မကွေးတိုင်း၊ ငဖဲမြို့နယ်အနောက်ခြမ်းက နတ်ရေကန် ကာကင်းစခန်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ကြောင်း Chin Defense Force (Asho) က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော် AA အပါအဝင် ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ နတ်ရေကန်တောင်ခြေ ကာကင်းစခန်းတိုက်ပွဲရဲ့ ရှေ့တန်းတစ်နေရာမှာ CDF – Asho တပ်ဖွဲ့ဝင် ဆလိုင်းအာရှယ်ပါ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

CDF -Asho တပ်ဖွဲ့ဝင် ဆလိုင်းအာရှယ်ပါ ဟာ အောက်တိုဘာလ ၂၈ ရက်နေ့က တိုက်ပွဲတစ်နေရာမှာ ကျဆုံးခဲ့ပြီး သူ့ရဲ့ ရုပ်အလောင်းကိုတော့ သင်္ဂြိုဟ်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

“နတ်ရေကန်အနီး နတ်ရေကန်တောင်ခြေ ကာကင်းစခန်း တိုက်ပွဲမှာဖြစ်တာပါ။ သီးခြားမှတ်ချက်ပေးဖို့ အဆင်မပြေသေးပါဘူး။” လို့ Chin Defense Force (Asho) ရဲ့ သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းကိုပြောပါတယ်။

ကျဆုံးခဲ့သည့် ရဲဘော် ဆလိုင်းအာရှယ်ပါ စျာပန (ဓာတ်ပုံ Chin Defence Force – Asho)
ကျဆုံးခဲ့သည့် ရဲဘော် ဆလိုင်းအာရှယ်ပါ စျာပန (ဓာတ်ပုံ Chin Defence Force – Asho)

ဆလိုင်းအာရှယ်ပါ အနေနဲ့ ရဲဘော်ကောင်းတစ်ယောက်ဖြစ်တာကြောင့် အခုလို ကျဆုံးမှုဟာ အစားမထိုးနိုင်ကြောင်း၊ ပေးအပ်လာတဲ့တာဝန်နဲ့အမိန့်အပေါ် အသက်နဲ့လဲပြီး ထမ်းဆောင်ခဲ့တဲ့အတွက် များစွာဂုဏ်ယူကြောင်း၊ ရှေ့ဆက်ပြီး မပြီးပြတ်သေးတဲ့ တော်လှန်ရေးတာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တာကြောင့် အေးချမ်းစွာအနားယူနိုင်ပြီဖြစ်ကြောင်း CDF (Asho) က အမိန့်ပြန်ထားပါတယ်။

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန် ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း အာရက္ခတပ်တော် (AA) က နတ်ရေကန် ဗျူဟာကုန်းနဲ့ပတ်သက်ပြီး လက်ကျန်အကြမ်းဖက်စစ်စခန်းတချို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နေတာကြောင့် ထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့ ပြောထားပါတယ်။

CDF (Asho) အနေနဲ့ နတ်ရေကန်ကာကင်းစခန်းတိုက်ပွဲတွေမှာ အာရက္ခတပ်​တော် (AA) နဲ့ ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်နေသလို ငဖဲမြို့နယ်အတွင်းက သူတို့စိုးမိုးရာနယ်မြေတွေမှာလည်း တိုက်ပွဲဖော်ဆောင်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကျဆုံးခဲ့သည့် ရဲဘော် ဆလိုင်းအာရှယ်ပါ စျာပန (ဓာတ်ပုံ Chin Defence Force – Asho)
ကျဆုံးခဲ့သည့် ရဲဘော် ဆလိုင်းအာရှယ်ပါ စျာပန (ဓာတ်ပုံ Chin Defence Force – Asho)
0 Shares:
You May Also Like
Read More

စလင်းမြို့နယ်မှာ သံချပ်ကာယာဥ်တွေ ပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၂ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ သံချပ်ကာယာဥ်တွေ ပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဗမာ့တပ်တော်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နောင်လာနောက်သားတွေအတွက် ဆိုးကျိုးတွေပဲ ဖြစ်စေနိုင်မယ့် ဘိန်းခင်းတွေကို CDF Civic Defense Militia – CDM-Siyin တပ်ဖွဲ့ ဖျက်ဆီးရှင်းလင်း

ချင်းပြည် (Chinland) ၊  Siyin ဒေသမှာ စီးပွားရေးသမားတွေရဲ့ သွေးထိုးမှုနဲ့ စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို ဒီဇင်ဘာလ ၁၉ရက်နေ့က  ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း CDF Civic Defense Militia - CDM-Siyin တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ခမရ ၁၁၉ မှာ တာဝန်ကျကာ အလင်းဝင်လိုသည့် စစ်မှုထမ်းတပ်သားကို Burma Revolution Rangers အဖွဲ့ သွားရောက်ကယ်ထုတ်ပေးခဲ့

စစ်မှုထမ်းတပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့အခြေစိုက် ခမရ ၁၁၉မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ကို သွားရောက်ကူညီ ခေါ်ဆောင်ပေးခဲ့ရကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီ လေကြောင်းက ဆက်တိုက် ဗုံးကြဲနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအဆက်မပြတ် အသုံးပြုနေကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်ထံက သိရပါတယ်။
Read More

ဒေါပုံမှာ သန်းခေါင်စာရင်းလိုက်ကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို ဓာတ်ဆီ ပက်ပြီး မီးရှို့တိုက်ခိုက်

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ စစ်မှုထမ်းနဲ့ ရွေးကောက်ပွဲအတွက်  သန်းခေါင်စာရင်းလာကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် ၉၄၂၅ က အသက် ၁၉ နှစ်အရွယ် ရဲဘော် ကျဆုံးခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်ရှိ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ဗျူဟာ(၂) ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၁) မှ ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ မိခင်တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။