မကွေးတိုင်း၊ ဆောမြို့ပေါ်မှာ အသက် ၁၃နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့တဲ့ တရားခံကို နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၂၁ရက်နေ့က ဆောမြို့၊ သီရိ (ရတနာ) ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၃နှစ်အရွယ် မအေးငြိမ်းလင်းကို မိသားစုတွေနဲ့ ရင်းနှီးတဲ့ မောင်မင်းမင်းစိုး (၂၁ နှစ်) က နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီနောက် အဆက်အသွယ် မရတော့ဘဲ အောက်တိုဘာ ၂၅ရက်နေ့ကျမှ ဒေသခံတွေရဲ့ သတင်းပေးပို့မှုကြောင့် ဆောမြို့ ပြည်သူ့ဆေးရုံဝန်းထဲက အခန်းတစ်ခုမှာ မအေးငြိမ်းလင်းရဲ့ ပုပ်ပွနေပြီဖြစ်တဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဥ်အတွက် ပျောက်ဆုံးနေတဲ့ မင်းမင်းစိုးကို နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံရှာဖွေခဲ့ပြီး အဲဒီနေ့ ညနေပိုင်းမှာပဲ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တရားခံ မင်းမင်းစိုး

“ရှောင်နေတဲ့အချိန်မှာ ဖမ်းမိတာပါ၊ သူ့ကို ဆောမြို့မှာပဲ ဖမ်းမိပါတယ်၊ သူက ကလေးမိဘတွေနဲ့ အသိမိတ်ဆွေလို့ ပြောလို့ရပါတယ်၊ အိမ်ကိုအဝင်အထွက်ပြုလုပ်နေသူပါ၊ အခု သက်ဆိုင်ရာ နယ်မြေခံတပ်ရင်းက ဖမ်းဆီးထားပါတယ်။ ဂန့်ဂေါခရိုင်ဆောတပ်ရင်းတခုကပါ” လို့ ယောအလင်းတန်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တရားခံ မင်းမင်းစိုးကို ဖမ်းဆီးစစ်ဆေးချိန်မှာလည်း အဆိုပါ ကလေးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း၊ အလောင်းဖျောက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့ သိရပါတယ်။ အဆိုပါ ကလေး သေဆုံးမှုအတွက် တရားခံ မင်းမင်းစိုးကို သေမိန့်ပေးဖို့ ဆောမြို့ ဒေသခံတွေက မနေ့က အောက်တိုဘာ ၂၆ရက်မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါသေးတယ်။

“မုဒိမ်းကျင့်၊ လူသတ်၊ အလောင်းဖျောက်တဲ့အတွက်ရော မုဒိန်းမှုကို ထပ်ခါထပ်ခါ ကျူးလွန်သူဖြစ်တဲ့အတွက် ပြည်သူတွေက အခုလိုတောင်းဆိုကြတာပါ” လို့ ယောအလင်းတန်း တာဝန်ရှိသူက ဆက်ပြောပါတယ်။
တရားခံ မင်းမင်းစိုးဟာ အရင်ကလည်း အလားတူ ဖြစ်ရပ်မျိုး ကျူးလွန်ထားဖူးကြောင်း၊ သူ့ကို ဖမ်းဆီးထားချိန်မှာ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာသူဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

မိန်းကလေး၏ ရုပ်အလောင်းရှာတွေ့ခဲ့စဥ်
0 Shares:
You May Also Like
Read More

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ရွှေ့ပြောင်းများကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဖို့ အိန္ဒိယအစိုးရညွှန်ကြား

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း အိန္ဒိယသတင်းတွေက မေလ ၁၉ ရက်မှာ ဖော်ပြထားကြပါတယ်။
Read More

ဖြူးမြို့နယ်က စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနဲ့ ရွာမဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

လက်ပံတန်းမှာ ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို လမ်းပေါ် ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သန်းဦးဆိုသူကို ပစ်ခတ်ရှင်းရာ လက်ပစ်ဗုံး ၂လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေဘေးဒဏ်ခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို တကသများ-ရန်ကုန်က စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လှူဒါန်း

၂ နှစ်ကြာ စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာ မုန်တိုင်းရဲ နောက်ဆက်တွဲ ရေကြီးရေလျှံမှုကိုပါ တစ်ပါတည်းခံစားနေရပြီး ကျန်းမာရေးကုသဖို့ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတွေမှာ ရှိနေတာကြောင့် လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးအချို့ကို ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်ခရိုင် PDF အမှတ် ၄ တပ်ရင်း အပတ်စဥ် (၈) နှင့် (၉) အခြေခံစစ်သင်တန်းဆင်း အခမ်းအနား ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ကွပ်ကဲတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) နဲ့ အပတ်စဥ် (၉) သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ရေးအခြေအနေအရ လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာစာပေလောကမှ ထင်ရှားသူ ဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန် 

မြန်မာ့စာပေလောကမှာ ထင်ရှားကျော်ကြားသူ အငြိမ်းစား မြန်မာစာပါမောက္ခ မောင်ခင်မင် (ဓနုဖြူ) ဟာ ဇန်နဝါရီ ၂၇ ရက် မနေ့ည ၁၂နာရီ ၃၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။