မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မမြင်ရတဲ့ အကျပ်အတည်းကို တုံ့ပြန်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အမ်ဒရူးက အောက်တိုဘာလ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာ ဝေဖန်လိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီကို အစီရင်ခံစာ တင်ပြပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ အမ်ဒရူးက စစ်အာဏာသိမ်းပြီး လေးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ “အဆမတန် ပိုမိုဆိုးရွားလာတယ်” လို့ ပြောဆိုခဲ့ပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ အရင်နှစ်က ကုလသမဂ္ဂကို အစီရင်ခံတင်ပြခဲ့တုန်းကထက် ဒီနှစ်မှာ သိသိသာသာ ပိုမိုဆိုးရွားနေကြောင်း သူက ပြောပါတယ်။

လက်ရှိမှာ မြန်မာပြည်သူပေါင်း ၂၂ သန်းနီးပါးဟာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေပြီး ၁၆.၇ သန်း ကတော့ စားနပ်ရိက္ခာ မလုံလောက်မှုကို အပြင်းအထန် ရင်ဆိုင်နေရပါတယ်။

၂၀၂၅ ခုနှစ်ရဲ့ ဒုတိယ သုံးလပတ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ အများဆုံး ဖြစ်ပွားခဲ့ကြောင်း တွမ်အမ်ဒရူးက ထောက်ပြပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်အလယ်ပိုင်းက မိသားစုတွေရဲ့ ၅၇% ဟာ သူတို့ရဲ့ အခြေခံစားနပ်ရိက္ခာ လိုအပ်ချက်ကိုတောင် မဖြည့်တင်းနိုင်တော့ကြောင်း၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ၃၃% သာရှိခဲ့ပြီး သိသိသာသာ မြင့်တက်လာကြောင်း မစ္စတာ အမ်ဒရူးက ပြောကြားခဲ့ပါတယ်။

“ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေတာတွေကို စတင်လုပ်ဆောင်ဖို့ မိမိအနေနဲ့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်” “လူသားချင်းစာနာမှု အခြေအနေတွေ ပိုဆိုးလာနေချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီရရှိနိုင်မှုကပါ ပိုဆိုးလာနေတာက လုံးဝ ကပ်ဘေးကြီး ဖြစ်နေပါပြီ” လို့ သူက ပြောဆိုထားပါတယ်။

လက်ရှိ အကူအညီလိုအပ်နေသူ ၂၂ သန်း ရှိပေမယ့် လူသားချင်းစာနာမှု အကူအညီပေးဖို့ ရည်ရွယ်တဲ့ လူဦးရေကို ၄.၈ သန်းအထိ လျှော့ချလိုက်တာဟာ “လိုအပ်နေတဲ့ ၂၂ သန်းရဲ့ လေးပုံတပုံတောင် မပြည့်တော့ဘူး” လို့ အမ်ဒရူးက ဝေဖန်ထားပါတယ်။

တဆက်တည်းမှာပဲ မြန်မာစစ်ကောင်စီက အခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပထမအသုတ် စတင်လုပ်ဆောင်မယ့် ရွေးကောက်ပွဲ ပြင်ဆင်နေမှုအပေါ် မစ္စတာ အမ်ဒရူးက “အတုအယောင်” နဲ့ “အလိမ်အညာ” သာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“နိုင်ငံရေး အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းဆီး၊ ထိန်းသိမ်း၊ ထောင်ချ၊ နှိပ်စက်နေချိန်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ မရှိနိုင်ပါဘူး” လို့ သူက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာလူနည်းစုအပေါ် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးယူဆောင်ရွက်ဖို့ တောင်းဆိုပြီး “တရားမျှတမှု ဖော်ဆောင်ရေးကို အတင်းအကျပ် တောင်းဆိုရမယ်” လို့လည်း သူက ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း – UN rapporteur says international community failed Myanmar amid worsening crisis

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်များ ပြတ်သားစွာ ငြင်းပယ်ရမည်ဟု တွမ်အင်ဒရူးစ် တိုက်တွန်း

မြန်မာနိုင်မှာ စစ်အုပ်ချုပ်ရေးကို ပိုမိုခိုင်မာစေပြီး နိုင်ငံတကာဖိအားတွေ လျှော့ချဖို့ကိုသာ ရည်ရွယ်ထားတဲ့ စစ်ကော်မရှင်ရဲ့ တရားမဝင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်တွေ ပြတ်ပြတ်သားသား ငြင်းပယ်ရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောဆိုလိုက်ပါတယ်။
Read More

ကုလလို နိုင်ငံတကာ အဖွဲ့အစည်းတွေ အားလုံး ရေဘေး အကူအညီတွေပေးအပ်ရေးအတွက် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ တိုက်တွန်း

ကုလလို နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ မြန်မာပြည်ရေဘေးအတွက် အကူအညီပေးဖို့ လိုအပ်ပေးမယ့် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားလိုက်ပါတယ်။
Read More

ကန်ချနဘူရီမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ ဦး ထပ်မံ ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ၊ စံခလဘူရီမှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား အယောက် ၇၀ ကို အာဏာပိုင်တွေက ထပ်မံဖမ်းဆီးလိုက်ပါတယ်။ 
Read More

ဂျပန် ဆေးဘက်ဆိုင်ရာနည်ပညာအဖွဲ့ မြန်မာပြည်ကိုရောက်ရှိလာ

ငလျင်ဒဏ်သင့် ဒေသတွေမှာ ဆေးဝါးကုသပေးဖို့ ဂျပန်ဆေးဖက်ဆိုင်ရာနည်းပညာအဖွဲ့ဒုတိယအသုတ် ရောက်ရှိလာတယ်လို့ JICA Myanmar ကထုတ်ပြန်ပါတယ်.။
Read More

ထိုင်းမှ မလေးရှားသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် အထောက်အထားမဲ့ မြန်မာ ၁၀ ဦးကို မလေးရှားစစ်တပ်ဖမ်းဆီး

ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ Golok မြစ်ကို ဖြတ်ဖို့ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသား ၁၀ ယောက်ကို မလေးရှားစစ်တပ် (TDM) က ဖမ်းဆီးထားတယ်လို့ Malay Mail သတင်းက ဖော်ပြထားပါတယ်။
Read More

စစ်ခေါင်းဆောင်နဲ့တွေ့ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်အင်္ဂါနေ့က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။