အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ပြည်သူတွေအနေနဲ့ လူစုလူဝေး ဖြစ်စေနိုင်တဲ့ ပွဲလမ်းသဘင်တွေ လတ်တလောမှာ ကျင်းပခြင်း မပြုလုပ်ကြဖို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့နယ်အတွင်း CDF-Kanpetlet စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်းရဲ့ မင်္ဂလာဆောင်ပွဲ ကျင်းပရာ မြို့မ (၂) ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် အောက်တိုဘာ ၂၅ ရက် ည ၈နာရီ ၂၀ မိနစ်မှာလည်း စစ်တပ်က ကန်ပက်လက်မြို့နယ်ကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၃ယောက် သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိကာ ပြည်သူနေအိမ် ၅လုံး၊ အဆောက်အဦး ၃လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်တပ်က ပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့တွေကို ခွဲခြားသတ်မှတ်ခြင်းမရှိဘဲ ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးစွန်ထိ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်အောင် ကတုတ်ကျင်းတွေ လုပ်ဆောင်ကြဖို့နဲ့ လူစုလူဝေး ဖြစ်စေမယ့် ဘယ်လိုပွဲမျိုးကိုမဆို လတ်တလော ရှောင်ရှားကြဖို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

NUG အစိုးရက ၎င်းတို့ရဲ့ အားနည်းချက်တွေကို နည်းသထက်နည်းအောင် ကြိုးစားမယ်လို့ ကတိပြု

NUG အစိုးရအနေနဲ့ ၎င်းတို့ဘက်က အားနည်းချက်တွေကို နည်းသထက်နည်းအောင်ကြိုးစားနေပြီး ပြည်သူလူထုရဲ့ အသံကို အချိန်မရွေးနားထောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီ သမ္မတဖြစ်သူ  ဒူဝါလရှီးလက ပြောပါတယ်။ 
Read More

အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၃ အတွက် ပြင်ဆင်နေတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး… (ဓာတ်ပုံသတင်း)

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က ရဲဘော်တွေအနေနဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၃) အတွက် ပြင်ဆင်စုဖွဲ့နေကြတဲ့ ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရှေ့တန်းမှာ တိုက်ပွဲဝင်နေဆဲဖြစ်တဲ့ မိုးကုတ်မြို့နယ် ပကဖ ရဲဘော်များ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အခြေစိုက် မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) အနေနဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

နမ္မတူမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီး‌ကျောင်း‌ဆောင် (၄) ဆောင် ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း‌ဆောင် (၄)ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြေပြန့်မဟာဗျူဟာထိုးစစ် စတင်နေပြီလို့ NUG အသိပေး

NUG လက်အောက်ခံ PDF တပ်တွေဟာ  မြေပြန့်မဟာဗျူဟာထိုးစစ်ကို စတင်နေပြီဖြစ်ကြောင်း NUG ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။
Read More

စစ်အုပ်စု ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီး၊ အဆိုပါနေအိမ်ကို မီးငြှိမ်းသတ်နေချိန် လက်နက်ကြီးထပ်မံကျရောက်လို့ ပကဖရဲဘော် ဇနီးမောင်နှံအပါ ၄ ဦး ကျဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်နေတဲ့ နေအိမ်ကို မီးငြှိမ်းသတ်ရင်း စစ်ကောင်စီတပ်က လက်နက်ကြီး ထပ်မံပစ်ခတ်ခဲ့ရာ ပကဖ ရဲဘော် ဇနီးမောင်နှံအပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) ထံက သိရပါတယ်။