တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလမ်းမပေါ်မှာ တော်လှန်‌ရေး ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဝက်ချောင်းရွာနဲ့ မူးဒူးရွာအကြား ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း လမ်းမပေါ်မှာ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းက ယန္တရားတွေနဲ့ လမ်းလုပ်ငန်းကို ကာကင်းယူထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၁ နာရီကြာဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား အများအပြားသေဆုံးခဲ့ပြီး ‌တော်လှန်ရေးရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါနတပ်ခွဲ-၆၊ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့၊ ‌ရေဖြူမြို့နယ်အတွင်း အ‌ခြေစိုက်မဟာမိတ်ပူးပေါင်းတပ်နဲ့ ဗထူးတပ်မတော် B H.A တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – ဝေဟင်တပ်ဖွဲ့

0 Shares:
You May Also Like
Read More

ဖြူးမြို့နယ် အုတ်ဖြတ်လမ်းပေါ် တိုက်ပွဲဖြစ်ပွား၊စစ်သား ၇ သေပြီး ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်းပေါ်ရှိ တာကျိုးလမ်းဆုံမှာ မတ်လ ၁၀ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အာဠာဝကစစ်ကြောင်းထံက သိရပါတယ်။
Read More

ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်‌ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက်၊ စစ်သားအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သားအလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ တယ်လို့ မြင်းခြံခရိုင် အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ်တွင် ဆီပေပါ တင်ဆောင်လာသည့် ကားတစ်စီး မီးလောင်ပျက်စီး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ဆီပေပါ တင်ဆောင်လာတဲ့ ကားတစ်စီး မီးလောင်မှုဖြစ်ပွားပြီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနိုင်တဲ့အတွက် သတိထားသွားလာကြဖို့ PDF တွေ ကွင်းဆင်းသတိပေး (ရုပ်/သံ)

ရန်ကုန်-မန္တလေးအမြန်လမ်းကြီး မိုင်တိုင် အမှတ် ၃၁၈ မှာ ဒီနေ့ ဒီဇင်ဘာ ၂၃ရက် မနက်ပိုင်းက ခရီးသွားပြည်သူတွေကို PDF ရဲဘော်တွေက လက်ရှိဖြစ်ပွားနေတဲ့ တော်လှန်ရေးအခြေအနေတွေနဲ့ တိုက်ပွဲဖြစ်ပွားလာနိုင်မှုတွေကို ကွင်းဆင်းအသိပေးခဲ့တယ်လို့ Natogyi People Defence Force က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်က အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက ဇန်နဝါရီ ၂၉ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့  သိရပါတယ်။
Read More

စစ်ဘေးရှောင်ရင်း ရေဘေးသင့်နေကြရတဲ့ မိဘမဲ့ကလေးများ (ရုပ်/သံ)

တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်ကာ စစ်ဘေးရှောင်ရင်း အခမဲ့ မူလတန်းပညာသင်ယူနေတဲ့ ကလေးငယ်တွေဟာ ရေကြီးရေလျှံမှုတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပြန်ပါတယ်။