စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အစပ်နဲ့ ဆားတောင်မြို့ အနောက်ဘက်ခြမ်းမှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ထိတွေ့တိုက်ပွဲတွေရှိခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့က စစ်ကိုင်းခရိုင်၊ ဆားတောင်မြို့ စစ်တပ်ထဲကနေ ထွက်လာတဲ့ အင်အား ၁၀၀ခန့်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ဝက်လက်မြို့နယ်အစပ် လမ်းခုလပ်တစ်နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ၁၀ ယောက်ခန့် သေဆုံးကာ လက်နက်ခဲယမ်းတချို့ ရရှိခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို လက်ကျန် စစ်သားတွေက သယ်ဆောင်ကာ ဆားတောင်မြို့ကို ပြန်လည်ဆုတ်ခွာသွားကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ထိတွေမှု့ဖြစ်တာက စစ်ကိုင်းခရိုင် အဆုံးနား ဝက်လက်အစပ်မှာပါ။ ဝက်လက်ဘက်ကို စစ်ကြောင်း ထိုးလာတဲ့သဘောပေါ့။ အဲ့မှာ ထိတော့ ဆားတောင်ဘက် ပြန်ဆုတ်သွားတာ။ လက်ရှိတော့ စစ်ကြောင်းက ဆုတ်လိုက်ဝင်လိုက်ပါပဲ” လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဆားတောင်မှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်းများအား တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ

တိုက်ပွဲဟာ နာရီဝက်နီးပါး ကြာမြင့်ခဲ့ပြီး စစ်အုပ်စုတွေ ဆုတ်ခွာသွားချိန် တော်လှန်ရေးတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာတော့ MA(1) MK-I အမျိုးအစား သေနတ် ၂ လက်၊ RPG ဖူး နဲ့ ၄၀ မမ ဗုံးသီးတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြေပြင်လှုပ်ရှားအဖွဲ့အနေနဲ့ ပါဝင်ပြီး ဝက်လက်နဲ့ စစ်ကိုင်း အခြေစိုက် တော်လှန်ရေးတပ်တွေ လုပ်ဆောင်ခဲ့တာဖြစ်ကာ ရဲဘော်တွေ အထိအခိုက် မရှိခဲ့ဘူးလို့လည်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်းကလည်း ဆားတောင်မြို့အနောက်ဘက်ဆီ သေနတ်ပစ်ဖောက် စီးနင်းလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှာ ၅ ယောက် သေဆုံးကာ သေဆုံးအလောင်းတွေကို ဖြစ်သလို သင်္ဂြိုဟ်သွားတယ်လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“သူတို့က ဆားတောင်မြို့အနောက်ဖက်ကို စစ်ကြောင်းထိုးတာပါ။ ပြည်သူတွေကို လိုက်ပစ်တယ်ပေါ့။ အဲ့မှာ ကျနော်တို့က စစ်ကိုင်းခရိုင်ကွပ်ကဲရေးရဲ့ လမ်းညွှန်ချက်နဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ MA1 သေနတ် ၁ လက်၊ ၆၀မမ ဗုံသီး ၂ လုံးနဲ့ ကျည်အိမ် ၃ ခုနဲ့ စစ်အသုံးဆောင်ပစ္စည်းချို့ရရှိခဲ့ပါတယ်။ သေတာ ၅ ယောက် ရှိတယ်။ ၁၀ ယောက် ဒဏ်ရာရတယ်လို့ သတင်းရတယ်။ သေသွားတဲ့ခွေးတွေကို တောထဲတစ်နေရာမှာပဲ ဖြစ်သလို မီးရှို့ထားခဲ့ပါတယ်” လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဆားတောင်မှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်းများအား တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ

လက်ရှိမှာ ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက မြို့နယ်အရှေ့နဲ့အနောက် စစ်ကြောင်းတွေ ပြိုင်ထိုးနေပြီး အရပ်သားတွေကို သတ်ဖြတ်တာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဆားတောင်မြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ လှထွေကျေးရွာအတွင်း သေနတ်ပစ်ခတ် စီးနင်းခဲ့လို့ အရပ်သား ၁ ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

