Miss Universe ပြိုင်ပွဲဝင် အလှမယ်တွေကို Miss Universe Thailand (MUT) ဥက္ကဋ္ဌဖြစ်သူ နာဝပ် အစ်ဆာရာဂရီဆယ်က အော်ဟစ်ကြိမ်းမောင်းခဲ့တာကြောင့် နာဝပ်ကို တာဝန်တွေကနေ ကန့်သတ်နိုင်သမျှ ကန့်သတ်ကာ သူ့ရဲ့ အခန်းကဏ္ဍကို လျှော့ချသွားမယ်လို့ မယ်စကြဝဠာအဖွဲ့ (MUO) ပူးတွဲပိုင်ရှင် ရာအူးလ်က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပါတယ်။

ဒီနှစ် မယ်စကြာဝဠာ (Miss Universe- 2025) ပြိုင်ပွဲကို ထိုင်းနိုင်ငံကနေ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး လက်ရှိမှာ နိုင်ငံပေါင်း ၁၂၂ နိုင်ငံက အလှမယ်တွေဟာလည်း ထိုင်းနိုင်ငံကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြိုင်ပွဲဝင်အလှမယ်တွေဟာ ထိုင်းနိုင်ငံမှာ တရားဝင်ခွင့်မပြုထားတဲ့ လောင်းကစားကြော်ငြာတွေ ရိုက်ကူးနေကြောင်း သတင်းရတာကြောင့် ထိုင်းရဲတပ်ဖွဲ့ကနေ MUO ရုံးကို ဝင်ရောက် စစ်ဆေးခဲ့ပြီး MUT ဥက္ကဋ္ဌဖြစ်သူ နာဝပ်လည်း ရဲတွေရဲ့ စစ်ဆေးခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ နာဝပ်ဟာ MUO ပူးတွဲပိုင်ရှင် ရာအူးလ်နဲ့ စကားအခြေအတင်တွေ ဖြစ်ခဲ့ပြီး ပြိုင်ပွဲဝင်အလှမယ်တွေကိုလည်း ခေါ်ယူတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ Mr.Nawat’s Instagram)

နာဝပ်နဲ့ အလှမယ်တွေ တွေ့ဆုံစကားပြောနေတဲ့ ဗီဒီယိုဖိုင်ဟာလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပြီး အဲဒီထဲမှာ မက္ကဆီကို အလှမယ် ဖာတီမာ ဘော့ရှ် (Fátima Bosch) နဲ့ နာဝပ်တို့ကြား ပြင်းထန်တဲ့ အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး မက္ကဆီကို အလှမယ်ဟာ အခန်းထဲက ထွက်သွားတာကို တွေ့ရပါတယ်။

မကြာခင်မှာပဲ MU 2024 အနိုင်ရရှိခဲ့သူ ဒိန်းမတ် အလှမယ် ဗစ်တိုးရီးယား အပါအဝင် အခြားအလှမယ်တွေဟာ စည်းလုံးညီညွတ်မှုကို ပြသတဲ့အနေနဲ့ အခန်းထဲကနေ ထွက်ခွာဖို့ ပြင်ဆင်ချိန်မှာ နာဝပ်က အလှမယ်တွေကို အော်ဟစ်ကြိမ်းမောင်းခဲ့ပြီး လုံခြုံရေးခေါ်ခဲ့တာ ဖြစ်ပါတယ်။

“ရပ်လိုက်၊ တံခါးတွေပိတ်။ ရပ်စမ်း။ ထိုင်ကြ။ မင်းတို့ ပြိုင်ပွဲ ဆက်ပြိုင်ချင်တယ်ဆိုရင် ထိုင်ကြ။ မင်းတို့ ထထွက်သွားမယ်ဆိုရင် ကျန်တဲ့မိန်းကလေးတွေပဲ ဆက်ပြိုင်ရလိမ့်မယ်” ဆိုတဲ့ ခြိမ်းခြောက် ပြောဆိုမှုတွေကိုလည်း နာဝပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလို နာဝပ်ရဲ့ အပြုအမူကို မက္ကဆီကို အလှမယ်အဖွဲ့က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး မည်သည့်အမျိုးသမီးမျှ အခုလို အရှက်ရစေတဲ့ စော်ကားမှုကို ခံယူဖို့ မထိုက်တန်ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။

