စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အဝင်မှာရှိတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ-၃) ထံက သိရပါတယ်။

နိုဝင်ဘာ ၂ ရက် မနက် ၆ နာရီလောက်က ချောင်းဦးမြို့အဝင် မုံရွာ-မန္တလေး-ပခုက္ကူလမ်းဆုံမှာရှိတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က ၄ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ၁ယောက် ကျဆုံးပြီး ၂ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“အထိုင်ချတပ်စွဲထားတာ ဟုတ်ပါတယ်။ အင်အားတော့ သိပ်မများပါဘူး။ ၁၂ယောက်လောက်ပဲ ရှိတာပါ။ ကျသွားတဲ့ ရဲဘော်က ကျည်ကုန်လို့ ကျည်ပြန်ဖြည့်ချိန် ခေါင်းကို ထိမှန်ပြီး ကျဆုံးတာပါ။ ဒဏ်ရာရတဲ့ ရဲဘော်တွေတွေက အခုတော့ မစိုးရိမ်ရတော့ပါဘူး။ အခြေအနေ ကောင်းလာပါပြီ” လို့ လျှပ်စီးတပ်ခွဲ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ-၃) နဲ့အတူ CDSOM (ဗိုလ်စက်ြာစစ်ကြောင်း) နဲ့ ချောင်းဦးမြို့နယ် ဗိုလ်ရဲရင့်စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် အကြမ်းဖက် စစ်ကော်မရှင်တပ်က ကျေးရွာတွေဘက်ကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း ရဲဘော် ၁ယောက် ကျဆုံးပြီး ၂ယောက် ဒဏ်ရာရခဲ့တာကြောင့် ဆေးကုသနိုင်ရေးနဲ့ ပြန်လည်ဆုတ်ခွာနိုင်ရေးအတွက် တော်လှန်ရေးတပ်တွေ စစ်ကော်မရှင်တပ်စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်ရှောင်စခန်းတွေကို ကျွေးမွေးလှူဒါန်းမှု (ဓာတ်ပုံသတင်း)

အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဟာ ဆားလင်းကြီးမြို့နယ်က ရက်ရှည်စစ်ရှောင်စခန်း နေရာ ၃ ခုကို ၃၇၅ နပ်မြောက် လှူဒါန်းမှုအနေနဲ့ မွေးနေ့ရှင်၊ အလှူရှင်တွေကိုယ်စား ကျွေးမွေးလှူဒါန်းမှု ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့မြောက်ပိုင်းက ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့် အခမ်းအနားကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားကို မတ်လ ၂၈ ရက် မနေ့က ကနီမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူတွင် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ၂၁ ဦး မျက်မြင်သေဆုံး၊ နှစ်ဖက်စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြိုနယ်မှာ အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၂၁ ယောက် မျက်မြင်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ က သတင်းထုတ်​ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ ဇဝဲရွာ အခြေစိုက် ခမရ ၅၅၆ က စစ်ကောင်စီတပ်သား ၁ ယောက် သေနတ် ၁ လက်နဲ့ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ဇဝဲရွာ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းက စစ်ကောင်စီ တပ်သား ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ပအိုဝ်းပြည်သူ့စစ်က စစ်ရှောင်ပြည်သူများအား ပြည်သူ့စစ်အဖြစ် စုဆောင်းနေ

အင်းလေးဒေသမှာ ပအိုဝ်းပြည်သူ့စစ်တွေက စစ်ရှောင်ပြည်သူတွေကို ပြည်သူ့စစ်အဖြစ် ခေါ်ဆောင်နေတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (IPDF) က အသိပေးထုတ်ပြန်ပါတယ်။