လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရင် ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းမှာ ဖြစ်သလို ထောင်ဒဏ်ပါ ကျခံရမယ်လို့ ချင်းပြည်ကောင်စီ (CC) ကနေ ဒီနေ့ နိုဝင်ဘာလ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ချင်းပြည်ကောင်စီက အကြမ်းဖက်စစ်ကော်မရှင်ကနေ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ချင်းလူမျိုးအမည်ခံ နိုင်ငံရေးပါတီတည်ထောင်တာတွေ၊ ချင်းပြည်အတွင်း ပါတီရုံးဖွင့်လှစ်တာတွေ မလုပ်ဖို့ တားမြစ်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားရင်လည်း ဒီကြေညာချက်ကို ထုတ်ပြန်တဲ့နေ့ကစပြီး နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်မှာဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်းမှာ နိုင်ငံရေးပါတီတခုခုရဲ့ ကိုယ်စားလှယ်လောင်းဖြစ်စေ၊ တသီးပုဂ္ဂလဖြစ်စေ ရွေးကောက်ပွဲကို ယှဉ်ပြိုင်ခြင်းမပြုဖို့နဲ့ မဲဆွယ်စည်းရုံးတာတွေ၊ ဟောပြောတာတွေ၊ စာတမ်းဖြန့်ဝေတာတွေကိုလည်း မပြုလုပ်ကြဖို့ တားမြစ်ထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းက ကျင်းပသည့် ပထမဆုံးအကြိမ်ချင်းပြည်ကောင်စီ ညီလာခံကို ဗစ်တိုးရီးယားစခန်းတွင် ကျင်းပစဉ် (ဓာတ်ပုံ ချင်းပြည်ကောင်စီ)

အထက်ပါ တားမြစ်ချက်တွေကို ဖောက်ဖျက်ရင် ဖောက်ဖျက်ကျူးလွန်သူဟာ ပြစ်မှုထင်ရှားရင် ထိုသူရဲ့ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ်သိမ်းဆည်းမှာ ဖြစ်သလို ထောင်ဒဏ် ၃နှစ်ကနေ ၅နှစ်အထိ ဒါမှမဟုတ် ကျပ်ငွေ ၁၀ သိန်းကနေ ကျပ်သိန်း ၂၀ အထိ ဒါမှမဟုတ် ပြစ်ဒဏ် ၂ရပ်လုံးကို ကျခံစေမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ စစ်ဘေးရှောင်နေတဲ့ ချင်းပြည်သူတွေနဲ့ ချင်းပြည်အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန္ဒပေးခြင်းမပြုဖို့ကိုလည်း ချင်းပြည်ကောင်စီကနေ ကြေညာထားပြီး ဖောက်ဖျက်ရင် ထောင်ဒဏ် ၁နှစ်ကနေ အများဆုံး ထောင်ဒဏ် ၃နှစ်အထိ ဒါမှမဟုတ် ကျပ်ငွေ ၅ သိန်းကနေ ကျပ် ၁၀ သိန်းအထိ ဒါမှမဟုတ် ပြစ်ဒဏ် ၂ရပ်လုံးကို ကျခံစေမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေ၊ ချင်းပြည်ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းတွေကို ဖောက်ဖျက်ကျူးလွန်သူတွေကို သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း ကြေညာချက်ပါ အချက်တွေနဲ့ အညီ အရေးယူသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကူမရတာကြောင့် စစ်ကောင်စီတပ်များ ဆုတ်ခွာတော့မည်ဟု သတင်းထွက်နေသည့် ညောင်ကျိုးစခန်း 

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်း နယ်စပ်မှာရှိတဲ့ ညောင်ကျိုးစခန်းကို စစ်ကောင်စီတပ်တွေက စစ်ကူ ထပ်မပို့နိုင်တော့တာကြောင့် အဲဒီစခန်းကို လက်လွှတ်လိုက်တော့မယ် အခြေအနေ ဖြစ်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အပတ်စဉ် (၂/၂၀၂၄) ရဲ့ အခြေခံပညာစစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲကို ရှေ့တန်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
Read More

အပစ်မရပ်ခင် နောက်ဆုံးလတွင် TNLA ထိန်းချုပ်ဒေသများအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၉ ဦး သေဆုံး၊ ၇၁ ဦး ဒဏ်ရာရကာ နေအိမ် ၁၇၉ လုံး အပါအဝင် များစွာ ပျက်စီးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သံဃာတော်တွေအပါအဝင် ပြည်သူ ၄၉ ယောက် သေဆုံးခဲ့ပြီး ၇၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့ ရွှေဘုန်းရှိန်ဗလီမှာ ဝတ်ပြုနေချိန် ငလျင်လှုပ်လို့ ပြိုကျပြီး လူအသေအပျောက်များ

မန္တလေးတိုင်း၊ ရွှေဘုန်းရှိန်ဗလီမှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်ကာ ပြိုကျပျက်စီးခဲ့မှုကြောင့် လူအသေအပျောက်များတယ်လို့ သိရပါတယ်။
Read More

မိတ္ထီလာမှာ သားအမိ ၂ ယောက် နေအိမ်အတွင်း အသတ်ခံရ၊ ကျူးလွန်သူ ၃ ဦးမှာ အသက် ၂၀ ဝန်းကျင်ဖြစ်ပြီး ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီး

မန္တလေးတိုင်းက အကြမ်းဖက်စစ်တပ်စိုးမိုးထားတဲ့ မိတ္ထီလာမြို့ပေါ်က နေအိမ်တစ်အိမ်မှာ သားအမိနှစ်ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။