အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ပြည်သူတွေအနေနဲ့ လူစုလူဝေး ဖြစ်စေနိုင်တဲ့ ပွဲလမ်းသဘင်တွေ လတ်တလောမှာ ကျင်းပခြင်း မပြုလုပ်ကြဖို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့နယ်အတွင်း CDF-Kanpetlet စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်းရဲ့ မင်္ဂလာဆောင်ပွဲ ကျင်းပရာ မြို့မ (၂) ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် အောက်တိုဘာ ၂၅ ရက် ည ၈နာရီ ၂၀ မိနစ်မှာလည်း စစ်တပ်က ကန်ပက်လက်မြို့နယ်ကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၃ယောက် သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိကာ ပြည်သူနေအိမ် ၅လုံး၊ အဆောက်အဦး ၃လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်တပ်က ပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့တွေကို ခွဲခြားသတ်မှတ်ခြင်းမရှိဘဲ ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးစွန်ထိ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်အောင် ကတုတ်ကျင်းတွေ လုပ်ဆောင်ကြဖို့နဲ့ လူစုလူဝေး ဖြစ်စေမယ့် ဘယ်လိုပွဲမျိုးကိုမဆို လတ်တလော ရှောင်ရှားကြဖို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းတပ်မြို့နေ ပြည်သူများ စစ်ကောင်စီတပ်ကျန်ခဲ့သည့် လက်နက်ခဲယမ်းများ ရရှိထားလျှင် ပြန်အပ်နှံဖို့ CDF – Mindat ထုတ်ပြန်

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ကျန်နေခဲ့တဲ့ လက်နက်ခဲယမ်းတွေ လက်ဝယ်ရရှိထားရင် လာမယ့် မတ်လ ၁၅ ရက် နောက်ဆုံးထား ပြန်လည်အပ်နှံဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် (Chin Defence Force – Mindat) က မနေ့ကဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ပြီးခဲ့တဲ့လမှာ စစ်မှုထမ်းဖို့ စုဆောင်းခံရသူ (၃၁) ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ ထုတ်ပြန်

မတရားစစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေထဲက တပ်သားသစ် (၃၁) ယောက်ကို ဇန်နဝါရီလထဲမှာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က (People's Embrace) က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ဖားကန့်၊ ထုံးဘိုကျေးရွာကို စစ်ကော်မရှင် ဒရုန်းဗုံးသီးဖြင့် တိုက်ခိုက်၊ ပြည်သူ ၂ ​ဦးသေပြီး ၁ ဦးဒဏ်ရာရ…

“၃ ဦးမှာ ၂ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ ပလုံကောက်ရောင်းနေရတဲ့ အခြေခံလူတန်းစားတွေပါ၊ ဘာထိတွေ့မှုမှမရှိပဲ ဒီအတိုင်းရမ်းသမ်းပစ်တာပါ၊ ဒဏ်ရာရတဲ့သူကတော့ အနည်းငယ် စိုးရိမ်ရပါတယ်”လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရဲထွက် အုပ်ကြီးနှင့် လူမိုက်အဖွဲ့ရှိသည့် မြောက်ဥက္ကလာ ၂၂ ရပ်ကွက်ရုံးကို ဖောက်ခွဲတိုက်ခိုက် 

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂၂) ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးအဖွဲ့တွေက မိုင်း၊ လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ထံက သိရပါတယ်။ 
Read More

မော်ဒန်ပန့် တပ်ဖွဲ့ခေါင်းဆောင်ကို ထားဝယ်ခရိုင် PDF အမှတ် (၁) တပ်ရင်း ဖမ်းဆီးထားဟု ဆို

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ခေါင်းဆောင်ကို ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက ညှိနှိုင်းဆွေးနွေးစရာရှိလို့ ဆိုပြီး ခေါ်ယူရာက သွားရောက်ချိန် အောက်တိုဘာလ ၇ ရက်မှာ ဖမ်းဆီးထားလိုက်တယ်လို့ Modern Punk တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ကျိုက်ထိုနဲ့ ဘီးလင်းမှာ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ကျေးရွာတွေကို တိုက်ခိုက်

ကျိုက်ထိုနဲ့ ဘီးလင်းမှာ  စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။