မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ရပ်ကျေးပအဖ တာဝန်ခံတွေ အကောက်ယူ ဖွင့်လှစ်ထားတဲ့ ဖဲဝိုင်းကနေ မိန်းမဖြစ်သူကို သွားရောက်ခေါ်ဆောင်ရာကနေ လင်မယားနှစ်ယောက် စကားများရန်ဖြစ်ပြီး ယောက်ျားဖြစ်သူက မိန်းမကိုရိုက်သတ်ကာ ကိုယ်တိုင်လည်း ကြိုးဆွဲချ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ရက် နေ့လယ်ပိုင်းက ရေရှင်မကျေးရွာ ဖဲဝိုင်းမှာရှိနေတဲ့ မနွေးနွေးဆိုသူကို အမျိုးသားဖြစ်သူ ကိုသားကြီးက အိမ်ပြန်လိုက်ခဲ့ဖို့ သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း၊ အဲ့ဒီနောက် လမ်းတလျှောက် လင်မယား ၂ယောက် စကားများရန်ဖြစ်ရာကနေ ကိုသားကြီးက မနွေးနွေးကို ဒေါသအလျောက် ရိုက်နှက်သတ်ဖြတ်ရင်း အလောင်းကို နေရာတင် စွန့်ပစ်သွားခဲ့ကြောင်းနဲ့ သူကိုယ်တိုင်လည်း နေအိမ်မပြန်တော့ဘဲ တောထဲ ထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။

မနွေးနွေးဟာ ရေရှင်မရွာ ပအဖတာဝန်ခံ ကိုပြူးလေးဆိုသူ အကောက်ယူ ခွင့်ပြုပေးထားတဲ့ ဖဲဝိုင်းမှာ နေ့ရောညပါနေထိုင်ကာ ဖဲကစားသူတွေအတွက် ငွေထုတ်ချေးပေးနေသူဖြစ်ကြောင်း၊ ဖဲဝိုင်းကနေ နေအိမ်ကို ပြန်တာမျိုးသိပ်မရှိတဲ့အတွက် ခင်ပွန်းဖြစ်သူနဲ့ အိမ်တွင်းရေး ပြဿနာတချို့ ရှိထားကြောင်း၊ အိမ်ထောင်ရေးပြဿနာကို ဒေါသရောထွေးပြီး လူသတ်မှုကျူးလွန်ခဲ့တာဖြစ်ကြောင်း ယောအလင်းတန်းက ဖော်ပြထားပါတယ်။

“မွေ့လယ်ရွာက ဖဲသမား ၁ယောက်က ကိုသားကြီးကို ဖုန်းဆက်ပြီး ” မနွေးနွေးက လင်ငယ်‌နေနေတော့တာ” ဆိုပြီးပြောတော့ ကိုသားကြီးက ဘယ်လိုမှ စိတ်မထိန်းနိုင်ဘဲ ချက်ချင်းဆိုင်ကယ်နဲ့ သူ့မိန်းမကို ဖဲဝိုင်းကနေ သွားခေါ်တယ်။ အဲ့ဒါ လမ်းတလျှောက် လင်မယား ၂ယောက် စကားများ ရန်ဖြစ်လာကြပြီး ကိုသားကြီးက စိတ်မထိန်းနိုင်တော့ မနွေးနွေးကို မသေမချင်း ရိုက်သတ်တယ်။ မနွေးနွေး လည်းရတဲ့ ဒဏ်ရာတွေနဲ့ နေရာတင် သေပါတယ်။ ညနေ ၅နာရီလောက်ကျမှပဲ ရွာကလူတွေက အလောင်းရှာတွေ့တယ်။ ” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကိုပြောပါတယ်။

အဲ့ဒီနောက် အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာတော့ ကိုသားကြီးဟာ ပုန်းအောင်းတိမ်းရှောင်နေရာက ကိုယ်ကိုကိုယ် ကြိုးဆွဲချ အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။ ကိုသားကြီးနဲ့ မနွေးနွေးတို့ သေဆုံးချိန်မှာ အရွယ်မရောက်သေးတဲ့ သမီးငယ် ၂ယောက်ကျန်ရစ်ခဲ့တယ်လို့လည်း ယောအလင်းတန်းက ဖော်ပြပါတယ်။

