မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ အရက်ထွက်ဝယ်တဲ့ အကြမ်းဖက်စစ်သားတွေကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Special_Task_Force (NGAZUN) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၄ ရက်၊ မနေ့က မနက်ပိုင်းမှာ ငါန်းဇွန်မြို့နယ်၊ မြို့သာအရှေ့ရွာရဲစခန်းကနေ စျေးမြောက်ဘက်လမ်းအတိုင်း အရက်ဝယ်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ပြီး အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် နေရာမှာတင် အကြမ်းဖက်စစ်သား ၂ ယောက် ပွဲချင်းပြီးသေဆုံးကာ ၁ယောက်လည်း ထိခိုက်ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်လို့ Special_Task_Force (NGAZUN) တာဝန်ရှိသူက ပြောပါတယ်။

“ရဲစခန်းထဲကနေ အရက်ထွက်ဝယ်တာကို မီတာ ၂၀ အကွာကနေ ပစ်ခတ်ခဲ့တာပါ။ သူတို့အလစ်ငိုက် စွန့်စားရတာပေါ့ဗျာ။ သေနတ်တော့ ကောက်ချိန်မရခဲ့ဘူး” လို့ Special_Task_Force (NGAZUN) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့ဒီနောက်မှာ မြို့သာစျေးအတွင်းနဲ့ ရဲစခန်းထဲမှာရှိနေတဲ့ အကြမ်းဖက်စစ်ကူတွေ ရောက်လာတာကြောင့် အထိအခိုက်မရှိ ဆုတ်ခွာခဲ့ရကြောင်းနဲ့ စစ်အုပ်စုက ၆၀ မမ ပစ်ခတ်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ရက်နေ့တုန်းကလည်း မြို့သာစျေးမြောက်ဘက်ထောင့်မှာ ဆက်ကြေးကောက်ငွေညှစ်ဖို့လုပ်နေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို Special_Task_Force (NGAZUN) တပ်ဖွဲ့ဝင်တွေက ပြောက်ကျားဝင်ရောက်ပစ်ခတ်ရာမှာ စစ်အုပ်စုက ၂ ယောက် ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

လျှပ်စစ်မီးမမှန်တဲ့အခြေအနေမှာ လျှပ်စစ်ရထားပြေးဆွဲဖို့ မင်းအောင်လှိုင် အကြိမ်ကြိမ်ပြောဆိုနေ

ရထားလမ်းပိုင်းတွေမှာ လျှပ်စစ်ရထားတွေ ပြောင်းလဲပြေးဆွဲဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောဆိုလာပြန်ပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့က ရန်ကုန်ဘူတာကြီးမှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာ စပိန်ထုတ် DEMU ရထားတွဲဆိုင်းတွေနဲ့ စတင်ပြေးဆွဲတဲ့ အခမ်းအနားမှာ ထည့်သွင်းပြောကြားလိုက်တာပါ။
Read More

သံဖြူဇရပ် – ရေးလမ်းမကြီးပေါ်က စစ်တပ်ဂိတ်စခန်းကို အနီးကပ်ဝင်ရောက်တိုက်ခိုက်၊ ၅ ယောက်ထက်မနည်း သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ် - ရေးလမ်းမကြီးပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP (AD) က ထုတ်ပြန်ထားပါတယ်။
Read More

“U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦ်းမိုးဇော်ဦး တက်ရောက်ဆွေးနွေး

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ George Washington University ရဲ့ Elliott School of International Affairs က ကြီးမှူးပြုလုပ်တဲ့ “U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦ်းမိုးဇော်ဦးက တက်ရောက်ဆွေးနွေးခဲ့ပြီး မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေသည့် လောင်းကစားနှင့် မူးယစ်ဆေးကိစ္စများကို စောင့်ကြည့်ထိန်းကျောင်းရန် NUG ပြည်ထောင်စုဝန်ကြီးချုပ် သတိပေး

တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ လောင်းကစားနဲ့ မူးယစ်ဆေးဝါး ကိစ္စရပ်တွေကို စောင့်ကြည့်ထိန်းကျောင်းသွားဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောကြားလိုက်ပါတယ်။
Read More

ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ  မြန်မာနှင့်ဆက်နွယ်နေသည့် တရုတ်စီးပွါးရေးလုပ်ငန်းများတွင် ပါဝင်နေမှုကြောင့် စုံစမ်းစစ်ဆေးပေးဖို့ JFM တောင်းဆို 

ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်  ဂျူလီဘိရှော့ဟာ မြန်မာနဲ့ဆက်နွယ်နေတဲ့ တရုတ်စီးပွါးရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာကြောင့် အကျိုးစီးပွားပဋိပက္ခတွေ ရှိမရှိ ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ Justice For Myanmar (JFM) က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ငါန်းဇွန်မြို့မှ ထွက်လာသည့်စစ်အုပ်စု ယာဥ်တန်း တိုက်ခိုက်ခံရပြီး ဒုတပ်ကြပ် ၂ ဦးနှင့် ပျူ အယောက် ၄၀ ခန့် သေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ကနေ ထွက်ခွာလာတဲ့ စစ်အုပ်စု ယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ TGYR မြင်းခြံခရိုင် အမှတ် (၁၁) တပ်ရင်းထံက သိရပါတယ်။