တရုတ်ရဲ့ ကြားဝင်မှုနဲ့ ဖိအားတွေကြောင့် တအာင်းတပ်မတော် TNLA က အကြမ်းဖက်စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲကာ မိုးကုတ်မြို့က TNLA တပ်ဖွဲ့ဝင်တွေကို ပြန်လည်ဆုတ်ခွာပေးဖို့ သဘောတူလိုက်ရပေမယ့် မိုးကုတ်ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ တွန့်ဆုတ်ကြောက်ရွံ့ခြင်း အလျဥ်းမရှိဘဲ ဆက်လက်‌တော်လှန်သွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

တော်လှန်ရေးခရီးတလျှောက်မှာ ဘယ်လိုခက်ခဲတဲ့ အချိုးအကွေ့တွေပဲ ကြုံရသည်ဖြစ်စေ မိုးကုတ်ဗျူဟာနဲ့အတူ မိုးကုတ်အခြေပြု တော်လှန်ရေးအဖွဲ့တွေဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဦးတည်ကာ တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ဆိုပါတယ်။

မိုးကုတ်မြို့ကနေ TNLA တပ်တွေ ပြန်ဆုတ်ပေးရတော့မယ်လို့ ကြေညာချက်ထွက်ပြီး တစ်ရက်တည်းမှာပဲ မိုးကုတ်ဗျူဟာနဲ့ MDY PDF တို့ကတော့ စိုးမိုးနယ်မြေတွေကို အစွမ်းကုန် ကာကွယ်ကာ စစ်အာဏာရှင်တွေကို ဆက်လက်တွန်းလှန်သွားမယ့်အကြောင်း အသိပေးခဲ့ကြပါတယ်။

အကြမ်းဖက်စစ်တပ်က ယုတ်မာရက်စက်မှုမျိုးစုံ၊ ကောက်ကျစ်စဥ်းလဲမှုမျိုးစုံနဲ့ တိုက်ခိုက်နေပေမယ့် တော်လှန်ရေးရဲဘော်တွေအနေနဲ့ တွန်းဆုတ်ခြင်း၊ ကြောက်ရွံ့ခြင်း လုံးဝမရှိဘဲ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြို့မငြိမ်း ရေးစပ်ခဲ့သည့် ဂန္တဝင်မြောက် “လူချွန်လူကောင်း” သီချင်းကို ပါတီမဲဆွယ်ဖို့ အသုံးပြုခြင်းအား မြို့မငြိမ်းမိသားစု ကန့်ကွက်ကြောင်း ကြေညာ

အလင်္ကာကျော်စွာဘွဲ့ရ မြို့မငြိမ်း ရေးစပ်ခဲ့တဲ့ ဂန္တဝင်မြောက် "လူချွန်လူကောင်း" သီချင်းကို စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက မဲဆွယ်စည်းရုံရာမှာ ရောင်းချအသုံးပြုစေမှုကို ကန့်ကွက်ကြောင်း မြို့မငြိမ်းမိသားစုက စက်တင်ဘာ ၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

MSRF ၏ အပတ်စဉ် (၃) – ညီနောင်တပ်ဖွဲ့၏ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးဆောင်ရွက်တဲ့ အပတ်စဉ် (၃) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့က MSRF တပ်ရင်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ပေါင်းတည်ကို အင်အားလာဖြည့်တင်းတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ဦး အပြင်းအထန်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ သိမ်းကုန်ကျေးရွာအုပ်က အထိုင်စခန်းကို အင်အားဖြည့်တင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ဦး အပြင်းအထန်ဒဏ်ရာရှိသွားတယ်လို့ (၃၆၀၁) PPDF တပ်ရင်းထံမှ သတင်းရရှိပါတယ်။
Read More

ကရင်နီပြည်စစ်မြေပြင်မှာ KNDF တပ်ရင်း ၂၅ က ဆေးမှူး ရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်စစ်မြေပြင်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ တပ်ရင်း ၂၅ က ဆေးမှူး ရဲဘော် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးကို ပိုမိုကျစ်လျစ် အားကောင်းလာစေမည့် MDY PDF ၏ စစ်ကိုင်းတပ်မဟာ

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းသွားမယ်လို့ မနေ့က  ဒီဇင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ကန့်ဘလူတောင်ဘက်ခြမ်းရှိ ရွာ ၅ ရွာအား ဝါသဝနှင့် ပူးပေါင်းစစ်ကြောင်း စီးနင်းမီးရှို့၊ စစ်အုပ်စုက လေဖြတ်နေသည့် အသက် ၈၀ ကျော် အဘွားအိုကို မုဒိန်းကျင့် သတ်ဖြတ်ကာ အမျိုးသား ၄ ဦးကိုလည်း မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ သင်္ကန်းဝတ် ဝါသဝရဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၅ ရွာကို စီးနင်းမီးရှို့ရင်း အရပ်သား ၅ ယောက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။