မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုဂိတ်စခန်းကို RPG အပါ လက်နက်ငယ်တွေနဲ့ စီးနင်းတိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး ၁ ယောက် အပါအဝင် စစ်သား၊ ရဲနဲ့ ပျူစောထီး ၈ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၇) တပ်ရင်း (Zero ပြောက်ကျားတပ်ဖွဲ့) ခေါင်းဆောင် ကိုသက်ကြီးက မောင်းကို ပြောပါတယ်။

နိုဝင်ဘာ ၄ ရက်၊ မနေ့ နေ့လယ်ပိုင်းမှာ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာက အကြမ်းဖက်စစ်အုပ်စုဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရင်း မိနစ်၂၀ ကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ရဲ၊ စစ်သားနဲ့ ပျူစောထီးတွေ ပုန်းခိုနေတဲ့ ဂိတ်ဘန်ကာကို Zero ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်ပေါ့ဘာက RPG နဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ဘန်ကာကိုထိမှန်ခဲ့တာကြောင့် စစ်အုပ်စုတွေ လွှင့်စင်တဲ့အထိ အထိနာသွားတယ်လို့ ကိုသက်ကြီးက ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်အုပ်စုတွေဆီက လက်နက်ဝင်ကောက်ဖို့ ကြိုးစားချိန်မှာတော့ လယ်သစ်ကျေးရွာစစ်အုပ်စုဂိတ်နဲ့ ၂မိုင်သာ ဝေးတဲ့ မြင်းခြံအခြေစိုက် ခမရ (၁၅) တပ်ကနေ အကြမ်းဖက် စစ်ကား (၃) စီး စစ်ကူထွက်ရှိလာတာကြောင့် တပ်ဖွဲ့ဝင်တွေ အန္တရာယ်ကင်းအောင် အမြန်ဆုတ်ခွာခဲ့ရတယ်လို့ သူက ဆိုပါတယ်။

အဲ့လို ဆုတ်ခွာနေချိန်အတွင်း အကြမ်းဖက်စစ်တပ်သတင်းပေး ဒလန် (၂)ယောက်ကိုလည်း တော်လှန်ရေးတပ်တွေ လက်ရဖမ်းဆီးနိုင်ခဲ့ပြီး သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ထံ အပ်နှံလိုက်တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ရဲ၊ စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုများပြားပြီး လယ်သစ်ရွာ အုပ်ချုပ်ရေးမှူး ငမင်း (ခေါ်) ကိုမင်းဆိုသူလည်း နေရာတင် သေဆုံးသွားတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီစစ်ဆင်ရေးမှာ  မြင်းခြံခရိုင် တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့နဲ့အတူ ရွှေကန်သားစစ်ကြောင်း (မြင်းခြံမြို့နယ် ပကဖ) တို့ပူးပေါင်းပြီး စစ်သူကြီး (ဒေါင်းစစ်သည် – zero – column – 5)က စစ်ကြောင်းမှူးအဖြစ် ဆောင်ရွက်ခဲ့ကြောင်းနဲ့ ရန်ကုန်အကြီးကောင်စစ်ကြောင်း(၁) ၊ ရွှေကန်သားစစ်ကြောင်း (၂) တို့က စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာလ ၄ရက် အဲ့ဒီနေ့မနက်ပိုင်းမှာ Zero ပြောက်က်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း(၁) နဲ့ မြင်းခြံခရိုင် ပကဖ ပူးပေါင်းစစ်ကြောင်းက မြင်းခြံတောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စု အထိုင်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သေးကြောင်းနဲ့ လက်တလော သတင်းထုတ်ပြန်ဖို့တော့မရှိသေးကြောင်း ကိုသက်ကြီးက ပြောပါတယ်။

“အထွေအထူးကတော့ မှတ်ချက်ပြုစရာမရှိပါဘူး။ တော်လှန်ရေးပြီးဆုံးတဲ့အထိ သွားမယ်။ ပြည်သူအကူအညီပြုသလို အားကောင်းရင်ကောင်းသလို တိုက်ပွဲဝင်သွားပါမယ်။” လို့ မြင်းခြံခရိုင်အမှတ်(၇) တပ်ရင်း (Zero ပြောက်ကျားတပ်ဖွဲ့) ခေါင်းဆောင် ကိုသက်ကြီးက မောင်းကို ပြောပါတယ်။

 တော်လှန်ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ပွဲဝင်နေစဉ် (ဓာတ်ပုံ ကိုသက်ကြီး)

0 Shares:
You May Also Like
Read More

DMO Local PDF တပ်ရင်း ၂ မှ အသက် ၂၆ နှစ်အရွယ် ဒုတပ်ရင်းမှူး၏ ဈာပန

ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) ရဲ့ တပ်ရင်း (၂) ဒုတပ်ရင်းမှူး ဟင်နရီလုအောင်ရဲ့ စျာပနအခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

KNDF ဗျူဟာ (၆) စစ်သင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဗျူဟာ အမှတ် (၆) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၃ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရခိုင်ပြည်နယ်က တရုတ်စီမံကိန်း ၁၀ ခုကို AA ထိန်းချုပ်ထား အာရက္ခတပ်တော် AA ခေါင်းဆောင်တွေကို တရုတ်နိုင်ငံက အသိအမှတ်ပြု ဖိတ်ကြားတော့မှာလား

ရခိုင်ပြည်နယ်မှာ တရုတ်စီမံကိန်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို အာရက္ခတပ်တော် (AA) ကန ထိန်းချုပ်ထားကြောင်းကို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ရှော့တိုက်ဒုံးများ ပစ်ခတ်ခံရမှုကြောင့် ရေတာရှည်ရဲစခန်းနှင့် ကြံ့ခိုင်ရေးရုံး ထိခိုက်ပျက်စီး၊ လူ ၃၀ ထက်မနည်း ထိခိုက်သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့မရဲစခန်းအပါအဝင် စစ်အုပ်စု လက်ပါးစေရုံးတွေကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ အယောက်၃၀ထက်မနည်း ထိခိုက်သေဆုံးပြီး ရဲစခန်းနဲ့ ကြံ့ခိုင်ရေးရုံး ထိခိုက်ပျက်စီးသွားကြောင်း Black Leopard UG အဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြောင့် ပြည်သူတွေ လုံခြုံမှုမရှိတော့ဘူးလို့ မင်းအောင်လှိုင် ပြော

စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေ ကြောင့် ပြည်သူတွေဟာ လုံခြုံမှုနဲ့ တည်ငြိမ်မှု လုံး၀မရှိတော့ဘူးလို့ ပြောကြားလိုက်ပါတယ်။
Read More

ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူပေးမယ့် စစ်ကောင်စီထောက်တိုင်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းမှာ သန်းခေါင်စာရင်းကောက်ယူပေးမယ့် စစ်ကောင်စီထောက်တိုင်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) က ဒီနေ့ ထုတ်ပြန်ပါတယ်။