ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ ကရင်နီပြည်ရဲဌာန (KSP) ကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် KSP ရဲဘော် ၅ယောက် ကျဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

နိုဝင်ဘာ ၃ ရက် မနေ့က မနက်ပိုင်းမှာ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ ကရင်နီပြည်ရဲဌာန (KSP) စခန်း တစ်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် KSP ရဲဘော်တွေ ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“ထိတွေ့မှုမရှိပါဘူး၊ Location အတိအကျကို KSP ရုံးတည့်တည့်ကြဲတာပါ၊ KSP ကျား ၄ ယောက်၊ မ ၁ယောက် သေတယ်၊ ထိခိုက် ၇ဦးရှိတယ်၊ တယောက်ဆေးရုံမှာ အခြေနေမကောင်းပါ။ ကျန်တာ ဆေးကုမူခံယူနေတုန်းပါ” လို့ နယ်မြေခံ သတင်းရင်းမြစ်က မောင်းကို ပြောခဲ့ပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ငလျင်ဘေးသင့်ပြည်သူများအတွက် ရှေ့တန်းစစ်မျက်နှာပြင်ရောက် PDF ရဲဘော်များ ဆုတောင်းပွဲပြုလုပ် (ရုပ်/သံ)

တောင်ပိုင်း​စစ်ဒေသ​၊ စစ်​ဆင်ရေးနယ်မြေ (၁)၊ အမှတ်(၂၇) စစ်ဗျူဟာ ကွပ်ကဲမှုအောက်ရှိ‌ ဖာပွန်ရှေ့တန်းစစ်မျက်နှာပြင်မှာ ရောက်ရှိနေတဲ့ PDF ရဲဘော်တွေက ငလျင်သေးသင့်ပြည်သူတွေအတွက် ဆုတောင်းပွဲပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာမြို့အဝင် ယာဉ်များကို ပိုက်ဆံတောင်းနေသည့် စစ်သားများအား ဝင်ရောက်ပစ်ခတ်စဉ် ရဲဘော် ၃ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့အဝင်မှာ ယာဉ်တွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ပစ်ခတ်စဉ် ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်း က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ် ကန်နီပျူစခန်းကို ဒရုန်းနဲ့ အီနာဂါဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ကန်နီပျူစခန်းကို ဒီဇင်ဘာ ၂ ရက် မနေ့နေ့လယ်ပိုင်းက Fixed Win Drone တွေနဲ့ အီနာဂါဗုံးသီးအလုံး ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Victor Hidden Forces အဖွဲ့ထံက သိရပါတယ်။
Read More

ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနာမည်ကြီးအဆိုတော်တွေရဲ့ ဖျော်ဖြေပွဲကြောင့် လူမှုကွန်ရက်မှာ ဝေဖန်မှုမြင့်တက် (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Spicy Bar မှာ မတ်လ ၂၈ ရက်က  ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲကြောင့် လူမှု ကွန်ရက်သုံးစွဲသူတွေအကြား ဝေဖန်မှုမြင့်တက်လျက်ရှိပါတယ်။
Read More

တောင်ငူမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အောင်သပြေကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။