သေဆုံးသူ မနွေးနွေး

“လက်ရှိတော့ ဘာမှဆက်မကြားရသေးဘူး။ အခု ဖဲဝိုင်းကြောင့် လူသေသွားပြီဆိုတော့ သူတို့ဖမ်းဖို့တော့ လုပ်တော့လုပ်နေကြပြီ ထင်ပါတယ်။” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကိုပြောပါတယ်။

ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းရဲ့ပြောပြချက်အရ  ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကျေးရွာတွေဖြစ်တဲ့ ဘော်ပြင်းနဲ့ ရေရှင်မကျေးရွာတွေမှာ NUG လက်အောက်ခံ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ နေရာယူထားသူတွေက ရပ်ရွာအတွင်း ဖဲဝိုင်းတွေကို အကောက်ငွေ မြိုးမြိုးမြတ်မြတ် ရယူဖွင့်လှစ်ပေးထားတာကြောင့် ရာဇဝတ်မှုနဲ့ အခုလို လူသတ်မှုတွေအထိ ဖြစ်လာတာလို့ သိရပါတယ်။

ဘော်ပြင်းကျေးရွာ ပအဖ တာဝန်ခံ ဦးထွန်းဝေနဲ့ ရေရှင်မကျေးရွာ ပအဖတာဝန်ခံ ကိုပြူးလေးဆိုသူတို့ဟာ သူတို့တာဝန်ယူထားတဲ့ ဖဲဝိုင်းနဲ့ လောင်းကစားဝိုင်းတွေအတွက် ကျေးရွာပကဖအဖွဲ့ဝင်တွေကိုပါ လက်နက်ကိုင် လုံခြုံရေးယူခိုင်းတာမျိုးရှိခဲ့ပြီး လက်ရှိ ပကဖအဖွဲ့ဝင်တွေ မလုပ်ဆောင်ချိန်မှာတော့ ကျေးရွာနေ အရပ်သားတွေကိုပဲ အိုင်ကွန်ဆက်သွယ်ရေးစက်တွေပေးကာ မြို့နဲ့ အနည်းဆုံးတစ်မိုင်အကွာနီးပါးကနေ လုံခြုံရေးယူခိုင်းကြောင်း ကိုဘကောင်းက ပြောပါတယ်။

ဒီအတွက် ဂန့်ဂေါမြို့နယ် ပကဖနဲ့ ခရိုင်တပ်ရင်းတွေက ဖမ်းဆီးဖို့ ကြိုးစားရာမှာလည်း ထူးခြားမှုမရှိသေးကြောင်း သိရပါတယ်။

“ဘော်ပြင်းရွာ ပအဖတာဝန်ခံ ဦးထွန်းဝေက ဖဲဝိုင်းတွေကို တစ်နေ့ နေရာ ၄နေရာရွှေ့ပြီး ဖွင့်ပေးတယ်။ ၁ပွဲကို အကောက်ကြေးပဲ ၅သောင်းလောက်ရှိတာ၊ တစ်နေ့ကို ပွဲ ၁၀၀ လောက်အထိ လက်ခံပေးတယ် ကြားတယ်။ ကိုထွန်းဝေရဲ့ ဖဲဝိုင်းတွေကို မြို့နယ်နဲ့ ခရိုင်ရင်းတွေက ဖမ်းမရတာသိလာတော့ ရေရှင်မရွာက ရပ်ကျေးပအဖတာဝန်ခံဖြစ်သူ ကိုပြူးလေးကပါ ရေရှင်မကျေးရွာနားက မိုက်ခရိုကုန်းအနောက်ဖက် တောတိုက်ထဲ အလားတူ တစ်ပွဲအကောက် ၅သောင်းနဲ့ ဖဲဝိုင်းတွေလုပ်လာတယ်။ ကိုထွန်းဝေက အစ ရပ်ကျေး  ပကဖတွေကို သိန်း ၂၀ ပေးပြီး ကင်းထိုးခိုင်းတယ်။ ဒါပေမယ့် နောက်ပိုင်း ရပ်ကျေး ပကဖတွေက ကင်းမထိုးပေးတော့ သူ့ဘာသာ မိုက်ကြေးခွဲပြီး ရအောင်ဆက်ဖွင့်နေတာပါ။ ဖဲဝိုင်းမှာ လက်နက်ကိုင်တချို့ ရှိနေတယ်လို့လည်း သိရတယ်။ အခုတော့ ဖဲဝိုင်းကြောင့် လူသတ်မှုတွေဖြစ်ကုန်ပြီ။ အရွယ်မရောက်သေးတဲ့ ကလေး ၂ ယောက်လည်း မိဘမဲ့ဖြစ်ရပြီ။ ဒါကြောင့် NUG အနေနဲ့ ပအဖတွေ ဦးဆောင်ဖွင့်နေတဲ့ ဒီဖဲဝိုင်းတွေကို အမြန်ဆုံး အရေးယူပေးကြဖို့ ပြည်သူတွေကလည်း တောင်းဆိုနေပါတယ်။” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှာ ဖဲဝိုင်း၊ ကြက်တိုက်ဝိုင်းနဲ့ ခြောက်ကောင်ဂျင်ဝိုင်းတွေ ခေတ်စားခဲ့ပြီး NUG လက်အောက်ခံ ပအဖတာဝန်ခံတွေ ပါဝင်ပတ်သက်ခဲ့ကြောင်းနဲ့ လက်ရှိအချိန်ထိ ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိသေးဘူးလို့ သူကဆက်ပြောပါတယ်။

