ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ ဆိုင်ယော့က စွန့်ပစ်ဓာတ်ဆီဆိုင်ဟောင်းတခုမှာ ရပ်ထားတဲ့ ပစ်ကပ်ကားပေါ်မှာ မြန်မာနိုင်ငံသား တရားမဝင်ရွှေ့ပြောင်း ၂၅ ယောက်ကို နိုဝင်ဘာလ ၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ 

ကန်ချနပူရီခရိုင်အုပ်ချုပ်ရေးမှူးက လူကုန်ကူးသူတွေရဲ့ လှုပ်ရှားမှုသတင်းရခဲ့တာကြောင့် စစ်သားနဲ့ ရဲ အယောက် ၃၀ ပါ ပူးပေါင်းအဖွဲ့နဲ့ ကင်းလှည့်စဉ် ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

ဆိုင်ယော့ စွန့်ပစ်ဓာတ်ဆီဆိုင်က သံသယဖြစ်ဖွယ် ရပ်ထားတဲ့ ပစ်ကပ်ကားတစီးကို စစ်ဆေးရာမှာ ကားအတွင်းနဲ့ ကားအနောက်ဘက်ကနေ အမျိုးသား ၁၈ ယောက်နဲ့ အမျိုးသမီး ၇ ယောက်ကို တွေ့ရှိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားပါတယ်။ 

ဖမ်းဆီးရမိသူတွေအားလုံးဟာ နယ်စပ်ဂိတ်တွေကို ရှောင်ရှားဖို့အတွက် တောလမ်းကတဆင့် ကုန်းကြောင်း၊ ရေကြောင်းနဲ့ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာကြောင်း ဝန်ခံကြတယ်လို့ သတင်းမှာ ဆိုထားပါတယ်။ 

သူတို့တွေဟာ နခွန်ပထုန်နဲ့ စမွတ်စခွန်ခရိုင်တွေမှာ အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတာဖြစ်ပြီး ပို့ဆောင်ခအနေနဲ့ တယောက်ကို ဘတ် ၂၅၀၀၀ (ကျပ်ငွေ သိန်း ၃၀ ကျော်) ပေးခဲ့ရကြောင်း သိရပါတယ်။ 

အင်္ဂါနေ့က Kanchanburi တွင် ဖမ်းဆီးမိသော တရားမဝင် မြန်မာအလုပ်ရှာဖွေသူ ၂၅ ဦးအနက် အချို့ကို ရဲတပ်ဖွဲ့က ဖမ်းမိပြီးနောက် ဖမ်းဆီးခဲ့သည် (ဓာတ်ပုံ 1st Army Area Facebook Page)

ဖမ်းဆီးရမိသူတွေကို ဥပဒေအရ အရေးယူပြီး မြန်မာပြည်ကို ပြန်ပို့မယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေ ပိုမိုဆိုးရွားလာတာကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ပြီး အလုပ်အကိုင်ရှာဖွေမှု ပိုမိုများပြားလာသလို အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။ 

လက်ရှိ ထိုင်းနိုင်ငံဟာ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ပျံ့နှံ့နေမှုကို တုံ့ပြန်နိုင်ရေး နယ်စပ်ဒေသတွေမှာ လုံခြုံရေးတင်းကျပ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။  

မူရင်းသတင်း – Illegal job seekers from Myanmar caught in Kanchanaburi

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင်အတွင်းရှိ ပကဖများ ပူးပေါင်းပြီ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ ရေစကြို၊ ပေါက်၊ မြိုင်မြို့နယ်တို့က မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်လာပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ KNDF ရဲဘော် ၃ ယောက်ရဲ့ ဈာပန

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွေတဂူကျေးရွာအနီးက ရွေတဂူဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကုန်းကို တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်သား ၃ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ KNDA တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး အလွန်အကျွံ အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊ နောင်လင်နဲ့ မျက်ချီးနုကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များကို နေပြည်တော် ပကဖ တိုင်းတာဝန်ခံနှင့်အဖွဲ့ သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်း-တာဝန်ခံ ရဲဘော်နောင်ချိုနဲ့အဖွဲ့ဟာ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ နေပြည်တော် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းတွေ အဆင့်မြင့်လာပြီလား

စစ်ကောင်စီဟာ အရင်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့အခါ ရဟက်ယာဉ်၊ ဂျပ်ဖိုက်တာတွေကိုသာ အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာ တိုက်ခိုက်ရေး ဒရုန်းတွေကို တွယ်ကျယ်စွာ အသုံးပြုလာနေပါပြီ။
Read More

Special Operation Group စစ်ကြောင်းမှ တပ်ရင်း ရိက္ခာအတွက် ရိက္ခာများကို ခက်ခဲစွာ သယ်ယူနေသည့် ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Special Operation Group စစ်ကြောင်းအနေနဲ့ တပ်ရင်းအတွက် ရိက္ခာကို အဆင့်ဆင့် ခက်ခက်ခဲခဲ သယ်ယူရတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။