စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာ‌ရွှေဂူနီဘုရားမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်သားတွေထံ ရိက္ခာလာပို့တဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Special ဒိတ်ဒိတ်ကြဲ မုံရွာက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက မုံရွာမြို့နယ် ကျောက္ကာရွှေဂူနီဘုရားသို့ ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ထနောင်းဝင်းနဲ့ ကျောက္ကာရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး လမ်းပေါ်မှာ စစ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လက္ခဏာတွေ ကျန်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ၊ မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့-Danger Force၊ မုံရွာမြို့နယ် ပကဖ တိုက်နယ် ၁၊၂၊၃၊၄ ၊ မုံရွာမြို့နယ် ပလဖ၊  မုံရွာမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေး အဖွဲ့- Tribal Force၊ မုံရွာမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ – မုံရွာ Special ဒိတ်ဒိတ်ကြဲ၊ တောကျွဲကြီး ပြောက်ကျားအဖွဲ့၊ Black Falcon .LDF နဲ့ ဒေသခံရပ်ကျေးပကဖတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – Monywa Special ဒိတ်ဒိတ်ကြဲ မုံရွာ

0 Shares:
You May Also Like
Read More

နတ်တလင်းမြို့နယ်အတွင်း ရဲစခန်း ၂ ခုကို ‌တော်လှန်ရေးတပ်များ တစ်ရက်တည်း ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်းရှိ ဒမငယ်ရဲစခန်းနဲ့ တောင်ညိုကွက်သစ်ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်နှင့် လောင်းလုံးမှာ စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်၊ ၂ ယောက်ထက်မနည်း သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့နယ်တို့က စစ်ကောင်စီစခန်းတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရုပ်သံနဲ့တကွ အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ဖားကန့်မြို့နယ် လုံးခင်းကျောက်ဝိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူအများအပြား ဝရုန်းသုန်းကားထွက်ပြေးရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်ဝိုင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူအများ အပြား ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တောင်သာမြို့နယ် ဇဂျမ်းဂိတ်အား တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၃ ယောက်သေပြီး ဂိတ်စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အနောက်အထွက်ရှိ အကြမ်းဖက်ကောင်စီတပ်သား အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ ဇဂျမ်းဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ ထံက သိရပါတယ်။
Read More

ယနေ့နံနက်ပိုင်း တံတားဦီးမြို့မှာ ပြင်းအား ၄ ဒဿမ ၈ အဆင့်ရှိ ငလျင် လှုပ်ခတ် (ရုပ်/သံ)

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ ဒီနေ့ ဇူလိုင် ၃ ရက် မနက် ၇ နာရီ ၁၀ မိနစ်ခန့်က ပြင်းအား ၄ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ထီးကလယ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၄ ဦးအား ဖမ်းဆီးရမိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထီးကလယ်စစ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။