ပုပ်ရဟန်းမင်းကြီး လီယိုက စစ်ဘေးဒုက္ခတွေ ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေကို ကမ္ဘာက သတိပြုမိစေဖို့အတွက် တိုက်တွန်းစကား ထပ်မံပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၅ရက် မနေ့က ဗာတီကန် စိန့်ပီတာရင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ ဝတ်ပြုဆုတောင်းပွဲအတွင်း ပုပ်ရဟန်းမင်းကြီးက အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ဒါဟာ ဒုတိယအကြိမ် ဆုတောင်းစကားဆိုခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ဆုတောင်းပွဲတုန်းကလည်း ပုပ်ရဟန်းမင်းကြီးက မြန်မာပြည် စစ်ပွဲတွေ ရပ်တန့်ကာ ငြိမ်းချမ်းရေးကို ရှာတွေ့နိုင်စေဖို့ ဆုတောင်းပေးခဲ့ပါသေးတယ်။

“ကမ္ဘာ့နေရာဒေသအသီးသီးမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဆင်းရဲဒုက္ခရောက်နေသူတွေအတွက် ဆုတောင်းပွဲမှာ အတူပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ အထူးသဖြင့် မြန်မာပြည်အကြောင်း ကျနော့်အတွေးထဲမှာ ရှိနေပါတယ်။ မြန်မာပြည်သူတွေကို မေ့မထားကြဖို့၊ လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီပေးကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းပါတယ်” ပုပ်ရဟန်းမင်းကြီး လီယိုက ပြောကြားခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ဘေးဒဏ်ကြောင့် မြန်မာပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အသက်အိုးအိမ် ဆုံးရှုံးမှု၊ အတင်းအကြပ် ပြောင်းရွှေ့ခံရမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေအတွက် စိုးရိမ်ပူပန်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာမှာ ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား ၁၀၀ ကျော်သွားပြီ

မြန်မာပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) ကနေ လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား ၁၀၁ ယောက်ရှိသွားပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက အသိပေးထုတ်ပြန်ပါတယ်။
Read More

ခက်ခဲဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို ဖေးမကူညီမည်ဟု ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပြော

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြန်မာနယ်စပ်ကို လျှပ်စစ်ဓာတ်အား ချက်ချင်းဖြတ်တောက်ဖို့ ထိုင်းဒုဝန်ကြီးချုပ် ပြော

မြန်မာနယ်စပ်ဒေသကို ထိုင်းရဲ့ လျှပ်စစ်ဓာတ်အားပေးဝေမှု ယနေ့ဖြတ်တောက်မယ်လို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ဖေဖော်ဝါရီလ ၄ ရက်မှာ ပြောပါတယ်။ 
Read More

BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနက  ထိုင်းရှေ့ချုပ်ရုံးဆီ လျှောက်ထား

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က သက်သေတွေနဲ့အတူ ထိုင်းရှေ့နေချုပ်ရုံးကို မတ်လ ၃ ရက် ဒီနေ့မှာ တင်သွင်းလိုက်ပြီလို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

မြန်မာပြည်၏ ကာလရှည်အကျပ်အတည်းကြောင့် နိုင်ငံဖြတ်ကျော်မှုခင်းများ ပိုဆိုးလာကြောင်း ထိုင်း ပြော

မြန်မာနိုင်ငံမှာ မတည်မငြိမ်ဆက်ဖြစ်နေမယ်ဆိုရင် နိုင်ငံဖြတ်ကျော်မှုခင်းတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ထိုင်းအရာရှိတစ်ယောက်က ပြောဆိုကြောင်း Free Malaysia Today သတင်းက မေလ ၂၆ ရက်မှာ ပြောပါတယ်။ 
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ငြင်းပယ်၊ NUG နှင့် CRPH သာ ပြည်သူလူထုကိုယ်စားလှယ်ဟု ဥရောပသမဂ္ဂပါလီမန် သတ်မှတ်

လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အကြမ်းဖက်စစ်တပ် ကျင်းပဖို့ ပြင်ဆင်နေတဲ့အတုအယောင်ရွေးကောက်ပွဲကို ဥရောသမဂ္ဂပါလီမန်က ငြင်းပယ်လိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထပ်မံအသိအမှတ်ပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။