မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ သံဘိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ယောက် သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၅ ရက် မနေ့ည ၈ နာရီကျော်လောက်မှာ မိတ္ထီလာ ရှမ်းတဲလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဟာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး ဒေသခံ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်သူတစ်ယောက်သေတယ်။ ဒဏ်ရာရသူ မရှိဘူးဗျ။ နေအိမ် ထိခိုက်ပျက်စီးတာတော့ ရှိတယ်။ သေဆုံးသွားသူက သံဘိုရွာသားပဲ။ သူတို့ဘာကြောင့်ကြဲလဲဆိုတော့ သူတို့လည်း ထင်ရာကြဲနေတာ.. ထိတွေ့မှုလည်း မရှိဘူး။ ရှောင်တခင်ကြဲတာ” လို့ တောင်သာပကဖ တပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

သံဘိုကျေးရွာဟာ မကြာခဏဆိုသလို ဂျက်ဖိုက်တာတွေ၊ စက်တပ်လေထီးတွေနဲ့ လာရောက်ဗုံးကြဲခံနေရတာကြောင့် ဒေသခံတွေက ပုန်းခိုကျင်းတွေ တူးထားကြပြီး လေကြောင်းတိုက်ခိုက်ချိန် ရှောင်တိမ်းခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူ နည်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒေသခံတွေတော့ မရှောင်တိမ်းရပါဘူး။ ရှောင်တခင်လာပြီးတော့ ဗုံးကြဲတာဆိုတော့ လေကြောင်းရန်အနေနဲ့ ပုန်းခိုကျင်းက အိမ်တိုင်းအိမ်တိုင်း ရှိကြတာဆိုတော့ အဲ့ဒါကြောင့်လည်း အထိအခိုက် နည်းကြတာပေါ့။ ထိခိုက်သေဆုံးသွားတဲ့ တစ်ယောက်ကလည်း ရှောင်တိမ်းချိန် မမှီလိုက်လို့ ဖြစ်မှာပါ” လို့ အထက်ပါ တပ်ဖွဲ့ဝင်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း တောင်သာမြို့နယ် ရုံးပင်ကျေးရွာ ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် သေဆုံးပြီး ၂ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းနဲ့အတူ စစ်အာဏာသိမ်းမှုအတွင်း နိုင်ငံသားတွေရဲ့ စွန်လွှတ်အနစ်နာခံမှုကို အမှတ်ရနေမယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်း ထုတ်ပြန်ပြောဆို

အမေရိကန်၊ ဗြိတိန်နဲ့ အိန္ဒိယအပါအဝင် နိုင်ငံတကာက မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်လိုက်ပြီး စစ်အာဏာသိမ်းမှုအတွင်း မြန်မာပြည်သူပြည်သားတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေအပေါ် အမှတ်ရနေမှာဖြစ်ကြောင်း အသီးသီး ထုတ်ပြန်ပါတယ်။
Read More

တောင်ရင်းရွာ ၁၄ မိုင်လမ်းဆုံအနီး စစ်တပ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၆ ဦးအထိ တိုးလာနေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

တိုက်ပွဲအသစ်တွေ ဆက်လက်ဖော်ဆောင်ပြီး စစ်အာဏာရှင်ကို ဖြုတ်ချဖို့ MDY-PDF တပ်သားသစ်တွေခေါ်ယူနေ

မန္တလေးဒေသမှာ နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MDY-PDF က တပ်သားအသစ်တွေ လက်ခံခေါ်ယူနေပြီလို့ ဒီနေ့ နို၀င်ဘာ ၂၂ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

လေလံတင်တိုင်း ဝယ်သူမရှိသည့် သမိုင်းဝင် ခြံအမှတ် ၅၄ ကို စျေးထပ်လျှော့ပြီး ရောင်းဦးမည်

၃ကြိမ်တိုင် လေလံတင် ရောင်းချခဲ့ရာ ဝယ်ယူသူမရှိခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်ကို ကျပ်ငွေ (၂၇၀) ဘီလျံနဲ့ ထပ်မံဈေးလျှော့ ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြလိုက်ပါတယ်။
Read More

တာဝန်ရပ်စဲခံခဲ့ရသည့် ကနီမြို့နယ် လျှပ်စစ်စွမ်းအင် ဆောက်လုပ်ရေးတာဝန်ခံဟောင်း ကိုကျော်ဇေထွန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က လာရောက်ဖမ်းဆီး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကနေ တာဝန်ရပ်စဲခံခဲ့ရတဲ့ ကနီမြို့နယ် လျှပ်စစ် စွမ်းအင် ဆောက်လုပ်ရေးတာဝန်ခံ ကိုကျော်ဇေထွန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ငလျင်ဒဏ် အကြီးအကျယ်ခံထားရတဲ့ မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးသည်းထန်စွာရွာပြီး လေပြင်းများတိုက်ခတ်

ငလျင်ဒဏ် အကြီးအကျယ်ခံထားရတဲ့ မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးသည်းထန်စွာရွာပြီး လေပြင်းများ တိုက်ခတ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။