ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ဝဲကြီးဆည် စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDF – ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။

အောက်တိုဘာ ၂၈ ရက် မနက် ၇နာရီကျော်လောက်မှာ ဝဲကြီးဆည် စစ်တပ်ဂိတ်ကို ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ (၂) က ရှေ့ထွက်မိုင်းခွဲပြီး သွားရောက်တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်စစ်သား ၂ယောက် သေဆုံးပြီး ဒေသခံ ၃ယောက်လည်း (မစိုးရိမ်ရတဲ့) ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်သူတွေ ထိသွားတာက ယမ်းအစပဲ ထိသွားတာပါ။ ခြေထောက်တို့ပဲ ထိခိုက်သွားတာပါ။ ကျန်တဲ့နေရာတွေ မဟုတ်ပါဘူး။ မစိုးရိမ်ရပါဘူး။ မိုင်းက ရှေ့ထွက်မိုင်းအကြီး ထောင်ခဲ့တာ.. စစ်**တွေ နေရာမှာတင်ပဲ ပွဲချင်းပြီး သေတာ မြင်ခဲ့ရတယ်” လို့ PPDF ၃၆၀၁ တပ်ရင်းရဲ့ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က မောင်းကို ပြောပါတယ်။

စစ်ကော်မရှင်တပ်သားတွေနဲ့ ပေါင်းပြီး ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတင်းအချက်အလက် ပေးပို့တာတွေ ပြည်သူတွေ မြို့ကဝယ်လာတဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးရှာဖွေ သိမ်းဆည်းမှုတွေ လုပ်ဆောင်နေတဲ့ မမေကဗျာ ဆိုသူလည်း အဆိုပါ မိုင်းခွဲမှုကြောင့် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါဂိတ်ကို ၂၀၂၂ ခုနှစ်ကတည်းက ဖွင့်လှစ်ထားတာဖြစ်ပြီး မိုင်းခွဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်အုပ်စုက လက်နက်ငယ်တွေနဲ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ကာ ဂိတ်ကို ပိတ်ထားတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူတွေ ရှင်းလင်းတဲ့အချိန်ကိုစောင့်ပြီး မိုင်းခွဲခဲ့ပေမယ့် မထင်မှတ်ဘဲ ဒေသခံ ၃ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာအနည်းငယ် ရရှိသွားတဲ့အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း ပြောထားပါတယ်။ ဒါ့ပြင် ပြည်သူတွေအနေနဲ့ စစ်ကော်မရှင်ဂိတ်တွေအနီး သွားလာနေထိုင်ခြင်း မလုပ်ကြဖို့လည်း အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူတွင် ခလရ (၄၀၄) မှ စစ်သား ၅ ဦး သေနတ် ၅ လက်နှင့် ခဲယမ်းများယူဆောင်ပြီး ဗထူးတပ်မတော်ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ခလရ (၄၀၄) တပ်ရင်းက စစ်သားတွေ ဂိတ်စခန်းတာဝန်ကျရာကနေ လက်နက်တွေယူဆောင်ပြီး ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ချင်းဒေသ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားနိုင်ပြီဟု PDF Zoland ထုတ်ပြန်

ဇိုမီးဖက်ဒရယ်ပြည်ထောင်စု/ ဇိုလန်း - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Zomi Federal Union/Zoland - People's Defence Force) အနေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီနဲ့ ကာလရှည်ကြာတိုက်ပွဲတွေ ​ဖြစ်ပွားခဲ့ပြီးနောက် အခုအခါ ချင်းဒေသရဲ့ ၈၀% ကျော်ကို ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်း၊ ဒမငယ်ရွာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တစ်ပွင့်ဗိုလ်အပါအဝင် ၁၂ ဦး သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာထဲကို ဝင်ရောက်လာတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက် ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ဗျူဟာ (၂၂) တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

လက်ရှိ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အစွမ်းကုန် ကြိုးပမ်းကာကွယ်သွားမယ်လို့ TNLA ပြော

TNLA က လက်ရှိထိန်းချုပ်ထားတဲ့ နယ်မြေမှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ထပ်မံအခြေမစိုက်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားရမယ်လို့ PSLF/TNLA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားလိုက်ပါတယ်။
Read More

ဂုတ်ထိပ်တံတား ဖျက်ဆီးခံရမှု ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု တစ်နိုင်ငံလုံးကို ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်း ပြော

သက်တမ်း ၁၂၀ ကျော်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။
Read More

တောင်ငူတွင် စစ်ကြောင်းထိုး စစ်အုပ်စုများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံးကာ လာလမ်းအတိုင်း ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူ‌မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်နီးပါး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။