ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မွန်ပြည်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် (၅) ယောက် သေဆုံးခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာအရ သိရပါတယ်။

အစီရင်ခံစာအရ အောက်တိုဘာလအတွင်း မွန်ပြည်နယ်က မြို့နယ် ၃မြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲ (၁၅) ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ရေးမြို့နယ်မှာ တိုက်ခိုက်မှု အများဆုံးဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ တိုက်ခိုက်မှု အများစုဟာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ကြောင်း သိရပါတယ်။

“အရင်လတွေကထက်စာရင် ဒီလက တိုက်ခိုက်မှုတွေနဲ့ နှစ်ဖက်ထိခိုက်မှုတွေ တိုးလာတာမြင်ရပါတယ်။ အထူးသဖြင့် စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြားက နှစ်ဖက်ထိတွေ့မှုတွေ တိုးလာတာကြောင့်လို့ ပြောလို့ရပါတယ်။ နောက်ပြီး စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းနေတဲ့အတွက် သူတို့ဘက်က စစ်ရေးလှုပ်ရှားမှု ပိုလုပ်လာတာကြောင့် ပိုပြီးထိတွေ့မှုတွေ တိုးလာတယ်လို့ ဆိုနိုင်ပါတယ်” လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာက မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ (၃၃) ယောက် ရှိခဲ့တယ်လို့ ဖော်ပြထားပြီး သေဆုံးသူအားလုံးဟာ စစ်ကော်မရှင်တပ်သားတွေလို့ သိရပါတယ်။ ဒါ့အပြင် တိုက်ခိုက်မှုတွေထဲ ထိခိုက်ဒဏ်ရာရရှိသူ (၃၅) ယောက်ခန့် ရှိခဲ့ပြီး အဲဒီထဲမှာ အရပ်သား (၄) ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ တလအတွင်း အရပ်သားသေဆုံးသူ (၆) ယောက် ရှိခဲ့တယ်လို့ လဂွန်းအိမ်က ဖော်ပြထားပါတယ်။ အဲဒီထဲက (၅) ယောက်က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ မပြည့်သေးတဲ့ ကလေးငယ်တွေဖြစ်ပြီး ကျန်တဲ့ ၁ယောက်ကတော့ လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံလိုက်ရတာလို့ သိရပါတယ်။

၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်တွင် စစ်တပ်က မွန်ရွာဖြစ်သည့် ဓမ္မသရွာကို မီးရှို့ဖျက်ဆီးခဲ့စဥ်

တဆက်တည်းမှာပဲ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ (၁၃) ယောက်ထက်မနည်း ရှိခဲ့ပါတယ်။ တခြားအကြောင်းအရင်းတွေအနေနဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လက်နက်ငယ် ပစ်ခတ်ခံရမှုနဲ့ မိုင်းပေါက်ကွဲမှုတွေရှိခဲ့ပြီး စုစုပေါင်း ပြည်သူ (၁၅) ယောက် ဒဏ်ရာရခဲ့ကြောင်း၊ အဲဒီထဲမှာ ပြင်းထန်ဒဏ်ရရှိခဲ့သူဟာ (၅) ယောက်ကနေ (၇) ယောက်အထိ ရှိခဲ့ကြောင်း အစီရင်ခံစာအရ သိရပါတယ်။

မွန်ဒေသအတွင်းမှာ စစ်တပ်ရဲ့ ဖမ်းဆီးမှုကြောင့် အဖမ်းခံရသူ အရပ်သားဦးရေကလည်း အယောက် (၅၀) ရှိခဲ့ပြီး အများစုဟာ စစ်ရှောင်တွေ၊ စစ်မှုထမ်း အသက် အကျုံးဝင်မှုကြောင့် ဖမ်းဆီးခံရတာတွေ၊ နှစ်ဖက် ပစ်ခတ်စဉ်အတွင်း လူသားဒိုင်းလုပ်ဖို့ ဖမ်းဆီးခံရတာတွေ ဖြစ်တယ်လို့ သိရပါတယ်။

“အခုအစီရင်ခံစာထဲက အချက်အလက်တွေဟာ ကိန်းဂဏန်းတွေဆိုတာထက် ပိုပါတယ်။ ပြည်သူလူထုရဲ့ ဖိနှိပ်ခံရမှုတွေနဲ့ တော်လှန်ရေးရဲ့ ညွှန်းကိန်းတွေပါ။ ဒီထဲမှာပါတာတွေက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အဓိက အခြေခံထားတာဆိုတော့ တကယ့်မြေပြင်မှာ ဒီထက်ပိုတဲ့ ထိတွေ့မှုတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ ဖမ်းဆီးခံရမှုတွေ ရှိနိုင်ပါတယ်။ စစ်အုပ်စုဟာ သူတို့အာဏာတည်မြဲရေးအတွက် အရပ်သားတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေ ဆက်လုပ်နေဆဲ၊ ဆက်လုပ်နေမြဲဖြစ်ပါတယ်” လို့ နိုင်ပီတာက ဆက်ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒီနှစ် အောက်တိုဘာလကုန်အထိ မွန်ပြည်နယ်အတွင်း အနည်းဆုံး အရပ်သား ဖမ်းဆီးခံရသူ (၂၂၀၂) ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ (၅၇၅) ယောက် နဲ့ သတ်ဖြတ်ခံရသူ (၃၃၃) ယောက် ရှိခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ကျိုးတိုက်ပွဲ စစ်ကောင်စီတပ် တင်းခံနေပြီး AA ထိုးစစ် ပြင်းထန်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

တောင်ပိုင်းစစ်ဒေသမှာ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ် အထိုင်ချစခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်၊ ဒီဇင်ဘာလတိုက်ပွဲတွေအတွင်း စစ်တပ်က  (၁၅၁) ယောက် သေပြီး (၈၉) ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အတည်ပြုထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ အထိုင်ချစခန်း ၄ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ၏ ထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်ကို ဒဂုံ တကသ မှ ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း…

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံရပြီး အင်းစိန်အကျဥ်းထောင်အတွင်း ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင်ကို ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းလိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးက ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံခဲ့ (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့က ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ ဖေဖော်ဝါရီ ၉ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မလိုအပ်ဘဲ မသွားလာဖို့ PDF သတိပေး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ  အချိန်မရွေးတိုက်ပွဲတွေ ဖော်ဆောင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အထူးသတိပြုသွားလာနေထိုင်ပေးဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပြောဆိုနေပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပေါ် က ၃ မိုင်ဂိတ်အနီးမှာ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးဟုဆို…

မကွေးတိုင်း ၊ မင်းဘူးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပေါ်က ၃မိုင်ဂိတ်အနီးမှာ စစ်ကြောင်းထွက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် - ၆ တပ်ရင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။