အလားတူ Miss Universe Organization (MUO) ကနေလည်း နာဝပ်ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို ကန့်သတ်နိုင်သမျှ ကန့်သတ်ကာ သူ့ရဲ့ အခန်းကဏ္ဍကို လျှော့ချသွားမှာဖြစ်ကြောင်း တရားဝင်ထုတ်ပြောလာပြီး အလှမယ်ပြိုင်ပွဲကိုတော့ ယခင်က စီစဉ်ထားတဲ့အတိုင်း ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။

ဝေဖန်မှုများစွာ ကြုံတွေ့ရပြီးတဲ့နောက် နာဝပ်က မက္ကဆီကို အလှမယ်ကို ကောင်းစွာ ဂရုစိုက်မယ့်အကြောင်းနဲ့ အလှမယ်တွေနဲ့ ပရိသတ်တွေကို တောင်းပန်ကြောင်း လူမှုကွန်ရက်ကတဆင့် ပြောဆိုခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံ တောအုပ်တစ်ခုထဲရှိ ကား ၃စီးပေါ်တွင် တရားမဝင် မြန်မာလုပ်သား ၅၅ ဦး ဖမ်းမိ၊ ကားမောင်းသူများ ရဲမလာခင် ထွက်ပြေးသွား

ထိုင်းနိုင်ငံ Khao Khi Foi ခရိုင်ခွဲထဲက တောအုပ်တစ်ခုမှာ စွန့်ပစ်ထားတဲ့ ကား ၃စီးကနေ မြန်မာနိုင်ငံသား ၅၅ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

နယ်စပ်ကို အလုံးစုံထိန်းချုပ်ထားသည့် AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် စစ်ကောင်စီကန့်ကွက်ချက် ဘင်္ဂလားဒေ့ရှ် ပယ်ချ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်-AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် ကန့်ကွက်သည့် စစ်ကောင်စီ၏ ကန့်ကွက်ချက်ကို ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က ပယ်ချလိုက်ပါတယ်။
Read More

မြန်မာကို ကာလဝမ်းရောဂါဆေးတွေ ထိုင်း အကူအညီပေး

မြန်မာပြည်မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ ကာကွယ်တိုက်ဖျက်ရေး အကူအညီဖြစ်စေဖို့ ကာလဝမ်းရောဂါဆေးတွေကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပေးထားကြောင်း Bangkok Post က ဒီဇင်ဘာ ၂၄ ရက်မှာ ဖော်ပြထားပါတယ်။  
Read More

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကိုရီးယားရောက် မြန်မာများ တွေ့ဆုံ၊ တော်လှန်ရေးကို NUG ပြတ်ပြတ်သားသား ဦးဆောင်ရန် လူထုက တိုက်တွန်းကြောင်း ထုတ်ပြန်

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ တွေ့ဆုံခဲ့ကြပြီး NUG အနေနဲ့ တော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့ လူထုက တိုက်တွန်းခဲ့‌ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာလူဦးရေ ၁၉.၉ သန်းလောက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေပြီဟု ကုလ ထုတ်ပြန်

စစ်အာဏာသိမ်းမှု ၄ နှစ်တာအတွင်း  မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေကြောင့် လူဦးရေ ၁၉.၉ သန်းလောက်ဟာ အရေးပေါ် လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ (UN) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် တောင်းဆို

မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် Justice For Myanmar (JFM) အဖွဲ့က ယနေ့ထုတ်ပြန် တောင်းဆိုလိုက်သည်။