ချင်းပြည်နယ် မြို့တော် ဟားခါးမှာ အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲ အကြောင်းပြပြီး ညသန်းခေါင်ယံ အချိန်တွေပါမချန် အချိန်မရွေး လူနေအိမ်တွေကို ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် Chinland Defense Force – Hakha က ပြည်သူတွေ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဟားခါးမြို့ပေါ်နေ ပြည်သူတွေအနေနဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ည (၇) နာရီကနေ မနက် (၅) နာရီအတွင်း ဘယ်သူမှ ညအပြင်ထွက်ခြင်း လုံးဝ မလုပ်ကြဖို့ ညမထွက်ရအမိန့် (Night Curfew) ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီအမိန့်နဲ့ ပတ်သက်ပြီး ပြည်သူတွေ စိတ်ရှည် သတိကြီးစွာ ပူးပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုထားပြီး လိုက်နာဖို့ ပျက်ကွက်သူတွေကို ထိရောက်စွာ အရေးယူမှာဖြစ်သလို ပစ်ခတ်တိုက်ခိုက်ခံရရင်လည်း တာဝန်ယူ ဖြေရှင်းပေးမှာ မဟုတ်ကြောင်း အောက်တိုဘာ ၂၈ ရက် မနေ့က ထုတ်ပြန်ချက်ထဲမှာ သတိပေးထားပါတယ်။

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ နေ့စဥ် ဗုံးကြဲ သတ်ဖြတ် တိုက်ခိုက်မှုတွေနဲ့အတူ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ဆုံးရှုံးစေကာ ငြိမ်ဝပ်ပိပြားအောင် အကြောက်တရားဖန်တီးပြီး အတုအယောင် ရွေးကောက်ပွဲကို အတင်းအဓမ္မကျင်းပဖို့ စီစဥ်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ချင်းပြည်နယ်အနှံ့မှာသာမက ချင်းပြည်နယ်မြို့တော် ဟားခါးမှာလည်း လေယာဥ်၊ ရဟတ်ယာဥ်တွေသုံးပြီး စစ်အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ CDF-Hakha ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲပြင်းထန်နေသည့် ထုံခါ- မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်က ချောင်းနှစ်ပေါက်တံတားကို စစ်ကောင်စီ ဗုံးကြဲ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်မှာရှိတဲ့ ချောင်းနှစ်ပေါက် တံတားကို စစ်ကောင်စီက ဒီနေ့ (မတ်လ ၂၃) နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ တံတားပြိုကျပျက်စီးသွားကြောင်း သိရပါတယ်။
Read More

ဘုတလင်တွင် စစ်သားများ ဗကသ ရုံးခန်းထဲ ဝင်ရောက်သတ်ဖြတ်မှုကြောင့် ဗကသ ရဲဘော်သုံးဦး ကျဆုံးခြင်း ၂ နှစ်ပြည့်အခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဗကသ ရဲဘော် ၃ ယောက် ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်က ဘုတလင်မြို့နယ်မှာ ပြုလုပ်ခဲ့တယ်‌လို့ ဗကသများအဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တညောင်တိုက်နယ်ရဲစခန်းကို စလင်းပကဖ သိမ်းပိုက်မီးရှို့၊  ရဲ ၈ ဦး သေပြီး  ၂ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိ

မကွေးတိုင်း၊ စလင်းမြို့နယ်က တညောင်တိုက်နယ်ရဲစခန်းကို ဒီနေ့ (ဇူလိုင် ၃၀) မနက်အစောပိုင်းမှာ စလင်းပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို စားနပ်ရိက္ခာထောက်ပံ့ပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်နေတဲ့ ပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ဇူလိုင်လ ၂၈ ရက် ဒီနေ့မှာ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တိုက်နယ်(၅)ပကဖ အဖွဲ့က ထမင်းထုပ်ဝေတာအပါအဝင် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ကို KNDF ဗျူဟာ ၉ အဖြစ် ဖွဲ့စည်း…

ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးတပ်ပေါင်းစုမှ 1005 တပ်ရင်း ၊ 1008 တပ်ရင်း ၊ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)၊ Special Operation Drone Force (SODF) တို့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် (၉) အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့နေရာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့ နေရာတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၃ က ထုတ်ပြန်ပါတယ်။