စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းတွေ ခွဲထိုးရင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေသလို အရပ်သား အယောက် ၄၀ နီးပါးကိုလည်း ဓားစာခံလုပ် ဖမ်းဆီးထားတယ်လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာလအစမှာ ဝက်လက်မြို့နယ်အနောက်ခြမ်း၊ ရွာသာကြီးကျေးရွာအထိုင် စစ်အုပ်စုတွေဆီ စစ်ကိုင်းအခြေစိုက် ခြေမြန်တပ်မ ၃၃ ကနေ Mi17 ရဟတ်ယာဥ် ၃ စီးနဲ့ စစ်အင်အားတွေ ရောက်ရှိလာခဲ့သလို ဆားတောင်မြို့ပေါ်က ထွက်လာတဲ့ စစ်ကြောင်း၁ကြောင်းနဲ့လည်း မောက္ကဒီးရွာမှာ ပေါင်းစည်းမိကြတယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာ ပေါင်းဆုံသွားတဲ့ စစ်အုပ်စုတွေဟာ ကျေးရွာတွေထဲ စစ်ကြောင်းတွေ ခွဲထိုးရင်း အရပ်သားတွေကိုဖမ်းဆီးတာ၊ ရမ်းကားပစ်ခတ်တာနဲ့ နေအိမ် မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုဖမ်းဆီးထားတဲ့ မောက္ကဒီးကျေးရွာက အရပ်သား အယောက် ၄၀ ကျော်ထဲမှာ သက်ကြီးပိုင်းတချို့ကလွဲလို့ ကျန်တဲ့သူတွေ လွတ်မြောက်လာတာမျိုး မရှိသေးဘူးလို့လည်း Wetlet Informational Network တာဝန်ရှိသူက ပြောပါတယ်။

ဆားတောင်မြို့ပေါ်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းရဲ့ ရမ်းကားပစ်ခတ်မှုကြောင့်လည်း လှထွေကျေးရွာနေ အရပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“စစ်ကြောင်းတွေက ရွာသာကြီးထဲပေါင်းပြီး အင်အား ၁၅၀ လောက်ကို အရှေ့ဘက် ထုံးဘိုကို တစ်ကြောင်း ၊ မြောက်ဘက် တမာကုန်း၊ တံတားဦးကို တစ်ကြောင်းခွဲထွက်တယ်။ ခွဲထွက်ပြီး မီးတွေရှို့ခဲ့ပါတယ်” လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရွာသာကြီး ကျေးရွာကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်း ၂ခုဟာ နိုဝင်ဘာလ ၅ရက်၊ မနေ့က မနက်ပိုင်းမှာ ထုံးဘို၊ ရွာတော်ကုန်း၊ တမာကုန်းနဲ့ တံတားဦး အစရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်အနောက်ခြမ်း ကျေးရွာများအား စစ်အုပ်စု မီးရှို့ဖျက်ဆီးနေစဥ် (ဓာတ်ပုံ Wetlet Informational Network)

ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာလည်း ထုံးဘိုရွာကိုရောက်ရှိနေတဲ့ အင်အား ၁၀၀ ကျော်ပါ ရွာသာကြီးအထိုင်စစ်ကြောင်းဟာ တံတားညီနောင်နဲ့ မူးကြီးရွာတွေကို ထပ်မံမီးရှို့ရင်း အရှေ့ဘက်ဆီ ဆက်လက်ထွက်ခွာနေတယ်လို့ Wetlet Informational Network က ဖော်ပြပါတယ်။

တဆက်တည်းမှာပဲ နယ်မြေချင်းထိစပ်နေတဲ့ ရွှေဘိုမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ဒီနေ့မနက်အပိုင်းမှာ ဘုံဘွတ်ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြောင်း သိရပါတယ်။

မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ ဝက်လက်မြို့အနောက်ခြမ်း ရွာသာကြီးကျေးရွာတဝိုက်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ပြီးခဲ့တဲ့လကစလို့ စစ်ရေးတင်းမာနေပြီး စစ်အုပ်စုက လေကြောင်းကတဆင့် ဗုံးတွေဆက်တိုက်ကြဲခဲ့သလို မြေပြင်ကနေလည်း အခုလိုအင်အားတွေဖြည့်ကာ အရပ်သားကျေးရွာတွေပါမချန် မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကြောင်းတွေကြောင့် ဝက်လက်အနောက်ခြမ်းကျေးရွာတွေဟာ ရေရှည်စစ်ရှောင်နေရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကလည်း ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ဖို့ ကြိုးစားတဲ့ ဆားတောင်မြို့ပေါ်က အကြမ်းဖက်စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာတွေရှိခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ရှေ့တန်းရောက် ရဲဘော်များအတွက် အသက်ကယ် စစ်ပစ္စည်းများ သွားရောက်ပေးအပ် (ဓာတ်ပုံသတင်း)

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ရှေ့တန်းစစ်မြေပြင်ကို ရောက်ရှိနေတဲ့ ရဲဘော်တွေအတွက် အသက်ကယ် စစ်အသုံးအဆောင်ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်သာမြို့မှာ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ အနောက်ဘက်က ရွာတွေကို စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၀ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
Read More

နောင်ချို PDF တပ်ဖွဲ့မှာ တာဝန်ထမ်း‌ဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ပြည်သူ့ပန်းတိုင်က ငွေကြေး ထောက်ပံ့ကူညီ

ရှမ်းပြည်မြောက်ပိုင်းက နောင်ချို ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (နောင်ချို PDF) မှာ တာဝန်ထမ်းဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားပြီး KNLA ဆီ အလင်းဝင်သွားတဲ့ စစ်သား ၂ ဦးကို ပြန်ရှာရန် လာသည့် အကြမ်းဖက်စစ်တပ် ရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သား ၂ ယောက်ကို ပြန်ရှာဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်က ဝင်းဝ ကျေးရွာနေ ဒေသခံ အမျိုးသားကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗျူဟာအမှတ် (၈၁) – ယောဗျူဟာကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအကြိမ် လက်နက်တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဂန့်ဂေါခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈) တပ်ရင်းတွေနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာကို ဒုတိယအကြိမ်အဖြစ် လက်နက်တွေ တပ်ဆင်ပေးတဲ့ လက်နက်တပ်ဆင်ပွဲ အခမ်းအနားကို ယောနယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖြူးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးကာ ၁ ယောက် ပြင်းထန်ဒဏ်ရာရ…

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးကာ ၁ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၂)စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။