ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်ခရိုင်၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် (၁) လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။ 

အကြမ်းဖက်စစ်တပ်က အောက်တိုဘာ (၂၅)ရက် ညနေပိုင်းမှာ မန်လီကျေးရွာအတွင်း ဒရုန်း အသုံးပြုပြီး ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့နေအိမ် ၁ လုံးပေါ် ကျရောက်ပေါက်ကွဲကာ မီးလောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ကျေးရွာအတွင်း ဒရုန်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထုက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်တချို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အခုအောက်တိုဘာ (၁)ရက်ကနေ (၂၆)ရက်အထိ အကြမ်းဖက်စစ်တပ်က လေကြောင်းနဲ့ ဒရုန်းနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော် (၂)ပါး၊ ကလေး (၁၀) ယောက်၊ အမျိုးသား (၁၆) ယောက်နဲ့ အမျိုးသမီး (၂၁) ယောက် သေဆုံးသွားခဲ့ပြီး  သံဃာတော် (၆)ပါး၊ ကလေး (၂၆) ယောက်၊ အမျိုးသား (၂၀) ယောက်နဲ့ အမျိုးသမီး (၁၉) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၇၃) လုံး၊ စာသင်ကျောင်း (၅)ကျောင်း၊ ဘုန်းကြီးကျောင်း (၇)ကျောင်း၊ ကျောင်းဆောင် (၉)ဆောင်၊ အဆောက်အဦး (၆)ခု၊ ကြက်မွေးမြူးရေးခြံ (၂)ခြံ၊ ဆိုင်ခန်း (၅)ခန်း၊ လက်ဖက်စက်ရုံ (၁)ရုံ၊ ဆိုင်ကယ် (၄)စီးနဲ့ ကား (၁၀)စီး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က TNLA စိုးမိုးနယ်မြေတွေသာမက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့​တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နေရာတွေမှာ လူအင်အား၊ လက်နက်ကြီးနဲ့ လေကြောင်းကနေ အပြစ်မဲ့ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အရပ်သားအစိုးရ စီစဉ်ပေးခဲ့တဲ့ ကိုဗစ်ချေးငွေ အမြန်ဆုံးပြန်ဆပ်ဖို့ လုပ်ငန်းရှင်တွေကို စစ်ကောင်စီ ဖိအားပေး

အရပ်သား အစိုးရလက်ထက်က လုပ်ငန်းရှင်တွေအတွက် ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေထဲက ကျန်ငွေ ကျပ် ၈၂ ဘီလီယံကို မဖြစ်မနေ ပြန်လည်ပေးသွင်းရမယ်လို့  စစ်ကောင်စီက ဖိအားပေးပြောကြားလိုက်ပါတယ်။
Read More

တူမီး၊ လက်လုပ်သေနတ်များဖြင့် စစ်အုပ်စုကို တော်လှန်ခဲ့သည့် KNDF တပ်ရင်းအမှတ် ၁၂ တည်ထောင်မှု (၄) နှစ် ပြည့်ပြီ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် ၁၂ ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ အောက်တိုဘာလ ၁ ရက် မနေ့က ၄ နှစ်ပြည့်မြောက်ပြီဖြစ်တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာ၊ နောင်ချိုနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ MDY-PDF တို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

KNU တပ်မဟာ ၅ နယ်မြေမှာ (၁၅) ရက်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ ၇၇ ယောက် သေဆုံး

ကရင်အမျိုးသားအစည်အရုံး (KNU) ရဲ့ တပ်မဟာ ၅ နယ်မြေမှာ နိုဝင်ဘာလအတွင်း ၁၅ ရက်တာ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ ၇၇ ယောက် သေဆုံးခဲ့တယ်လို့ KNU မူတြော်သတင်းစဥ်က ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်ရှိ တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်သည့် ရေလုပ်သားများကို စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်နေကြောင်း AA ထုတ်ပြန်

ရခိုင်ပင်လယ်ပြင်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘောတွေက တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်တဲ့ ရေလုပ်သားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သရက်နှင့် မင်းတုန်းတွင် စစ်တပ်ထုတ်ကုန်ရောင်းချမှုများအပေါ် အရေးယူမှု ပိုပြီးပြင်းထန်လာမည်ဟု PDF သတိပေး

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းနဲ့ သရက်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်အုပ်စုထုတ်ကုန်ပစ္စည်း ရောင်းချမှုတွေကို စစ်ဆေးအရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်နေပေမယ့် အလေးမထားမှုတွေ ရှိနေသေးတဲ့အတွက် ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA တာဝန်ခံ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။