မြန်မာ့နိုင်ငံအရေးအတွက် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကြမ်းဖက်မြန်မာစစ်တပ်က အကောင်အထည်မဖော်တာကြောင့် အာဆီယံအစည်းအဝေးတွေကို မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် ဆက်ပိတ်ထားမယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးက ထုတ်ပြန်လိုက်ပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင် မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်တာနဲ့ ပတ်သက်ပြီး အလွတ်သဘောအနေနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက အောက်တိုဘာ ၂၅ ရက်မှာ အစည်းအဝေးလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေသာမက အာဆီယံရဲ့ နောက်ဆက်တွဲ အစည်းအဝေးတွေမှာပါ တက်ရောက်ခွင့်မပြုဘဲ နိုင်ငံရေးမပါတဲ့ ကိုယ်စားလှယ်တွေကိုသာ တက်ခွင့်ပြုမယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ အခြေအနေတွေကြောင့် ၂၀၂၁ ခုနှစ် ဧပြီလက အာဆီယံထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို AHA Centre ကနေတဆင့် နယ်စပ်ဖြတ်ကျော် အစီအစဉ်တွေအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ခွဲခြားမှုမရှိဘဲ ထိရောက်စွာရောက်ရှိရေးကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့လည်း ကတိပြုထားပါတယ်။

သံတမန်ရေးရာ ကြိုးပမ်းမှုတွေအနေနဲ့ အာဆီယံအထူးကိုယ်စားလှယ်ဟာ သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့သွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ ကုလသမဂ္ဂတို့နဲ့လည်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် မြန်မာ့အရေးကို ရေရှည်ကိုင်တွယ်နိုင်ဖို့အတွက် “ကာလရှည် အာဆီယံအထူးကိုယ်စားလှယ်” ခန့်အပ်ရေးအဆိုပြုချက်ကို ဆွေးနွေးဖို့ အရာရှိကြီးတွေကို တာဝန်ပေးလိုက်တာဟာလည်း ထူးခြားတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အခုလာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌ ရာထူးကို လက်ခံရမှာဖြစ်ပေမယ့် လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် မြန်မာနိုင်ငံအစား ဖိလစ်ပိုင်က အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးချက်တွေမှာတော့ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ၊ လူသားချင်း စာနာမှုအခြေအနေတွေအပေါ် အလွန်စိုးရိမ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားတွေ၊ အများပြည်သူပိုင်အဆောက်အဦးတွေ၊ အရပ်သားနေအိမ်တွေအပေါ် အကြမ်းဖက်မှုတွေကိုလည်း ပြစ်တင်ရှုံ့ချထားပြီး အကြမ်းဖက်မှုတွေကို အရေးယူဖို့၊ အရပ်သားတွေရဲ့ လုံခြုံရေးကို အာမခံဖို့၊ လူသားချင်း စာနာမှုအကူအညီတွေကို ဖန်တီးဖို့နဲ့ အကျိုးစီးပွားမပါတဲ့ နိုင်ငံရေး ဆွေးနွေးချက်တွေလုပ်ဖို့ကိုလည်း အာဆီယံက တိုက်တွန်းထားပါတယ်။

မြန်မာစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း စောင့်ကြည့်ရေးအဖွဲ့တွေ စေလွှတ်ဖို့ မြန်မာစစ်ခေါင်းဆောင်ရဲ့ ဖိတ်ကြားမှုအပေါ် လက်ခံ၊ မခံဆိုတာတော့ တိတိကျကျ မပါဝင်ဘဲ မှတ်သားထားတယ်လို့သာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းရောက်မြန်မာများ ကြိုတင်မဲပေးရန် စစ်အုပ်စုသံရုံး ထုတ်ပြန်

ထိုင်းနိုင်ငံရောက် မြန်မာတွေအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ဒီဇင်ဘာလ ၆ ရက်နဲ့ ၇ ရက်တွေမှာ ကြိုတင်မဲပေးနိုင်တယ်လို့ ဘန်ကောက်မှာရှိတဲ့ စစ်အုပ်စုရဲ့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ 
Read More

သက်ဆင် အမှုကြားနာရန် တရားရုံးသို့ ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ “၁၄ ထပ် အမှု” နဲ့ ပတ်သက်ပြီး တရားရုံးရဲ့ ရဲ့ နောက်ဆုံး အမိန့်ချမှတ်မှု ကြားနာဖို့ ဒီနေ့မနက်မှာ တရားရုံးကို ရောက်လာခဲ့ပါတယ်။
Read More

MNDAA နဲ့ မြန်မာစစ်တပ် အပစ်ရပ်သဘောတူညီမှုစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးကြောင်း တရုတ်နိုင်ငံခြားရေး ပြော

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ မြန်မာစစ်တပ်တို့ဟာ စနေနေ့က စတင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
Read More

မြန်မာပြည်သူ ၆၅ ယောက် ဘင်္ဂလားဒေ့ရှ်ထဲ ထွက်ပြေးဝင်ရောက်လာကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိပြော

ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံသား ၆၅ ယောက်ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို နိုဝင်ဘာ ၁၈ ရက်နေ့က တရားမဝင် နယ်စပ်ဖြတ်‌ကျော် ထွက်ပြေးဝင်ရောက်ခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ဒေသဆိုင်ရာ အရာရှိတွေက ပြောဆိုထားကြောင်း The Business Standard မှာ ဖော်ပြထားပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းများမှ ကယ်ထုတ်လာသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ထဲက ပထမအသုတ် ၅၀ ကို ထိုင်းမှတဆင့် တရုတ်ထံ လွှဲပြောင်း

ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား (၂၀၀) ကျော်ကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကတဆင့် တရုတ်နိုင်ငံကို စတင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
Read More

“ဝ” ထိန်းချုပ်ဒေသတွင်း ရွှေတူးဖော်မှုများကြောင့် ဒေသတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှု အပါအဝင် နယ်စပ်ဖြတ်ကျော်ကိစ္စများ ထိုင်းနှင့် စစ်ကောင်စီတို့ ဆွေးနွေးဟု ဆို

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။