ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်တပ်က ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးဖက်ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှု လုပ်လာနိုင်တာကြောင့် အဆိုပါ လမ်းမကြီးကို ဒီနေ့ နိုဝင်ဘာလ ၆ ရက်ကစပြီး ဖြတ်သန်းသွားလာခြင်းမပြုဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်လိုက်ပါတယ်။

ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ ကျေးရွာဘက်က စစ်ကော်မရှင်တပ်တွေဟာ နိုဝင်ဘာလ ၃ ရက်နေ့ကစလို့ ထားလဲဘက်ကို မျက်နှာမူပြီး စစ်ကြောင်းထိုး လှုပ်ရှားမှုတွေ ပြန်လည်ပြုလုပ်လာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေကြောင်းလည်း KNDF က အသိပေးထားပါတယ်။

အခုလို စစ်ရေးအခြေအနေတွေကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီး အပါအဝင် လမ်းမကြီးအပေါ် ဖြတ်သန်းသွားလာရတဲ့ လမ်းသွယ်တွေအားလုံးကို နိုဝင်ဘာလ ၆ ရက်နေ့ကစပြီး အသုံးပြုသွားလာခြင်း မပြုလုပ်ဖို့နဲ့ ရက်အကန့်သတ်မရှိ ပိတ်ထားမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်တပ်က ကရင်နီပြည် ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်တို့မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေအပေါ် ဒရုန်းနဲ့ ဗုံးကြဲမှုတွေ ရည်ရွယ်ချက်ရှိရှိ ဆက်တိုက် လုပ်ဆောင်ခဲ့တာကြောင့် ပြည်သူတွေ စစ်ရေးအသိ သတိနဲ့ သွားလာနေထိုင်ကြဖို့လည်း နိုဝင်ဘာ ၃ ရက်မှာ KNDF က ထုတ်ပြန်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း လက်ပစ်ဗုံးကို ခုန်အုပ်ကာ ရဲဘော်ရဲဘက်များအတွက် အသက်ပေးသွားသည့် တပ်စိတ်မှူး ဘီလုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ရန်သူ့လက်ပစ်ဗုံးဝင်ရောက်လာမှုကို ခုန်အုပ်ကာ ရဲဘော်တွေအတွက် အသက်စွန့် ကာကွယ်ပေးသွားတဲ့ တပ်စိတ်မှူး ရဲဘော် ဘီလုံးကို အင်းတော်မြို့မှာပဲ သ​ဂြိုလ်ပြီးစီးခဲ့ကြောင်း ကျန်ရစ်သူမိသားစုဝင်က မောင်းကိုပြောပါတယ်။
Read More

ရန်ကုန်တွင် နိုဝင်ဘာလတစ်လအတွင်း အရပ်သား ၁၀၀ ကျော်ကို စစ်ကော်မရှင် ဖမ်းဆီး

ရွေးကောက်ပွဲအတုကို ဝေဖန်တာ၊ မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးတာနဲ့ ပေါ်တာဆွဲတွေအပါအဝင် နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်းထဲမှာ လူပေါင်း ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး၊ စစ်မှုထမ်းကျောင်းနဲ့ အကျဥ်းထောင်တွေဆီ ပို့ဆောင်ခံရသူ အယောက် ၂၀နီးပါး အထိရှိခဲ့ကြောင်း Rangoon Scout Network ရဲ့အဆိုအရ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ မတရား ဖမ်းဆီးတဲ့ဖြစ်စဥ်တွေကို လစဥ်ဖော်ပြနေတဲ့ Rangoon Scout Network ရဲ့ ပြောကြားချက်အရ ရန်ကုန်မြို့မှာ နိုဝင်ဘာလတစ်လထဲမှာပဲ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရသူ စုစုပေါင်း ၁၁၄ ယောက်အထိရှိခဲ့ပြီး အဲ့ဒီထဲက ၄၃ယောက်သာ ပြန်လည်လွတ်မြောက်လာကြောင်း သိရပါတယ်။
Read More

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးမဟာမိတ်အဖွဲ့များကို တော်လှန်ရန်ပုံငွေ မျှဝေခြင်း အခမ်းအနား ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးရန်ပုံငွေတွေကို ပြန်လည်မျှဝေခြင်း အခမ်းအနားတရပ်ကို Zoom Platform မှတဆင့် ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လတာမှာ အကြမ်းဖက်စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၅၃ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အဓမ္မဖိအားပေးမှုများကြောင့် ကြိုတင်မဲပေးရသည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူ သုံးသောင်းနီးပါးထိရှိလာ

စစ်အုပ်စုရဲ့ရွေးကောက်ပွဲကော်မရှင်အပါအဝင် သက်ဆိုင်ရာကျောင်းတွေက အဓမ္မဖိအားပေးလို့ ကြိုတင်မဲပေးရသူ ကျောင်းသား၊ ကျောင်းသူ သုံးသောင်းနီးပါးရှိတယ်လို့ ယနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာများရဲ့ဖော်ပြချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခဲ့ရတဲ့ကျောင်းသားအများစုဟာ အလုံ၊ ဒဂုံမြို့သစ် ( မြောက်ပိုင်း)၊ ထားဝယ်၊ မြိတ်၊ ကျွန်းစု၊ စဉ့်ကိုင်၊ လောင်းလုံ၊ လယ်ဂျာ၊ ကွယ်ဟိန်း၊ ပင်းတယ အစရှိတဲ့မြို့တွေကဖြစ်ကြောင်းနဲ့ အခြားမြို့တွေဆီကလည်း ပါဝင်ကြောင်း စစ်အုပ်စုအာဘော်သတင်းတွေမှာ ဖော်ပြထားတာပါ။
Read More

မြင်းခြံ – နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းဆုတ်လာတဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး စစ်ကြောင်းမှူးအပါ ၁၃ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံ-နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းပြန်ဆုတ်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူးအပါအဝင် စစ်သား ၁၃ယောက် သေဆုံးကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။