မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ထုတ်နုတ်အင်အား ၂၀၀ ကျော်ကို ဆိပ်ဖြူ-စလင်းလမ်းပိုင်းအတွင်း ဖြတ်တောက်တိုက်ခိုက်ရာမှာ စစ်ကား ၂စီး ပျက်စီးပြီး အကြမ်းဖက်စစ်သား ၇ယောက်နဲ့အထက် သေဆုံးခဲ့တယ်လို့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ပခုက္ကူခရိုင် အမှတ်(၁၉) တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အောက်တိုဘာလ ၂၅ရက် မနေ့မနက်ပိုင်းက ဆိပ်ဖြူမြို့ပေါ် ဘောလုံးကွင်းကနေထွက်လာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို ဆိပ်ဖြူ-တညောင်-စလင်းလမ်းပိုင်းပေါ် ဂွေးပင်ချောင်းရွာနားအရောက်မှာ တော်လှန်ရေးတပ်တွေက စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအကြမ်းဖက်စစ်ကြောင်းမှာ ကပစ ၂၁၊ ကပစ ၂၂၊  လကတ (၂၀၃၆) ၊ လစခ(၉)၊ ခလရ(၁၃)နဲ့ တမခ(၈၈) စတဲ့ တပ်ရင်းတွေက ထုတ်နုတ်အင်အားတွေပါဝင်လာပြီး ကား ၁၅စီးနဲ့ ထွက်ခွာလာတာဖြစ်ပါတယ်။

လမ်းပိုင်းစစ်ဆေးရေး လုပ်ဆောင်နေသည့် PDF များ
လမ်းပိုင်းစစ်ဆေးရေး လုပ်ဆောင်နေသည့် PDF များ
လမ်းပိုင်းစစ်ဆေးရေး လုပ်ဆောင်နေသည့် PDF များ

မိုင်းဆွဲတိုက်ခိုက်ခံရမှုအပြီး အကြမ်းဖက်စစ်ကြောင်းက ထိုးစစ်အရှိန်မြှင့်ခဲ့တာကြောင့် ချင်တောင်‌ ကျေးရွာ အနားမှာ တော်လှန်ရေးတပ်တွေနဲ့ ၁၅မိနစ်ကြာ ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ထိတွေ့မှုနေရာနဲ့ ၂ မိုင်ခွဲအကွာ တညောင်တိုက်နယ်လျှပ်စစ်ခွဲရုံအတွင်းရှိနေတဲ့ စစ်အုပ်စုက လက်နက်ကြီးတွေပစ်ကူပေးခဲ့သလို ဆိပ်ဖြူ-စလင်း ကားလမ်း ထိုးစစ်အရှိန်မြှင့်လာတာကြောင့် တော်လှန်ရေးတပ်တွေလည်း အထိအခိုက်မခံဘဲ ပြန်ဆုတ်ပေးထားကြောင်း ပြောပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား (၇)ယောက်နဲ့အထက် သေဆုံးခဲ့ပြီး  (၁၀) ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

လမ်းပိုင်းစစ်ဆေးရေး လုပ်ဆောင်နေသည့် PDF များ
လမ်းပိုင်းစစ်ဆေးရေး လုပ်ဆောင်နေသည့် PDF များ

“ဆိပ်ဖြူနဲ့ စလင်းကြားထဲက နယ်မြေတွေကို ကျနော်တို့က စိုးမိုးမှုလုပ်ထားတယ်။ ဒီတော့ သူတို့ဘက်က ထိုးစစ်ဆင်လာတယ်။ ပြန်စိုးမိုးချင်လို့ ယူဆရပါတယ်။ ဆိပ်ဖြူမှာ ထိုးစစ်ဆင်ပြီဆို ပူးပေါင်းတပ်တွေ များတယ်။ အခုဆို မကွေး တမခ ၈၈ က ထုတ်နုတ်အင်အားတွေပါပါလာတာ ထူးခြားပါတယ်။ ဖြစ်စဥ်က ၂ခု၊ ပထမအကြိမ်က မိုင်းဆွဲတယ်။ နောက်တစ်ခါကျ ထိတွေ့မှုပေါ့။ အချိန်အားဖြင့် ၁၀နာရီလောက်ကနေ ၁နာရီလောက်အထိ အချိန်အတွင်းဖြစ်ခဲ့တာပါ။”လို့ ပခုက္ကူခရိုင် အမှတ် (၁၉) တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဆိုပါအကြမ်းဖက်ထိုးစစ်ကို ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ အမှတ် (၁၉) တပ်ရင်းနဲ့ Yenanthar column (မကွေးတိုင်းပကဖရွေ့လျားစစ်ကြောင်း) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခတ်ခံရမှုမှာ အရာရှိ၂ယောက်အပါ ၆ ယောက် သေပြီး စစ်ကောင်စီက သတင်းဖုံးဖို့ ကြိုးစားနေ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေပစ်ခတ်တိုက်ခိုက်ရာ K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲပြီး နည်းပညာရှင်အရာရှိ၂ယောက်နဲ့ အခြားအဆင့်ရှိသူ ၄ ယောက်၊ စုစုပေါင်း ၆ ယောက် သေတယ်လို့ Civilian Military SRDF စစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ငါန်းဇွန်တွင် အကြမ်းဖက်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်အုပ်စု ဝရုန်းသုန်းကား ထွက်ပြေး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို လိုက်လံတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရပြီး ဝရုန်းသုန်းကား ဆုတ်ပြေးသွားကြောင်း TGYR Youth Guerrilla Counter Revolution-NZ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်တံခါး၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ဦး PDF ထံ လက်နက်နှင့် အလင်းဝင်

ရန်ကုန်တိုင်းအတွင်း တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျ​နေတဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ယောက်ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာကြောင်း ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘိုကလေးမြို့နယ်အတွင်း ခိုးဆိုးလုနှိုက်တွေနဲ့ ထောင်ထွက်တွေကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းနဲ့ လက်နက်ငယ်သင်တန်း ပို့ချနေ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ထဲက ခိုးဆိုးလုနှိုက် လုပ်နေသူတွေနဲ့ ရာဇဝတ်မှုတွေကြောင့် ထောင်ကျထားပြီး ထောင်ကပြန်လွှတ်ပေးလိုက်တဲ့သူတွေကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းနဲ့ လက်နက်ငယ် ပစ်ခတ်မှုသင်တန်းတွေ ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ် (၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ်(၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု သင်တန်းဆင်းပွဲအခမ်းအနားပုံရိပ်တွေကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရွာကထိန်ပွဲ ပြုလုပ်နေချိန် အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၅ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယောအိုင်းမကျေးရွာမှာ ကထိန်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံ ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။