ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်က တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်မုန်တိုင်း Kalaegi ကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး လူပေါင်း ၆၆ ယောက်သေဆုံးကာ အိမ်ခြေ ၄၀၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။

မုန်တိုင်း Kalaegi ဟာ ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲက အကြီးဆုံးတစ်ခုဖြစ်ကာ လေတိုက်နှုန်း တစ်နာရီကို ကီလိုမီတာ ၁၅၀ ကျော်ရှိခဲ့ပြီး သယ်ယူပို့ဆောင်ရေးနဲ့ လျှပ်စစ်စနစ်တွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ရေနစ်မြုပ်နေတဲ့ နေအိမ်တွေမှာ လူပေါင်းများစွာ ပိတ်မိနေပြီး သမ္မတ ဖာဒီနန်မာကိုဂျူနီယာက ပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေထိုင်ကြဖို့ သတိပေးထားပြီး အရေးပေါ်ကယ်ဆယ်ရေးတွေ အမြန်စတင်ကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်အရေးပေါ်စောင့်ကြည့်ရေးဌာန (NDRRMC) က မုန်တိုင်းကြောင့် အိမ်ခြေပေါင်း ၄၀၀၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိ နိုဝင်ဘာ ၅ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ရေကြီးတာတွေ ဆက်ရှိနေပြီး မုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံကို ဦးတည်နေတယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

စက်တပ်လေထီး ကြဲချပြီး မပေါက်ကွဲသေးသည့် ဗုံးသီးကို ပြည်သူများ မထိခိုက်စေရန် ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီးကနေ ကြဲချထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ပြည်သူတွေ ထိခိုက်မှုမရှိစေဖို့ ဖယ်ရှားရှင်းလင်းပေးခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့က ရုပ်သံမှတ်တမ်းဖိုင်နဲ့တကွ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောနှင့် တွဲယာဉ်များအား ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ တွဲယာဉ်တွေကို ရှေ့ထွက်မိုင်း‌တွေ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံကို လွှင့်ထူနိုင်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ CDFကို လွှင့်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF Kanpetlet က ရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြစ်သား-ပြင်စီ -နွားထိုးကြီးလမ်းပိုင်း မြင်ကွင်း (ရုပ်/သံ)

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြစ်သား-ပြင်စီ- နွားထိုးကြီးလမ်းပိုင်းရဲ့ ငလျင်ပြတ်ရွေ့ကြောအခြေအနေကို အခုလိုပဲ မြင်တွေ့ရပါတယ်။
Read More

စစ်ကိုင်းမြောက်ဘက် အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်၊ ၂၅ ဦး သေကာ လက်နက် ၂၀ ကျော် သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ဘက်ကို အင်အား ၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ ၂၅ ယောက်သေကာ လက်နက် ၂၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ ပကဖအသံမှ ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံတွင် အင်အား ၁၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးသည့် အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြင်းခြံခရိုင် အမှတ် -၂ တပ်ရင်းက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။