ကချင်ပြည်နယ်၊ ဖားကန့်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၅ ရက် မနေ့က ည ၁၀ နာရီခွဲလောက်မှာ သေနတ်သံတွေ ကြားခဲ့ရပြီး နိုဝင်ဘာ ၆ ရက် ဒီနေ့မနက်မှာတော့ အမည်မသိ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို မရှီကထောင်ရပ်ကွက်မှာတစ်လောင်း၊ ယူမာကျေးရွာမှာတစ်လောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ် ။

“ဖားကန့်ကျောက်စိမ်းတွင်းဒေသ၊ ယူမာကျေးရွာနဲ့ မရှီကထောင်ရပ်ကွက်မှာ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ အမျိုးသားနှစ်ဦးရဲ့ အလောင်းကိုတွေ့တာပါ၊ အဲဒီဘက်အများစုက စစ်ကော်မရှင်နေရာယူထားတဲ့နေရာပါ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ အမျိုးသား ၂ ယောက်ဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း မသိရသလို ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ ဖြစ်တဲ့အတွက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ကပဲ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဖားကန့်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုး မရှိပေမယ့် ညဘက်တွေမှာတော့ ပစ်ခတ်သံအချို့ ကြားရတတ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကော်မရှင်တပ် လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့က ဖားကန့်မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ကင်းစောင့် ပျူစောထီးကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်းရာ မျှော်စင်ပေါ်မှ ပြုတ်ကျသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာ ပျူစောထီးစခန်းက ကင်းစောင့် ၁ ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်ရာ သေဆုံးသွားတယ်လို့ MPLမြောက်ပိုင်းဇုန်  (မြိုင်-ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင် အမျိုးသမီးစစ်မှုထမ်းသင်တန်း ကြိတ်ပေးနေတာ ၂ လကြာပြီ ဖြစ်

အမျိုးသမီးတွေပါဝင်တဲ့ စစ်မှုထမ်းအပတ်စဥ် (၁) သင်တန်းစတင်နေတာ ၂လ ကျော်ရှိနေပြီဖြစ်ပြီး သတင်းပေါက်ကြားမှုမရှိအောင် စစ်ကော်မရှင်က တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ Myanmar Defense & Security Institute - MDSI အဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။
Read More

စစ်ကောင်စီက လူငယ်တွေကို အပျော်အပါးနဲ့ ဖျက်ဆီးကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက ပျော်ပါးခွင့် အပြည့်ပေးထားကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

တနင်္သာရီမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ရိက္ခာကားတန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ယောက်ခန့် သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ရိက္ခာပို့ကားတန်းကို  ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ  စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် (ပကဖ) ဆီက သိရပါတယ်။
Read More

တောင်သာနှင့် သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၊ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ တောင်သာမြို့နယ်တို့မှာ စစ်ကောင်စီက နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဗုံးခိုကျင်းတွေ အသုံးပြုကြဖို့ ဒေသတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
Read More

စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြိုတိုက်ခိုက်ခံရ​၊ ၆ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ပဲခူးတိုင်းအစပ်က စစ်ရှောင်ကျေးရွာတွေကို ဖောက်ထွင်းပြန်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၆ယောက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။