ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိနေ တယ်လို့ Black Panther Column – တပ်ခွဲ ၂ မှ မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

”တပ်မ ၂၂ရဲ့  အလှူတော်မဂ်လာ ဗိုလ်မှူးကြီးစောဒါဘောတို့ဆီကို ဆက်တိုက်ကို ရက်ရက်ရောရော လှူတမ်းနေပါကြောင်း ကြော်ညာမောင်း ဒူဝေ ဒူဝေ”လို့ ရေးသားပြီး လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါ တယ်။

မြဝတီမြို့နယ် ရသေ့ဂူ၊ မင်းလက်ပံနဲ့ ဖလူးကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ တပ်မ ၂၂ လက်အောက်ခံ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ချေမှုန်းနေပြီး စစ်သားအများ အပြားသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိနေတာဖြစ်ပါတယ်။

Video – Black Panther Column – တပ်ခွဲ ၂

0 Shares:
You May Also Like
Read More

မုံရွာကနေ ကြေးနီနဲ့ ကျောက်စိမ်းတင်လာတဲ့ စစ်ကောင်စီရေယာဉ်အုပ်စုကို ရှေ့ထွက်ပြောင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မုံရွာကနေ ကြေးနီနဲ့ ကျောက်စိမ်းတင်လာတဲ့ စစ်ကောင်စီရေယာဉ်အုပ်စုကို ရှေ့ထွက်ပြောင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)
Read More

ရှေ့တန်းက ပြန်လာတဲ့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေကို ဒေသခံပြည်သူများ သောင်းသောင်းဖြဖြကြိုဆို (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ နေရာဒေသခံမရွေး ကျရာတာဝန်ကို ထမ်းဆောင်ပြီး ပြန်လာကြတဲ့ ရဲဘော်တွေကို ဒေသခံပြည်သူများက ‌အောင်သပြေပန်းများနဲ့ ကြိုဆိုဂုဏ်ပြုခဲ့တယ် လို့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့အဝင် အကြမ်းဖက်စစ်တပ်ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၅ ဦး သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အကျဆုံးတွေရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငဖဲတွင် လက်နက်ခဲယမ်းသယ်လာသည့် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၇ ဦး သေပြီး သေနတ် ၄ လက် ရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Chin Defence Force - Asho ထံက သိရပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်သားတွေ လိုက်ပါလာတဲ့ တွဲကားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကနေ ဝမ်ပေါင်ကုမ္ပဏီဆီ အကြမ်းဖက်စစ်သား အစောင့်တွေနဲ့ ပစ္စည်းတွေ သယ်နေတဲ့ တွဲကားတွေကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက ပြင်းအားမြင့်မိုင်းပဒေသာ ၅ လုံးတွဲ တစ်ပွိုင့်၊ တစ်ဘက်ဖွင့် ရှေ့ထွက်မိုင်းပဒေသာ ၅ လုံးတွဲ တစ်ပွိုင့်နဲ့ မိုင်းပွိုင့် ၃ နေရာ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။
Read More

မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ ကျေးရွာကို ဗုံးလာကြဲတဲ့ စစ်ကော်မရှင်ဂျက်တိုက်လေယာဉ်ကို တော်လှန်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက် ထိခိုက်မှုကြောင့် မြိတ်မြို့သို့ ပြန်လှည့်သွား (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ‌မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်းကျေးရွာအနီး ဗုံးလာကြဲတဲ့ ဂျက်တိုက်လေယာဉ်ကို တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ KNU -မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။