ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK park နေရာကို စစ်တပ်ကနေ ဝင်စီးပြီးနောက်ပိုင်းမှာ မြဝတီကနေ ကုန်ပစ္စည်းသယ်ယူစားရိတ်တွေဟာ ၅ ဆ အထိ မြင့်တက်လာနေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေထံက သိရပါတယ်။

ကုန်ပစ္စည်း သယ်ယူစားရိတ်ဟာ စစ်တပ်ကနေ KK park ကို ဝင်ဖမ်းမှု မတိုင်ခင် ၃/၄ ရက်လောက်အလိုကတည်းက တဖြေးဖြေး မြင့်တက်နေခဲ့ပေမယ့် KK Park ကို ဝင်ရောက်ဖမ်းဆီးပြီး နောက်ပိုင်းမှာတော့ ၅ ဆ အထိ မြင့်တက်လာတာဖြစ်တယ်လို့ ကုန်တင်ယာဉ်မောင်းတွေက ဆိုပါတယ်။

“ဒီ KK park မတိုင်ခင် ၃/၄ ရက်လောက်ကတည်းက ဝင်ဖမ်းမယ်ဆိုတာ သတင်းတွေ ကြိုရထားကြတော့ အောက်ဂိတ်တွေကနေ ပစ္စည်းတွေ ပေးမသယ်ဘူး။ အဲ့ကတည်းက တောက်လျှောက်စစ်နေတာ။ ကျနေတို့တောင် အချိန်နဲ့ သယ်ရတာ။ မနက်အစောကြီးတို့ ညဆိုလည်း မိုးချုပ်မှပေါ့နော်။ ရန်ကုန်ထိ အိမ်အရောက်တွေဆိုရင် အရင်က ပစ္စည်းတခု ၁ သောင်းပဲ ထားပါတော့ အခုအဲ့ပစ္စည်းကို ၅ သောင်း ပေးသယ်နေရတယ်” လို့ ကုန်တင်ယာဉ်မောင်းတယောက်က ပြောပါတယ်။

အခုလို ဈေးတက်သွားရတာကလည်း KK Park ကို ဝင်ရောက်ဖမ်းဆီးပြီး နောက်ပိုင်းမှာ ပစ္စည်းသယ်ယူရာ လမ်းတလျှောက်လုံးမှာ အစစ်အဆေးတွေ ပိုမိုတင်းကြပ်လာတာပြီး လမ်းကြေးတွေလည်း ပိုမိုပေးဆောင်ရတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

အထက်ပါ ကုန်တင်ယာဉ်မောင်းကပဲ ဆက်လက်ပြီး “ဈေးတွေတက်တာက ဒီကိစ္စတွေဖြစ်ပြီးတော့ လမ်းမှာ တော်တော်ကို ကြပ်တယ်။ ကျနော်တို့ကကျတော့ သယ်လာတဲ့ ပစ္စည်းလွတ်ဖို့ အရေးကြီးတော့ လမ်းကြေးတွေက ပိုပေးရတယ်။ လမ်းမှာ ညှိညှိပြီး သွားနေရာတော့ ပိုကုန်တယ်ဗျ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်တပ်ကနေ ရွှေကုက္ကိုလ်မြို့က ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK park နေရာကို ဝင်စီးပြီးတဲ့နောက် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူတွေဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ထွက်ပြေးလာသူတွေလည်း ရှိသလို မြဝတီမြို့ထဲကိုလည်း အလုံးအရင်း ဝင်ရောက်လာတာကြောင့် ဟိုတယ်အခန်းတွေ လူပြည့်သွားတယ်လို့ နယ်ခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ KK park ကနေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ထဲကို နယ်စပ်ကျော်ထွက်ပြေးလာတဲ့ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူဦးရေမှာ ၁ ထောင်ကျော် ရှိနေပြီ ဖြစ်ပြီး သောင်ရင်းမြစ်ကို ဖြတ်ကူးလာသူတွေထဲမှာ ရေနစ်သေဆုံးသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရှောင်ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး ကလေးငယ်များအပါ ၂၂ ဦးထက်မနည်း သေဆုံး၊ ၃၀ ဝန်းကျင် ဒဏ်ရာရ “တိုက်ပွဲဖြစ်နေတဲ့ကာလမှာ အဲဒီဘုန်းကြီးကျောင်းတွေမှာ ဒေသခံပြည်သူလူထုတွေက စစ်ရှောင်ကြပါတယ်။ စစ်ရှောင်တဲ့ ဘုန်းကြီးကျောင်းပေါ်ကို ရည်ရွယ်ချက်ရှိရှိကြဲသွားတာပါ”

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာမှာ စစ်ဘေးရှောင်တွေ နေထိုင်ရာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) ထံက သိရပါတယ်။
Read More

ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လာနိုင်သည်ဟု ပြည်သူအပေါ် ဆင်းရဲဒုက္ခမျိုးစုံ ပေးနေသည့် စစ်ကောင်စီ ဖိတ်ခေါ်

အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာ ဒေသတွေနဲ့ ပြည်ပကို ရောက်ရှိနေတဲ့ နိုင်ငံသားတွေ ပြန်လာနိုင်တယ်လို့ ဒီနေ့ မတ်လ ၂၁ရက်မှာ ဖိတ်ခေါ်လိုက်ပါတယ်။
Read More

ထီးစဲခါး ရေတံခွန်ကျောင်းတိုက်ဆရာတော်ယာဉ်ကို စစ်တပ်က ပစ်ခတ်လို့ဆရာတော် ပျံလွန်တော်မူ

ပအိုဝ်းဒေသ၊ ထီးစဲခါးရေတံခွန် ကျောင်းတိုက် ဆရာတော်၏ယာဉ်ကို စစ်တပ်ကပစ်ခတ်ရာ ထီးစဲခါး ရေတံခွန် ကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူပြီး ကျန်သံဃာ ၂ပါးဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)က သတင်းထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမြို့နယ် ပြည်သူ့အခြေပြုစာသင်ကျောင်းများမှာ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ဒေသခံပညာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းတွေမှာ ကလေးငယ်တွေ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ဒေသခံပညာရေးဝန်ထမ်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လှည်းကူးရှိ ခမရ ၂၁၁ ကို လမ်းကြုံ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့၊ လှည့်ကူးမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၂၁၁ ဂိတ်ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီကို ILO အဖွဲ့ဝင်နိုင်ငံများမှ အမြန်ဆုံးအရေးယူပေးဖို့ တော်လှန်ညီနောင် ၄ ဖွဲ့ တောင်းဆို

အာဏာသိမ်း စစ်ကောင်စီကို  ILO အဖွဲ့ဝင်နိုင်ငံတွေ အရေးယူပေးဖို့ ရန်ကုန်မြို့အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။