တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သက်တော်စောင့်ဖြစ်သူကို ပစ်ခတ်ရှင်းလင်းရာ ထိုသူတွေထံက သေနတ်အစစ်တွေ အပါအဝင် ကလေးကစားစရာ သေနတ်နဲ့ လက်ပစ်ဗုံးတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်၊ မနက် ၈ နာရီအချိန်မှာ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ စိုးဝေနဲ့ သူ့ရဲ့ သက်တော်စောင့် စစ်မှုထမ်းတပ်သား ၁ယောက် ပုလောမြို့ ကျောက်စုဂိတ်အနီး ဆိုင်ကယ်နဲ့ သွားလာနေချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ကျောက်စုဂိတ်နား သူတို့ ဆိုင်ကယ်နဲ့ သွားလာနေတုန်း စောင့်ကြိုပစ်ခတ်ခဲ့တာပါ…ကျောက်စုဂိတ်က အမှတ် ၄ ရပ်ကွက်မှာပဲ ရှိတယ်။ ပြီးတော့ ဒီအနီးအနားမှာ စစ်ကောင်စီတပ် ခလရ ၂၈၅ လည်း ရှိနေတော့ သူအမြဲသွားလာနေကျပါ။ ပြောရမယ်ဆိုရင် သူ့နေအိမ်နားပဲ ဟုတ်ပါတယ်” လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုအတွင်း ၂ယောက်စလုံး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပြီး သူတို့ဆီက AK47 ရိုင်ဖယ် (၁) လက်၊ ကျည်ဘောက် (၁) ခု၊ ၇.၆၂ ကျည် (၇) တောင့်၊ ကလေးကစားစရာ ပစ္စတို (၁) လက်၊ ကလေးကစားစရာ လက်ပစ်ဗုံး (၂) လုံးနဲ့ Vivo ဖုန်းအစုတ် (၁) လုံး တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့လည်း အတိအကျတော့ မသိဘူး၊ ပစ်ခတ်ရှင်းလင်းပြီးချိန်မှ အတုဖြစ်နေတာ သိခဲ့ရတာ။ သူက အစစ်လို ဟန်ဆောင်ကိုင်နေတာ ဟုတ်ပါတယ်။ ပြီးတော့ ကျောက်စုဂိတ်ကနေလည်း အကူတွေ ရောက်မလာခဲ့ပါဘူး” သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ဆက်ပြောပါတယ်။

အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးဝေဟာ ပြည်သူအပေါ် လက်နက်အတုတွေနဲ့ ငွေညှစ်ခြိမ်းခြောက်တာတွေ၊ စစ်မှုထမ်းအတင်းအကြပ် စုဆောင်းတာတွေ၊ အနိုင်ထက်ပြုကျင့်တာတွေကို လုပ်ဆောင်နေတာကြောင့် ဒီလို မလုပ်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် မလိုက်နာတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ပူးပေါင်းမဟာမိတ်အဖွဲ့တွေကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

မိုးဗြဲက ရှေ့တန်းကင်းစခန်းတချို့ကို ကရင်နီတပ်ပေါင်းစု ပြန်လည်သိမ်းပိုက်ရရှိ…

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်က လက်လွတ်ထားရတဲ့ ရှေ့တန်းကင်းစခန်းတချို့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ ကင်စခန်းတချို့ ပြန်လည်ရရှိခဲ့ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ စစ်ဒေသခွဲ အသီးသီးကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမြို့နယ်တွင် စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ တစ်ဦး သေဆုံး၊ ၁၀ နှစ်အရွယ်ကလေးတစ်ဦးအပါ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

DMO PDF အမှတ် (၁၁၀၆) တပ်ရင်း ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ DMO PDF အမှတ် (၁၁၀၆) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နေပြည်တော် ပကဖ ရဲဘော်များကို နေပြည်တော် တိုင်းစစ်ဌာန၏ တိုင်းဦးဆောင်အဖွဲ့ သွားရောက်တွေ့ဆုံ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့က ဒဏ်ရာရရဲဘော်တွေနဲ့ နောက်တန်းကို ပြန်နားတဲ့ ရဲဘော်တွေကို တိုင်းဦးဆောင်အဖွဲ့က သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့တယ်လို့ နေပြည်တော် ပကဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်နှင့် ရေဖြူက စစ်တပ်စစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်မှု ၅ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့က အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။