စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီးတွေဟာ အသက်မပြည့်သေးတဲ့ မိန်းကလေး ၂ ယောက်ကို ပေါ်တာဆွဲပြီး သူတို့ထဲက ၁ ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်လိုက်တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ ကောလင်းမြို့နယ်အရှေ့ခြမ်း ပေကုန်းရွာကနေ ရွှေဘိုကို ဆိုင်ကယ်နဲ့ထွက်လာတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၁ယောက်ကို ကန့်ဘလူမြို့နယ် စံပယ်နံ့သာအထိုင်စခန်းရှိ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးပြီးတဲ့နောက် ပေကုန်းရွာက အသက် ၁၆ နှစ်အရွယ် မသင်းသင်း (အမည်လွှဲ) ကို အကြမ်းဖက်စစ်အုပ်စုက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ပြီး ကျန်တဲ့ မိန်းကလေးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

“အိမ်က မိဘတွေ ပြောစကားအရ ပုရစ်တူးဖို့ဆိုပြီး ထွက်သွားကြတာ။ ထွက်သွားတယ်ဆိုပေမယ့် မိုင် ၄၀ ကျော်ကြီးကို တစ်ရက်တည်းနဲ့ရောက်အောင် မောင်းနိုင်လားတော့ မပြောတတ်ဘူး။ ဆိုင်ကယ်နဲ့ ထွက်သွားကြတာ။ အဲဒီဂိတ်မှာ အဖမ်းခံရတယ်ပေါ့။ မုဒိမ်းကျင့်ခံရတဲ့ တစ်ယောက်ကလည်း အသက်ရှင်နိုင်စရာ အကြောင်းမရှိတော့ဘူး သူပြောတယ်။ သေပြီလို့တော့ အတည်ပြုဖို့ မဖြစ်နိုင်ဘူးပေါ့နော်။ သူတော့ ရှင်မှ ရှင်ပါ့မလား မသိဘူးဆိုပြီး စကားတော့ ထွက်ခဲ့တယ်” လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်လာတဲ့ မိန်းကလေးကိုလည်း စစ်အုပ်စုက အသေခံမလား၊ မုဒိမ်းကျင့်ခံမလားလို့ မေးမြန်းခဲ့ကြောင်း၊ အသေခံမယ်လို့ ပြောပြီး ထွက်ပြေးလာရင်း တော်လှန်ရေးအဖွဲ့တွေထံ ရောက်ကာ အဲဒီကတဆင့် မိဘတွေထံ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

“သူ့ကိုလည်း အဓမ္မပြုကျင့်ခံမလား၊ အသေခံမလားလို့ မေးတယ်။ သူကတော့ အသေခံမယ်လို့တော့ ဖြေတယ်။ အဲဒါပြီးတော့ သူမိုင်းကွင်းတွေ ဖြတ်ပြေးခဲ့တယ်။ ပြီးတော့ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ပြီးတော့ ချိတ်ဆက်ပြီး သူ့မိဘဆီ ပြန်ရောက်ခဲ့တယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့တုန်းကလည်း ကောလင်းမြို့နယ်ကနေ တန့်ဆည်ဘက် ကထိန်ခင်းဖို့သွားတဲ့ လင်မယား ၂ ယောက်ကို စံပယ်နံ့သာအထိုင်ဂိတ်က စစ်အုပ်စုတွေ ဖမ်းဆီးပြီး မိန်းမဖြစ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ် ၈လတာအတွင်း အကြမ်းဖက်စစ်တပ် အကြိမ် ၃၃၀၀ ကျော် လေကြောင်းတိုက်ခိုက်၊ ငလျင်အပြီး အပစ်ရပ်ထားသည့် ဧပြီလတွင် စံချိန်တင် အများဆုံး တိုက်ခိုက်ခဲ့

၂၀၂၅ ခုနှစ်ရဲ့ ၈ လတာ ကာလအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ အကြိမ်‌ရေ ၃,၃၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုက ပျူစခန်းတွေကို ၅ ရက်တာ ဒရုန်းမစ်ရှင်နဲ့ တိုက်ခိုက်

စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ ပျူစောထီးစခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ၅ ရက်တာ ဒရုန်းမစ်ရှင်ဖော်ဆောင်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ငုံ့မခံ တုံ့ပြန်ခဲ့ကြသည့် ဒေါက်တာတေဇာဆန်းတို့အဖွဲ့ကို စစ်အုပ်စု အသည်းအသန် ပိုက်စိပ်တိုက်ရှာဖွေ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လမ်းကြောင်းရှိတာကြောင့် လုံခြုံရေးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်၊ စျေးချိုမှာ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနဲ့ သပိတ်အဖွဲ့ဝင်တွေ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။ ဒီဇင်ဘာ ၃ရက် မနေ့က မနက်အစောပိုင်းမှာ ဆန္ဒပြခဲ့တာဖြစ်ပြီး ဒေါက်တာတေဇာဆန်းနဲ့အတူ ကိုနန်းလင်း(ရန်ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း)နဲ့ မြို့နေလူထု ပါဝင်ခဲ့တယ်လို့သိရပါတယ်။
Read More

စစ်ကော်မရှင် အဓမ္မ တပ်သားသစ်စုဆောင်းမှု ခန့်မှန်းထားသည်ထက် ပိုမိုရရှိနေ၊ ပြန်လည်ထွက်ပြေး လွတ်မြောက်လာသူ အနည်းငယ်သာရှိဟု ဆို

အာဏာသိမ်း အကြမ်းဖက်စစ်တပ်က တရားမဝင် စစ်မှုထမ်းဥပ‌ဒေ ပြဌာန်းပြီးတဲ့နောက် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းရရှိနေမှုဟာ ခန့်မှန်းထားတာထက် ပိုမိုများပြားနေပြီး ပြန်လည်ထွက်ပြေးလွတ်မြောက်လာတဲ့ အရေအတွက်က အနည်းငယ်သာရှိတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ပါတယ်။
Read More

ဟားခါးမြို့မရဲစခန်းအတွင်း ဝင်ရောက်ခဲ့သည့် CDF-Hakha နှင့် CNA အကျဥ်းသားများ ကယ်ထုတ်ရေးမစ်ရှင် 

ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှာ အကြမ်းဖက် စစ်ကော်မရှင် မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ တော်လှန်ရေးရဲဘော်တွေကို သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း Chinland Defense Force – Hakha က ဒီည ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းငလျင်အပြီး ဧပြီလအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၁၈ နှစ်အောက် ကလေး ၁၇ ဦးအပါ အရပ်သား ၅၅ ဦး သေဆုံး

တစ်နိုင်ငံလုံး တုန်လှုပ်ခဲ့ရတဲ့ စစ်ကိုင်းငလျင်အပြီး ဧပြီလအတွင်း နိုင်ငံတစ်ဝန်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၁၇ ယောက်အပါအဝင် အရပ်သား ၅၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။