လက်ရှိမှာ ဝက်လက်မြို့အနောက်ဘက် ရွာသာကြီးကျေးရွာမှာ စစ်အုပ်စုစစ်ကြောင်းတွေ ပေါင်းစုံနေပြီး မြို့နယ်အတွင်း စစ်ကြောင်းတွေ ထိုးနေသလို မောက္ကဒီးရွာခံ ၄၀ ကျော်ကိုလည်း ဓားစာခံလုပ် ဖမ်းဆီးထားတယ်လို့ Wetlet Informational Network တာဝန်ရှိသူက ပြောပါတယ်။

သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းတချို့
0 Shares:
You May Also Like
Read More

ဘော်စတွန်မြို့က ပြည်ပရောက်မြန်မာတွေနဲ့ ဒေါက်တာဆာဆာတွေ့ဆုံ၊ဖြတ် ရုပ်ရှင်ကိုပါအထူးပွဲပြသ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ Boston မြို့ မှာ NUG ရဲ့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ တွေ့ဆုံပွဲနဲ့ 'ဖြတ်' ရုပ်ရှင်ဇာတ်ကား ပြသပွဲ ကိုနို၀င်ဘာလ ၃၀ရက်မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ ရွာငံမှာ စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေ၊ နွားဘန်းကြီးရွာကို ဝင်စီးပြီး အမျိုးသမီး ၂ ယောက်ကို အကြောင်းမဲ့ဖမ်းဆီးသွား

ရှမ်းတောင်၊ ဓနုဒေသ ၊ ရွာငံမြို့မှာ မြို့အဝင်စစ်ဆေးရေးဂိတ်အပါအဝင် မြို့ထဲတပ်စွဲထားတဲ့ စစ်အုပ်စုတွေပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက ကျေးရွာတွေကို ဝင်ရောက်စီးနင်းရင်း အမျိုးသမီး၂ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

မြို့ပေါ်က စစ်တပ်ထောက်တိုင်တွေကို ဖြိုဖျက်ဖို့ “မြို့ပြအတွက် အတိုတစ်လက်” သိန်းတစ်ရာကမ်ပိန်း

ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG People Army (YUPA) က ပစ္စတိုတစ်လက် ဝယ်ယူဖို့အတွက် ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။
Read More

မုံရွာတွင် ဆက်ကြေးကောက်ရန်ထွက်လာသည့် ရဲများကို တိုက်ခိုက်ရာ ဒုရဲအုပ်အပါ ရဲ ၄ ဦး သေဆုံး

စစ်ကိုင်တိုင်း၊ မုံရွာမြို့နယ်မှာ အိမ်စီးကားတစီးနဲ့ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ရဲတွေကို တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ရာ ရဲအရာရှိ ၃ ယောက်အပါအဝင် ရဲ ၄ ယောက် သေဆုံးခဲ့ပြီး လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Budalin Mobile Team ထံက သိရပါတယ်။ 
Read More

စစ်ကောင်စီလက်အောက်ခံ အနက်ရောင် သေမင်းတမန်အဖွဲ့ ပြည်သူ ၂ ဦးကို ထပ်မံသတ်ဖြတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရှားစေဘိုးကျေးရွာထိပ်မှာ ပြည်သူ ၂ယောက်ရဲ့ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲမှုဟာ ရှမ်းမြောက် စစ်မီးပြန်လည်လောင်ကျွမ်းမှု အန္တရာယ်ကို တိုက်ရိုက်မြှင့်တင်လိုက်ခြင်း ဖြစ်ကြောင်း MNDAA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ် လူနေရပ်ကွက်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုဟာ “စစ်ပြေငြိမ်းရေး” ကို စစ်မက်အရိပ်အာဝါသ ဖုံးလွှမ်းသွားခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။