မကွေးတိုင်း၊ ပုခုက္ကူမြို့နယ်မှာ ကုန်ကားတွေဆီက ဆက်ကြေးငွေကောက်နေတဲ့ ရဲလင်မယားကို တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ရာ ရဲအမျိုးသားဖြစ်သူ သေဆုံးသွားပြီး အမျိုးသမီးဖြစ်သူကိုတော့ အရှင်ဖမ်းမိခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့ထံက သိရပါတယ်။ 

နိုဝင်ဘာလ ၁ ရက်နေ့၊ မနက် ၇ ခွဲဝန်းကျင်အချိန်မှာ ပခုက္ကူမြို့၊ လေယာဉ်ကွင်းထိပ်မှာ ကုန်ကားတွေဆီက ငွေတောင်းနေတဲ့ ရဲလင်မယားကို တော်လှန်ရေးရဲဘော်တွေက တွေ့ခဲ့တာကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

“သူတို့က ပိုက်ဆံကို တရားဝင် ကောက်ခိုင်းတာလည်း မဟုတ်ဘူး။ ဘက်ဂျက်လျှိုရှာတာပေါ့လေ…. တရက်တရက်ကို ၂ယောက် ဒါမှမဟုတ်ရင် ၃ယောက်လောက်က ထွက်ထွက်တောင်းနေတာ။ အဲ့ဒါကို ကျနော်တို့ကလည်း ချောင်းနေတာပေါ့။ ရဲလင်မယား ၂ယောက်ကိုတော့ ယောက်ျားကိုတော့ အနီးကပ် ပစ်ခဲ့လိုက်တယ်။ မိန်းမကတော့ ဗိုက်ကြီးနဲ့မို့လို့ ဖမ်းလိုက်တယ်။ စစ်ဆေးမေးမြန်စရာရှိတာ မေးပြီး ပြန်လွှတ်လိုက်ပါတယ်” လို့  Southern YSO PDF တပ်ဖွဲ့ တာဝန်ခံ အောင်မောင်းက မောင်းကို ပြောပါတယ်။ 

သေဆုံးသွားတဲ့ ရဲတပ်သားဟာ အသက် ၂၈ နှစ်အရွယ် ကိုရည်မွန် ဆိုသူ ဖြစ်ပြီး ပခုက္ကူဇာတိဖြစ်ကာ ရဲလုပ်သက် ၆နှစ်ရှိပြီလို့ Southern YSO PDF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် သူ့ထံက MA1 သေနတ် ၁လတ်နဲ့ ဆိုင်ကယ် ၁ စီးကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

 

တိုက်ခိုက်နေချိန်အတွင်း အခင်းဖြစ်ပွားရာနေရာနဲ့ မီတာ ၂၀၀ အကွာ စစ်တပ်ဂိတ်ကနေ ပစ်ကူပေးတာကြောင့် တော်လှန်ရေးရဲဘော်တွေက အဆိုပါ ဂိတ်နေရာကို ၄၀ မမ တစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ 

“ကင်းဂိတ်နေရာကို ၄၀ မမ ပြန်ကျွေးလိုက်တာ အဲ့နေရာကို ကွက်တိကျတယ်။ ‌ေ-ွးတစ်ကောင် ထပ်သေတယ်လို့ ကျနော်တို့ အတွင်းသတင်းအရ ပြန်သိထားရပါတယ်” လို့ တာဝန်ခံ အောင်မောင်းက ပြောခဲ့ပါတယ်။

သေဆုံးသည့် ရဲ၊ ကိုယ်ဝန်သည် ရဲမိန်းမနှင့် သိမ်းဆည်းရရှိသည့် လက်နက် (ဓာတ်ပုံ Southern YSO PDF)

0 Shares:
You May Also Like
Read More

ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင် တပ်သားတစ်ယောက် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

ဘောလုံးကန်ဖို့ထွက်လာသည့် ၁၇ နှစ်အရွယ် လူငယ်ကို စစ်ကောင်စီတပ်သားများ သေနတ်ဖြင့်ပစ်သတ် စွန့်ပစ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်သားတွေက ဘောလုံးကန်ဖို့ထွက်လာတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ် ၁ ယောက်ကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ ထံက သိရပါတယ်။
Read More

ဖြူးနဲ့ အုတ်တွင်းမှာ ၆ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော် သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ (၆)ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

သေချင်ချင် မသေချင်ချင် အတင်းသေခိုင်းပြီး ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးနေတဲ့ စစ်ကောင်စီ၊ မောင်တောတိုက်ပွဲမှာ ထွက်ပြေးရင်း မိုင်းနင်းမိကာ သေဆုံးတဲ့ အောင်နေမျိုး သူရဲကောင်း မှတ်တမ်းဝင်ခဲ့

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က လွတ်လပ်ရေးနေ့မှာ သူ့ရဲ့ အကြမ်းဖက်စစ်တပ် အရာရှိ ၉ယောက်ကို စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်နဲ့ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်တွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ 
Read More

ပခုက္ကူက အနောက်ဘုန်းကန် ပြည်သူ့စစ်ရွာကို တော်လှန်ရေးတပ်တွေ ရော့ကတ်နဲ့ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ပြည်သူ့စစ်ကျေးရွာထဲ ရော့ကတ်ဗုံးသီးတွေနဲ့သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း Cobra One အဖွဲ့တာဝန်ရှိသူ မြွေဟောက်က မောင်းကိုပြောပါတယ်။
Read More

အကြွေး ကျပ်ဘီလီယံ ၁၀၀ ကျော်ရှိနေသည့် ဒေါက်တာသက်သက်ခိုင် စစ်အုပ်စု၏ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် မရ..

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ဟာ အကြွေးပေးဖို့ ရှိနေတဲ့ အချက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ ဒေါက်တာသက်သက်ခိုင်ဟာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ)ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတာကြောင် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။ ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံကိန်းအတွက် ဒေါက်တာသက်သက်ခိုင်နဲ့ စီးပွားဖက်တွေက ကမ္ဘောဇဘဏ်ဆီကနေ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးငှားခဲ့ပေမယ့် 68 Residence အိမ်ရာစီမံကိန်းဟာ အချိန်မီ ပြီးစီးခြင်းမရှိတဲ့အပြင် ကမ္ဘောဇဘဏ်ကနေ ချေးယူထားတဲ့ ငွေကျပ် ဘီလီယံ ၁၀၀ ကျော်ကိုလည်း ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။