အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ အမေရိကန် လွှတ်တော်အမတ် Julie Johnson တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မျိုးနဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်က အမျိုးသားပြည်သူ့လွှတ်တော် အမတ် Julie Johnson တို့ အောက်တိုဘာ ၃၀ ရက်မှာ တွေ့ဆုံကာ မြန်မာ့နိုင်ငံရေးအခြေအနေတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ၊ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုတွေ၊ စိန်ခေါ်မှုတွေ၊ နိုင်ငံတကာ တရားစီရင်ရေးမှာ အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်နိုင်မယ့် အခြေအနေတွေနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးက အမေရိကန်လွှတ်တော်အမတ် Julie Johnson ကို မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို ထောက်ခံအားပေးသူတစ်ယောက်အနေနဲ့ အမေရိကန်လွှတ်တော်အတွင်းမှာ Congressional Burma Caucus အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။