ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ရနဲကျေးရွာအနီး ရိက္ခာသယ်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကော် မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရသွားတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်ခန့်က ရွာငံမြို့နယ် ရနဲကျေးရွာအနီး အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေနဲ့ DSNDA ရဲဘော်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ တော်လှန် ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – DSNDA

0 Shares:
You May Also Like
Read More

ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း နောက်တန်းပြန်ရဲဘော်တွေ တပ်ရိက္ခာအဆင်ပြေစေဖို့ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း (Budalin Mobile Team-BMT) က နောက်တန်းပြန်ရဲဘော်တွေဟာ တပ်ရိက္ခာအဆင်ပြေစေဖို့ စပါး၊ မြေပဲ၊ ငရုတ်၊ ခရမ်းစတဲ့ စိုက်ပျိုးရေးတွေအပြင် မွေးမြူရေးတွေလည်း ကိုယ်တိုင်လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
Read More

မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရကာ ၉လကြာ ဆေးကုသမှု ခံယူပြီးနောက် ရဲဘော် မောင်ဘုန်းပြည့်ကျော် ကျဆုံးခဲ့ (ရုပ်/သံ)

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ မန္တလေးဒေသခံ ရဲဘော် မောင်ဘုန်းပြည့် ကျော်ရဲ့စျာပနကို ကျင်းပပြုလုပ်ခဲ့တယ်လို့ PDF-Zoland ထံက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ PDF တပ်ဖွဲ့တွေရဲ့ စစ်ရေးလေ့ကျင့်ပြင်ဆင်မှု (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသက PDF တပ်ဖွဲ့ဝင်တွေရဲ့ ပြင်းပြင်းထန်ထန်  စစ်ရေးလေ့ကျင့်နေတဲ့ ရုပ်သံမှတ်တမ်းတွေကို ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြောင်မြို့မရဲစခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ပြည်သူများထံ ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သား နေအိမ်တွေကို မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့  Karenni Nationalities Defence Force (KNDF) ထံက သိရပါတယ်။
Read More

မြို့သာမြို့ရဲစခန်းအား တော်လှန်ရေးတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် မြို့သာမြို့ရဲစခန်းအား တော်လှန်ရေးတပ်တွေက လက်နက်ကြီး လက် နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံမှ သတင်းထုတ်ပြန် ထားပါတယ်။