စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာက ဒေသခံ အယောက် ၂၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထားပြီး နွားကျောင်းသားတစ်ယောက်ကိုလည်း မီးရှို့သတ်သွားတယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၂၅ ရက် မနေ့က မနက် ၅ နာရီလောက်မှာ စစ်ကော်မရှင်တပ်သား အင်အား ၁၀၀ ဝန်းကျင်ခန့်ဟာ ခင်မွန်ရွာထဲ ဝင်ရောက်လာချိန် ရထားသံလမ်းနားမှာရှိတဲ့ တောတဲတစ်လုံးကို မီးရှို့ဖျက်ဆီးပြီး ရွာထဲက ရွာသားတချို့နဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ခင်မွန်ကျေးရွာနားမှာရှိတဲ့ တခြားရွာတွေဘက်ကိုလည်း ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ပြောပါတယ်။

“မနက်စောစောစီးစီးဆိုတော့ ရွာသားတွေလည်း မရှောင်ကြဘူး။ ခါတိုင်းလည်း သူတို့ ဂန်းဖောက်ပြီး ဝင်တယ်။ ပြီးရင် ပြန်ထွက်သွားတယ်။ အဲ့လိုဖြစ်နေကျဆိုတော့ ကျေးရွာညတွေကလည်း မရှောင်ကြဘူးလေ။ အဲ့လိုပုံစံမျိုး ဖြစ်သွားတာ” လို့ ချောင်းဦးနယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်သားတချို့ဟာ ဓားစာခံတွေနဲ့အတူ ဘောလုံးကွင်းထဲမှာရှိနေပြီး တချို့ကလည်း ကား ၃ စီးနဲ့ ချောင်းဦးမြို့ထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

ခင်မွန်ရွာရှိ နေအိမ်များကို စစ်အုပ်စု မီးရှို့ဖျက်ဆီးထားခံရပုံ



စစ်အုပ်စုဟာ ကျေးရွာကနေ ပြန်လည်ထွက်ခွာချိန်မှာ ရွာအနောက်ဘက်မှာရှိတဲ့ တံတားအသေးတစ်ခုကို ဖျက်ဆီးသွားသလို အသက် ၃၀ ကျော်အရွယ် စိတ်ကျန်းမာရေးသိပ်မကောင်းတဲ့ နွားကျောင်းသားတစ်ယောက်ကို ပစ်သတ်ကာ ဆိုင်ကယ်တစ်စီးနဲ့အတူ မီးရှို့သွားတယ်လို့ သိရပါတယ်။

“နွားကျောင်းသားတစ်ယောက်က သူတို့နဲ့ ထိပ်တိုက်တွေ့ပြီးတော့ ပစ်သတ်ခံလိုက်ရတယ်။ စိတ်က လုံးလုံးလွတ်နေတဲ့သူ မဟုတ်ဘူး။ သူ့ကို ဆိုင်ကယ်တွေ၊ အမှိုက်တွေနဲ့လုံးပြီး ဆိုင်ကယ်ရော မီးရှို့သွားတယ်။ အသတ်ခံလိုက်ရတဲ့သူက တောပုရွာသား။ သူက တောပုရွာထဲမှာ နေတဲ့သူတော့ မဟုတ်ဘူး။ စစ်ဘေးရှောင်ပြီး အပြင်ထွက်နေထိုင်ပြီး သူ့ယာခင်းထဲမှာနေတဲ့သူတစ်ယောက်ပါ” လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်အုပ်စု အခုလို ခင်မွန်ရွာထဲ အင်အားအလုံးအရင်းနဲ့ လာနေချိန် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် စစ်အုပ်စု ဖမ်းဆီးထားတဲ့ ဓားစာခံတွေ များပြားနေတာကြောင့် နယ်မြေခံတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ခင်မွန်ရွာထဲကို မကြာခဏ ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးလေ့ရှိပြီး လက်ရှိမှာ ခင်မွန်ရွာ ဒေသခံတွေလည်း နီးစပ်ရာ ကျေးရွာတွေနဲ့ တောတွေထဲမှာ တိမ်းရှောင်နေထိုင်နေကြရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်မှာ စစ်အုပ်စုတွေ ရက်ဆက် မိုင်းမိပြီး ၁၅ ယောက် ထက်မနည်း သေ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့စစ်တွေကို မိုင်းခွဲတိုက်ခိုက်ရာ ၁၅ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဆိုးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြို့ပေါင်း ၈၀ ကျော် လက်လွှတ်ထားရသည့် စစ်ခေါင်းဆောင် သူ့စစ်တပ်ကို စစ်ပွဲမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုကြဖို့ မှာကြား

စစ်ကောင်စီရဲ့ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝဖို့ လိုအပ်ပြီး စစ်ပွဲတွေမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုနိုင်ဖို့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်သင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ကသောင်းကနင်းဖြစ်နေတဲ့ စစ်ကောင်စီ ကပစ ထုတ်နုတ်အင်အားတွေကို ရခိုင်ရိုးမ ပို့ပြီး အင်အားဖြည့်တင်းနေ

ရခိုင်ပြည်က တိုက်ပွဲတွေမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရခိုင်ရိုးမကို စစ်ကူတွေ ထပ်မံ စေလွှတ် ပို့ဆောင်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တချို့ထံက သိရပါတယ်။
Read More

မင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက်တွေကို လက်နက်သဖွယ်သုံးပြီး ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ လုပ်ဆောင်ဖွယ်ရှိနေ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာခင်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အပေးအယူသဘောမျိုး လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။
Read More

ဆယ်ဝရွာတွင် စစ်ရှောင်ပြည်သူများ ရွာထဲပြန်ဝင်ပြီး ရက်ပိုင်းအကြာ လေကြောင်းတိုက်ခိုက်ခံရ၊ ၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ပိုင်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ‌ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။
Read More

ရှမ်း-မန်းစစ်ဆင်ရေးအတွင်း အသက်ပေးခဲ့သည့် ယင်းမာပင်ခရိုင် PDF ၃၅ တပ်ရင်းမှ ရဲဘော်နှစ်ဦးရဲ့ ကျဆုံးခြင်းအခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ အခြားတော်လှန်ရေးတပ်တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ က ရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်းအခမ်းအနားပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။