ ပြောက်ကျားပဲ တိုက်နိုင်ခဲ့ပါတယ်။ စက်တင်ဘာ ၁၆ ရက်မှာတော့ သူတို့အထိုင်ချဖို့ ကြံရွယ်နေတဲ့ ရွှေဂူနီ ဘုရားအနီးကို ဝင်တိုက်ခဲ့ပါတယ်။ ​ဒါပေမယ့် လိုအပ်ချက်တွေ ရှိခဲ့တဲ့အတွက် ရည်မှန်းချက်ကို မရောက်ခဲ့ရတာ ပြည်သူလူထုကို လွန်စွာ အားနာမိပါတယ်" လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

KIA ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်ကို ရွှေကူမြို့အနီး တောတွင်းတစ်နေရာမှာ ရှာဖွေတွေ့ရှိ၊ ရဟတ်ယာဥ်ပေါ်ပါသူ အကုန် သေဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူလာတဲ့ ရဟတ်ယာဉ် ၃ စီးကို KIA တပ်ဖွဲ့က ဒီကနေ့ ပစ်ခတ်ခဲ့ရာ ၂ စီး ထိမှန်ကာ၊ ၁ စီး ပျက်ကျသွားခဲ့တယ်လို့ သိရှိရပြီး၊ အဆိုပါ ပျက်ကျသွားတဲ့ ရဟတ်ယာဥ်ကို ရွှေကူမြို့နယ် စည်ငန်းရွာအနောက်ဘက် တောထဲမှာ တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ညောင်ပင်သာရွာက ဒေသခံ ၃ယောက် လယ်ကွင်းထဲမှာ မိုးကြိုးပစ်ခံရပြီး ၁ ယောက် သေဆုံး

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ညောင်ပင်သာရွာက လယ်သမား ၃ယောက် လယ်ကွင်းထဲအသွားမှာ မိုးကြိုးပစ်ခံရတာကြောင့် အမျိုးသားတစ်ယောက် သေဆုံးပြီး ကျန်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ကတော့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
Read More

စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်နှင့် နောင်ချိုမြို့နယ်များမှာ အပစ်ရပ်ထားသည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဟု MDY-PDF ထုတ်ပြန်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွေမှာ ယာယီအပစ်ရပ် ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ခဲ့ရသူ အယောက် ၁၀၀၀ ကို ကမ်းရိုးတန်း ဘတ်တံဆိပ်တွေတပ်ပေးပြီး ရှေ့တန်းပို့

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ မတရားစစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ခဲ့ရတဲ့ တပ်သားသစ် အယောက် ၁၀၀၀ ကို ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) က ကမ်းရိုးတန်း ဘတ်တံဆိပ်တွေ တပ်ပေးပြီး စစ်ဆင်ရေးနယ်မြေတွေဆီ ပို့လိုက်တယ်လို့ နတခ နဲ့ နီးစပ်သူတွေထံက သိရပါတယ်။