မန္တလေးတိုင်း၊ မြင်းခြံအကျဥ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုချမ်းမင်းဟိန်းကို ရောဂါပြင်းထန်တဲ့ အခြေအနေရောက်မှ ပြင်ပဆေးရုံကို ပို့ပေးတာကြောင့် ပို့ဆောင်မှု နောက်ကျသွားတဲ့အတွက် ကျဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

ကိုချမ်းမင်းဟိန်းဟာ မြင်းခြံထောင်မှာ ဖမ်းဆီးခံထားရချိန် ကျောက်ကပ်၊ အသဲခြောက်၊ အသဲရောင်အသားဝါ ရောဂါတွေ ဖြစ်ခဲ့ပေမယ့် ထောင်တွင်းဆေးရုံမှာပဲ ဆေးဝါးမလုံလောက်စွာ ကုသခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကိုချမ်းမင်းဟိန်းကို ထောင်တွင်းဆေးရုံမှာ ကုသလို့ မရတော့တဲ့အတွက် အောက်တိုဘာ ၁၈ရက်မှာ ပြင်ပဆေးရုံကို ပို့ဆောင်ခဲ့ပြီး အဲဒီနေ့မှာပဲ အသက် ၂၉ နှစ်အရွယ် ကိုချမ်းမင်းဟိန်း ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“မြင်းခြံထောင်မှာက ထောင်ဆေးရုံအနေနဲ့ ရှိပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ကျတော့ ကိုချမ်းမင်းဟိန်းဖြစ်တဲ့ ကျောက်ကပ်ဖြစ်တာတို့၊ အသည်းရောင် အသားဝါရောဂါဖြစ်တာတို့ ဆိုတာက ထောင်ဆေးရုံတွေမှာ ကုသလို့မရတဲ့ အခြေအနေပေါ့နော်။ အဲဒါကိုမှ ပြင်းထန်နေတဲ့ အခြေအနေမှာ ပြင်ပဆေးရုံကို ပို့တာနောက်ကျသွားတဲ့အတွက် အသက် ၂၉နှစ်အရွယ်လေးမှာ မသေဆုံးသင့်ဘဲနဲ့ အသက်ဆုံးရှုံးရတာမျိုး ဖြစ်ပါတယ်” လို့ PPNM တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသား ကိုချမ်းမင်းဟိန်းဟာ ပုဒ်မ ၅၀၅(က)၊ ဆက်သွယ်ရေးပုဒ်မ၊ ဖောက်ခွဲမှု၊ လက်နက်မှု စတဲ့ စွဲချက်တွေနဲ့ မတရားဖမ်းဆီးခံရကာ ထောင်ဒဏ် ၁၅နှစ် ၆လ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံဒေသအသီးသီးက အကျဥ်းထောင်တွေမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ကျဥ်းတွေဟာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုနဲ့ အချိန်မှီ ဆေးကုသခွင့်တွေ မရတာကြောင့် မသေဆုံးသင့်ဘဲ အသက်ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။

PPNM ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ အကျဥ်းထောင်အသီးသီးမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိမှုနဲ့ အရေးပေါ် ဆေးကုသခွင့် မရရှိမှုတွေကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား ၂၈ ယောက်အထိ ရှိနေပြီလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးတိုင်းရှိ NUG စိုးမိုး‌ကျေးရွာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုး‌ကျေးရွာတွေမှာ ငလျင်ဒဏ်သင့် ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောရွာကို မီးဝင်ရှို့ပြီး အရပ်သား ၂ယောက်ကို သတ်ကာ၊ ၃ယောက်ကို ဖမ်းခေါ်သွား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက ဘအင်းသရက်တောရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သား၂ယောက်ကို ပစ်ခတ်သတ်ဖြတ်ကာ ၃ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။
Read More

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပြည်သူတွေက လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာပြီလို့ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေကြီးမှုကြောင့် မယ်စဲ့တံတားကျိုးကျ

ကရင်နီဒေသ၊ မယ်စဲ့မြို့က မယ်စဲ့တံတား ရေကြီးနစ်မြုပ်မှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာလ ၂၁ရက်၊ မနေ့က မနက်ပိုင်းမှာ တံတား ကျိုးကျသွားတာဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရိက္ခာဖြတ်တောက်ခံထားရသည့်အတွက် ရိက္ခာထွက်ရှာသည့် ပျူထောက်ခံသူ ၁ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း တပ်ကုန်းရွာရှိ ပျူစောထီးတွေ ရိက္ခာဖြတ်တောက်ခံထားရတဲ့အတွက် ပျူထောက်ခံသူတစ်ယောက် ရိက္ခာရှာထွက်လာချိန် ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်တောင်ပိုင်း နဂါးပြောက်ကျားတပ်ဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

မြိုင်မှာ ပျူရွာကို ရိက္ခာလာပို့တဲ့ စစ်အုပ်စုတွေ ၂ရက်ဆက်တိုက်ခိုက်ခံရ၊ ၁၀ယောက်သေပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ပျူစောထီးရွာအတွက် ရိက္ခာသွားပို့တဲ့ စစ်အုပ်စုတွေ ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ယောက်သေကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။