စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၉ ရက် မနေ့ည ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ စစ်တပ်က ညောင်ခြေထောက်ရွာကို ဂျက်ဖျုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ယောက်၊ အသက် ၄၀ အရွယ် အမျိုးသမီး ၂ ယောက်၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ယောက်၊ စုစုပေါင်း ၅ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၇ ယောက်ထဲက အသက် ၉၀ အရွယ် အဖွားအိုကတော့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

၃ကြိမ်တိတိ လေကြောင်းဗုံးကြဲခဲ့တဲ့အတွက် နေအိမ် ၁၄ လုံး၊ ဘုန်းကြီးကျောင်းဝန်း အတွင်းအပြင်၊ ဓမ္မာရုံနဲ့ ပရဟိတကား ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့တုန်းကလည်း ကသာမြို့ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်သင်္ဘောတွေက ကသာအထက်ပိုင်း ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်ကာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့တာကြောင့် ဘုရားစေတီတွေ၊ သာသနိက အဆောက်အအုံတွေ ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံတစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်ခြင်း ခံခဲ့ရသည့် ညောင်ခြေထောက်ရွာ (ဓာတ်ပုံ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

မကွေးတိုင်းအတွင်း ကျေးရွာအချို့ စက်တပ်လေထီး ဗုံးကြဲခံရမှုကြောင့် ဒေသခံ ၅ ဦး သေဆုံး

မကွေးတိုင်းအတွင်းရှိ ကျေးရွာတချို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က မနေ့က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ဝမ်းတွင်းကနေ မန္တလေးဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ကနေ မန္တလေးမြို့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) ထံက သိရပါတယ်။
Read More

ဝန်းသို နမ်းခမ်းရွာကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၃၀ ထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲက နမ်းခမ်းရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂) ဦး ထိခိုက် သေဆုံး၊ နေအိမ် (၁)လုံးနှင့် ဂိုဒေါင် (၁) လုံး ထိမှန်ပျက်စီးခဲ့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး နေအိမ် (၁)လုံးနဲ့ ဂိုဒေါင် (၁) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ အကြမ်းဖက်စစ်ကြောင်းကြောင့် မြို့အနောက်တောင်ပိုင်းဇုန်က ရွာ ၁၀ရွာ ထက်မနည်း တိမ်းရှောင်နေရ၊ အရေးပေါ်လိုအပ်ချက်တွေ မြင့်တက်နေ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် မြို့အနောက်တောင်ပိုင်းတကြောက ကျေးရွာတွေမှာအရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
Read More

လားရှိုးမြို့ကို စစ်ကောင်စီတပ် တစ်ရက်အတွင်း ၂ ကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူတစ်ယောက် ဒဏ်ရာရပြီး ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။