စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီးတွေဟာ အသက်မပြည့်သေးတဲ့ မိန်းကလေး ၂ ယောက်ကို ပေါ်တာဆွဲပြီး သူတို့ထဲက ၁ ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်လိုက်တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ ကောလင်းမြို့နယ်အရှေ့ခြမ်း ပေကုန်းရွာကနေ ရွှေဘိုကို ဆိုင်ကယ်နဲ့ထွက်လာတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၁ယောက်ကို ကန့်ဘလူမြို့နယ် စံပယ်နံ့သာအထိုင်စခန်းရှိ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးပြီးတဲ့နောက် ပေကုန်းရွာက အသက် ၁၆ နှစ်အရွယ် မသင်းသင်း (အမည်လွှဲ) ကို အကြမ်းဖက်စစ်အုပ်စုက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ပြီး ကျန်တဲ့ မိန်းကလေးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

“အိမ်က မိဘတွေ ပြောစကားအရ ပုရစ်တူးဖို့ဆိုပြီး ထွက်သွားကြတာ။ ထွက်သွားတယ်ဆိုပေမယ့် မိုင် ၄၀ ကျော်ကြီးကို တစ်ရက်တည်းနဲ့ရောက်အောင် မောင်းနိုင်လားတော့ မပြောတတ်ဘူး။ ဆိုင်ကယ်နဲ့ ထွက်သွားကြတာ။ အဲဒီဂိတ်မှာ အဖမ်းခံရတယ်ပေါ့။ မုဒိမ်းကျင့်ခံရတဲ့ တစ်ယောက်ကလည်း အသက်ရှင်နိုင်စရာ အကြောင်းမရှိတော့ဘူး သူပြောတယ်။ သေပြီလို့တော့ အတည်ပြုဖို့ မဖြစ်နိုင်ဘူးပေါ့နော်။ သူတော့ ရှင်မှ ရှင်ပါ့မလား မသိဘူးဆိုပြီး စကားတော့ ထွက်ခဲ့တယ်” လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်လာတဲ့ မိန်းကလေးကိုလည်း စစ်အုပ်စုက အသေခံမလား၊ မုဒိမ်းကျင့်ခံမလားလို့ မေးမြန်းခဲ့ကြောင်း၊ အသေခံမယ်လို့ ပြောပြီး ထွက်ပြေးလာရင်း တော်လှန်ရေးအဖွဲ့တွေထံ ရောက်ကာ အဲဒီကတဆင့် မိဘတွေထံ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

“သူ့ကိုလည်း အဓမ္မပြုကျင့်ခံမလား၊ အသေခံမလားလို့ မေးတယ်။ သူကတော့ အသေခံမယ်လို့တော့ ဖြေတယ်။ အဲဒါပြီးတော့ သူမိုင်းကွင်းတွေ ဖြတ်ပြေးခဲ့တယ်။ ပြီးတော့ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ပြီးတော့ ချိတ်ဆက်ပြီး သူ့မိဘဆီ ပြန်ရောက်ခဲ့တယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့တုန်းကလည်း ကောလင်းမြို့နယ်ကနေ တန့်ဆည်ဘက် ကထိန်ခင်းဖို့သွားတဲ့ လင်မယား ၂ ယောက်ကို စံပယ်နံ့သာအထိုင်ဂိတ်က စစ်အုပ်စုတွေ ဖမ်းဆီးပြီး မိန်းမဖြစ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

သာကေတက အငြိမ်းစားရဲမှူးဟောင်းကို AA နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်တိုင်း သာကေတမြို့နယ် အမှတ် ၇ ရပ်ကွက်မှာ နေထိုင်တဲ့ အငြိမ်းစား ရဲမှူရဟောင်း ဦးရွှေဇံ ဆိုသူကို အကြမ်းဖက် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၆ ရက်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

သာယာဝတီက အနှိပ်ခန်းမှာ ရဲအချင်းချင်း စကားများ ပစ်ခတ်လို့ ရဲအုပ်သေ

ပဲခူးတိုင်း၊ သာယာဝမြို့၊ ဆရာစံမြို့သစ်က အနှိပ်ခန်းတစ်ခုမှာ ရဲအချင်းချင်း စကားများ ရန်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲအုပ် ၁ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဆရာစံမြို့သစ်မှာရှိတဲ့…
Read More

တိုင်းရင်းသားအရေး၊ နိုင်ငံရေးအကြောင်းပြချက်တွေနဲ့ စစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်တွေက အခွင့်ရေးယူ တိုက်ခိုက်နေတယ်လို့ မင်းအောင်လှိုင်ကဆိုပြန်

တိုင်းရင်းသားအရေး၊ နိုင်ငံရေး အကြောင်းပြချက်တွေနဲ့ စစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်တွေက အခွင့်ကောင်းယူတိုက်ခိုက်နေတာလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ပြောင်းဖူးချိုးနေတဲ့ မိခင်နဲ့ ၂နှစ်အရွယ် ကလေးငယ် သေဆုံး၊ ဖခင်ဖြစ်သူ ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် တောင်ယာခြံထဲ ပြောင်းဖူးချိုးနေတဲ့ သားအမိ ၂ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မုံရွာတွင် သာစည်​ထောင်ကြီးကွင်းနှင့် ရဲစခန်းအား ဗမာ့တပ်တော်နှင့် ပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်၊ ရဲ ၃ ဦးသေပြီး အဆောက်အဦးတချို့ ထိခိုက်ပျက်စီး

" တိုက်ပွဲက ၄၅ မိနစ်ကြာပါတယ်။ ၆၀ မမတွေနဲ့ ရန်သူ့ဘန်ကာတွေကို အနီးကပ် ပစ်ခတ်တာ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ခဲ့ပါတယ်။ မိမိတို့တော်လှန်ရေးပူးပေါင်းတပ်တွေ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်" လို့ ဗမာ့တပ်တော် (Bamar Army) ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျုံဒိုးမြို့ပေါ်မှ စစ်အုပ်စု ဖမ်းခေါ်သွားသည့် အမျိုးသားတစ်ဦး သေဆုံးပြီဟု သတင်းထွက်ပေါ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်က အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်က  မတ်လ ၂၈ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆိုပါ အမျိုးသား သေဆုံးသွားကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။