မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြင်းခြံခရိုင် အမှတ် -၂ တပ်ရင်းက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ 

ထိတွေ့တိုက်ပွဲဟာ သြဂုတ် ၁ ရက်ကနေ ဒီနေ့ အောက်တိုဘာ ၂၇ ရက်အထိ ဖြစ်ပွားလျက်ရှိနေဆဲဖြစ်ပြီး နှစ်ဘက်အကျအဆုံးတွေလည်းရှိတယ်လို့ သိရပါတယ်။

မြင်းခြံခရိုင် အမှတ် -၂ တပ်ရင်းနဲ့ မဟာမိတ် တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖ တပ်ပေါင်းစုတွေက စစ်ရေး အခြေအနေတွေကို ခြေသံလုံလုံနဲ့ လုပ်ဆောင်နေရခြင်းဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်သားတွေ အနီးပတ်ဝန်းကျင်မှာ နေထိုင်ခြင်းမပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြင်းခြံခရိုင်အတွင်း စစ်ရေးအရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းကို ကူညီထောက်ပံ့ပေးကြဖို့လည်း အသိပေးနှိုးဆော်ထားပါတယ်။

Video – Myingyan District Battalion – 2

0 Shares:
You May Also Like
Read More

ယင်းမာပင်မြို့ပေါ် ရဲစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ် ရဲစခန်းကို ဇန်နဝါရီ ၂၃ ရက် ညပိုင်းက ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ကျားသစ်နက်စစ်ကြောင်းမှ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၅)အတွက် တပ်သားသစ်များ ခေါ်ယူ (ရုပ်/သံ)

ကျားသစ်နက်စစ်ကြောင်း (Black Panther Column) က အခြေခံပညာသင်တန်းအပတ်စဉ် (၅) အတွက် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လုံခြုံရေး အထပ်ထပ်ချထားသည့် ရန်ကုန်မြို့တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်သပိတ်မှောက်ကြရန် စည်းရုံးလှုံ့ဆော် (ရုပ်/သံ)

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးထွက်ပေါက်အနေနဲ့ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ ရန်ကုန်မြို့နေပြည်သူတွေကို စည်းရုံးလှုံ့ဆော်ခဲ့တယ်လို့ Yangon Revolution Force - YRF က နိုဝင်ဘာ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ရွာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်၊ အသက် (၆)နှစ်အရွယ်မှ အသက် (၁၂) အရွယ် ကလေး ၅ ‌ဦးသေဆုံး (ရုပ်/သံ)

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ရွာကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ခဲ့ရာ အသက် (၆)နှစ်အရွယ်မှ အသက် (၁၂) အရွယ် ကလေး ၅ ‌ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် ညပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ပျဉ်းမပင်ဆိပ်ရွာကို စစ်ကော် မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မတရားစစ်မှုထမ်းခြင်းဟာ အခြေခံလူတန်းစားတွေကို ဦးတည်နေ၊ စစ်ကောင်စီအတွက် အသေမခံဘဲ တော်လှန်ရေးမှာ ပူးပေါင်းကြဖို့ Jusitce Soldier PDF ခေါင်းဆောင် ကိုဇွဲ တိုက်တွန်း (ရုပ်/သံ)

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စစ်သားစုဆောင်းခဲ့ရာ အပတ်စဉ် (၁၅) အထိ ရောက်ရှိလာပြီဖြစ်ပြီး အပတ်စဉ်တစ်ခုမှာ လူငါးထောင်နှုန်းဆိုရင် အင်အား ၇၅၀၀၀ အထိ ရှိလာပြီဖြစ်ပါတယ်။ 
Read More

ပျူစခန်းဆီ ရိက္ခာပို့တဲ့ စစ်တပ်ရေယာဉ် ၂ စီးကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူစခန်းကို ရိက္ခာလာပို့တဲ့  အကြမ်းဖက်စစ်တပ်ရေယာဉ် ၂ စီးကို ဒီနေ့ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမာန်GZ တပ်ဖွဲ့ရဲ့ တာဝန်ခံ ရဲဘော် ရွှေမန်းထံက သိရပါတယ်။