အကြမ်းဖက်စစ်တပ်ဟာ ကရင်နီဒေသကို အငတ်ဘေးကြုံလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်‌ဆောင်နေကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်ကော်မရှင်တပ်က ကရင်နီပြည်နယ်မှာ ပြည်သူတွေနဲ့ စစ်ရှောင်တွေ စိုက်ပျိုးသီးနှံ မရိတ်သိမ်းနိုင်စေဖို့၊ စားနပ်ရိက္ခာ ပြတ်လပ်စေဖို့ ရည်ရွယ်ချက်နဲ့အတူ စိုက်ကွင်းတွေကို လက်နက်ကြီးပစ်ခတ်တာ၊ စိုက်ပျိုးသီးနှံ ရိတ်သိမ်းနေတဲ့ ပြည်သူတွေကို ဒရုန်းနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသတွင်း စိုက်ပျိုးရေး ဧရိယာတွေကို အင်အားအလုံးအရင်းနဲ့ ဦးတည် စစ်ကြောင်းထိုးမှုကြောင့် သီးနှံ စိုက်ပျိုးမှုတွေ လျော့နည်းလာပြီး လုံခြုံရေးအန္တရာယ်ကြောင့် စိုက်ပျိုးထားတဲ့ သီးနှံတွေကို မရိတ်သိမ်းနိုင်တဲ့ အခြေအနေကိုလည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။



စပါးရိတ် ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်ခံရခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးခံရခြင်း၊ လူမဆန်စွာ နှိပ်စက်ခံရခြင်းတွေကြောင့် ပြည်သူတွေအနေနဲ့ စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းဖို့ အသက်လုံခြုံရေးအန္တရာယ်ကို စိုးရိမ်နေရပြီး မိသားစုဝမ်းရေးအတွက် စိုးရိမ်ကြောင့်ကြမှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရ လမ်းကြောင်းတွေကို ဦးတည်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်တွေ ဝင်ငွေရရှိမှု ရပ်တန့်ခြင်း၊ မိသားစု စားဝတ်နေရေးအတွက် စိန်ခေါ်မှုတွေ ရင်ဆိုင်ရခြင်းနဲ့အတူ ကရင်နီဒေသမှာ ရှေ့လျှောက် အငတ်ဘေး ကြုံတွေ့လာနိုင်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မြောက်ဒဂုံ မြို့နယ်ထွေအုပ်ရုံးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး လက်ပစ်ဗုံး ၂ လုံးစီ ပစ်သွင်းတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်ရှိ မြို့နယ်ထွေအုပ်ရုံးနဲ့ ယာဥ်ထိန်းရဲတပ်ဖွဲ့ရုံးကို လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Operation Flame တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန် လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၃၀ ဦးထက်မနည်း သေပြီး တပ်ရင်းမှူးအပါ ၁၀ ဦးခန့်ဒဏ်ရာရ…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးဖို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား အယောက် ၃၀ ထက်မနည်း သေဆုံးပြီး တပ်ရင်းမှူးအပါအဝင် ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) က ဒီနေ့မှ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ မီးလောင်ဗုံးများကြောင့် လင်မယားနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် သေဆုံး၊ ဒဏ်ရာပြင်းထန်တဲ့ ၁၀ တန်းကျောင်းသားလည်း ထပ်မံသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကန်ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန်နဲ့ ဆေးကုသနေရသူ ၃ ယောက်ရှိကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို​ ပြောပါတယ်။
Read More

ဗန်းမော်မြို့ပေါ်က နေရာသုံးနေရာမှာ အဓိကတိုက်ပွဲတွေ ပြင်းထန်နေ၊ မြို့ရဲ့နေရာအများစုကို KIA က စတင်ထိန်းချုပ်

KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲမှာ နေရာ သုံးနေရာမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

လစဉ်ဆက်ကြေးကောက်ပြီး ပြန်လာသည့် ရဲကားကို ပကဖ ကြားဖြတ်တိုက်ခိုက်၊ စခန်းမှူးနှင့် ဗိုလ်အဆင့်ရှိသူ ၂ယောက်သေပြီး တပ်ကြပ်ကြီး အပြင်းအထန် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ လုပ်ငန်းရှင်တွေဆီက လစဥ်ကြေးကောက်ပြီး ပြန်လာတဲ့ ရဲကားကို လမ်းပိုင်းတစ်နေရာကနေ အသင့်စောင့်ကြိုတိုက်ခိုက်ရာ စခန်းမှူးနဲ့ ဗိုလ်အဆင့်ရှိသူ ၂ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံအင်းဘီလူးက မောင်းကို ပြောပါတယ်။
Read More

နောင်ချိုမြို့မစျေးအတွင်း စစ်ကောင်စီတပ်က ဒီနေ့မနက် လေယာဥ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ရာ တစ်ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟယ Y-12 လေယာဥ်နဲ့ နောင်ချို့မြို့အတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့ ညစျေးတန်း၊ မြို့မစျေးနဲ့ စျေးရပ်ကွက် နယ်မြေ(၄) တို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။