မကွေးတိုင်း၊ ပေါက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုထဲက စစ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး ကပစ ၂၂ ကနေ အင်အားအများအပြားနဲ့ ထွက်လာတဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၃ ရင်းထဲက ခမရ ၁၀၉ တပ်သားတစ်ယောက်နဲ့ ခမရ ၄၁၉ တပ်သားတစ်ယောက်ကို အရှင်ဖမ်းမိခဲ့တာဖြစ်ပါတယ်။

အဆိုပါ စစ်ကော်မရှင် တပ်သား ၂ ယောက်ထဲက ၁ ယောက်ဟာ နိုဝင်ဘာ ၁ ရက်နေ့မှာ ခြေထောက်နာနေတဲ့အတွက် စစ်ကြောင်းကနေ ကျန်နေခဲ့တာဖြစ်ပြီး ကျန်တဲ့တစ်ယောက်ကတော့ စစ်ကြောင်းကနေ ထွက်ပြေးလာခဲ့တာလို့ သိရပါတယ်။

“ကျနော်တို့က ပြည်သူတွေကို ရှောင်ခိုင်းရတယ်။ ရှောင်ခိုင်းပြီးတဲ့အချိန်မှာ သူတို့ ညအိပ်ပြီးတော့ မနက်မိုးလင်းတဲ့အချိန်မှာ တစ်ယောက်ကတော့ လူစုကွဲပြီး ကျန်နေခဲ့တာ။ နောက်တစ်ယောက်ကတော့ လမ်းမှားပြီး ကျန်နေခဲ့တယ်။ အဲ့အချိန်မှာ ကျနော်တို့ ရပ်ကျေးပကဖ ကင်းအဖွဲ့တွေနဲ့ တွေ့တာပေါ့နော်။ တွေ့ပြီးတော့ ကျန်ောတို့ သူတို့ကို ကောင်းကောင်းမွန်မွန်ပဲ ခေါ် ယူခဲ့တယ်” လို့ ပေါက်မြို့နယ် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖမ်းမိတဲ့ စစ်ကော်မရှင် တပ်သား ၂ ယောက်ထံက RPG ၁ လက်၊ အဖူး ၄ဖူး။ MA 4 ၁လက်၊ ၄၀ မမ အသီး ၁၂ လုံးနဲ့ လက်ပစ်ဗုံး ၂ လုံး၊ 5.56 ကျည် ၁၀၀  တောင့်နဲ့ G3 ကျည် ၁၉ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“သူတို့ပါလာတဲ့ ပစ္စည်းတွေ သိမ်းပြီးတော့ သူတို့ကို ကောင်းကောင်းမွန်မွန်ထားထားတယ်။ ကျနော်တို့ လောလောဆယ်မှာတော့ စောင့်ကြည့်ပုံစံမျိုးနဲ့ပဲ ထားထားတယ်။ ကျနော်တို့ သတ်မှတ်ထားတဲ့ အချိန်ကာလ ကျော်လွန်သွားရင် သူတို့လည်း နေထိုင်မှုစနစ်မှန်တယ်။ သူတို့ကိုယ်တိုင်က တော်လှန်ရေး စိတ်ဝင်စားတယ်၊ တော်လှန်ရေးသမားတွေနဲ့ပဲ အတူတူရှိတဲ့ ပုံစံဖြစ်နေတဘ်ဆိုရင်တော့ ကျနော်တို့ သူတို့လုပ်ချင်တဲ့ လုပ်ငန်းလေးတွေ ကျနော်တို့ လုပ်ပေးမှာပေါ့။ မိသားစု ခေါ်ပေးဆိုလည်း ခေါ်ပေးမှာပေါ့နော်” လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံ စစ်ကော်မရှင်တပ်သား ၂ ယောက်မှာ တစ်ယောက်က စစ်မှုထမ်းဖို့အတွက် မဲပေါက်ခဲ့သူဖြစ်ပြီး ကျန်တဲ့တစ်ယောက်ကတော့ အလုပ်က ပြန်လာချိန် ပေါ်တာဆွဲခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချပြီး ဒရုန်း၊ ဟောင်ဝေဇာများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချပြီး ဒရုန်း၊ ဟောင်ဝေဇာတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နွေဦးတော်လှန်ရေးကာလအတွင်း ရွှေဘိုပကဖ ရဲ့ ၄ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ (ဓာတ်ပုံသတင်း)

မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက် မနေ့က ရွှေဘိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဟာ နွေဦးတော်လှန်ရေးအတွင်း (၄)ကြိမ်မြောက်အဖြစ် သက်ကြီးပူဇော်ပွဲ ပြုလုပ်ကာ ​ကုသိုလ်ယူခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြဝတီမြို့ အမှတ် (၃) ရပ်ကွက် မီးလောင်မှု နေအိမ် ၁၀ လုံးနဲ့ လူနေတန်းလျား ၁၆ ခန်း ပျက်စီးဆုံးရှုံး

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၃)ရပ်ကွက်မှာ ဇန်နဝါရီ ၁၅ ရက် မနေ့က ည ၇နာရီကျော်မှာ မီးလောင်မှုဖြစ်ပွါးပြီး လူနေအိမ် ၁၀ လုံးနဲ့ လူနေတန်းလျား ၁၆ ခန်း ပျက်စီးဆုံးရှုံးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
Read More

လက်ပံလှရွာထဲ ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှရွာထဲကို အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ ပစ်ခတ်တဲ့ ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း Wetlet Informational Network ထံက သိရပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ဗုံးကြဲမှုကြောင့် ၁ နှစ်ကျော်အရွယ် ကလေးငယ် ဒဏ်ရာရကာ မိခင်ဖြစ်သူ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး ၁ နှစ်ကျော်အရွယ် သားဖြစ်သူကတော့ ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

တိုင်းရင်းသားအရေး၊ နိုင်ငံရေးအကြောင်းပြချက်တွေနဲ့ စစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်တွေက အခွင့်ရေးယူ တိုက်ခိုက်နေတယ်လို့ မင်းအောင်လှိုင်ကဆိုပြန်

တိုင်းရင်းသားအရေး၊ နိုင်ငံရေး အကြောင်းပြချက်တွေနဲ့ စစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်တွေက အခွင့်ကောင်းယူတိုက်ခိုက်နေတာလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။