ဂန့်ဂေါမြို့နယ်ဟာ ယောဒေသအတွင်း စစ်အုပ်စု ရွေးကောက်ပွဲလုပ်ဆောင်ရာ တစ်ခုတည်းသော မြို့နယ်ဖြစ်သလို NUG လက်အောက်ခံ တော်လှန်ရေးအင်အားစုတွေကလည်း မြို့နယ်နေရာ တော်တော်များများကို စိုးမိုးထားနိုင်တာ ဖြစ်ပါတယ်။

လက်ရှိမှာ မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတွေရှိနေတဲ့အပြင် တော်လှန်ရေး စိုးမိုးနယ်မြေတချို့ထဲ WY မူးယစ်ဆေးပြဿနာနဲ့ ဖဲဝိုင်းလောင်းကစားပြဿနာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

အဆိုပါ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေဘက်ကို မောင်းအနေနဲ့ ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

 

0 Shares:
You May Also Like
Read More

BGF ခေါင်းဆောင် စောချစ်သူအပါ ၃ ယောက်ကို လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းက ရပ်ဆိုင်း

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) က ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Read More

(၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ရဲဘော်များကို ရာထူးတာဝန်အပ်နှင်းခြင်းနှင့် သင်တန်းဆင်းရဲ‌ဘော်သစ်များကို လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်

ဒီနေ့ ဩဂုတ်လ (၈) ရက်မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်တော်လှန်ရေးတပ်(MSRF) ရဲ့ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပြီး MSRF ရဲဘော်တွေကို ရာထူးတာဝန်တွေ အပ်နှင်းကာ သင်တန်းဆင်း ရဲ‌ဘော်တွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အင်းတော်ကြီး PDF က စိုးမိုးနယ်မြေများမှာ ကျန်းမာရေး၊ ရိုးရာယဉ်ကျေးမှုနှင့် စာပေ မြှင့်တင်ရေး လုပ်ဆောင်နေ (ဓာတ်ပုံသတင်း)

ကချင်ပြည်နယ်အခြေစိုက် အင်းတော်ကြီးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (K PDF) အနေနဲ့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စိုးမိုးနယ်မြေတွေမှာ ကျန်းမာရေး၊ ရိုးရာယဉ်ကျေးမှုနဲ့စာပေတို့ မြှင့်တင်ရေးအတွက် ပြည်သူတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ချောက်မှာ စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လက်နက်ကြီးငယ်တွေနဲ့ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့…

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်ကာကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာအနီးတဝိုက်သို့ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားစည်းရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ နေ့စဥ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေ၊ စစ်ကောင်စီ စစ်ကြောင်းမှူး သေဆုံးကာ အထိနာ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကုန်းကြောင်းလေကြောင်းထိုးစစ်တွေကြောင့် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ နေ့စဥ် ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။